Channel Myanmar

Sarianne Cormier

Universal Language (2024) Une langue universelle 6.9
Universal Language (2024) Une langue universelle  Universal Language (2024)IMDb Rating (6.9) / Rotten Tomatoes (95%) ဒါရိုက်တာ Matthew Rankin ရိုက်ကူးထားတဲ့ အတွေးအခေါ်ပိုင်းရုပ်ရှင်တစ်ခုပါပဲ ။စစချင်းမှာ ကလေးတွေကို ငေါက်ငမ်းနေတဲ့ကျောင်းဆရာ၊ ဆရာက စိတ်တိုနေပါတယ်ဆိုမှ အတန်းနောက်ကျတဲ့အပြင် အကြောက်အလန့်မရှိပဲ အတွေးတွေကိုထုတ်ဖော်ပြတဲ့ ကလေးလေးတစ်ယောက်ကြားအပြန်အလှန်ပြောဆိုပုံနဲ့ စထားပြီး ဒီရုပ်ရှင်မှာ ဘ၀သုံးခုကိုပုံဖော်ပေးသွားတယ် ။လမ်းမှာမြင်တဲ့ကြက်ဆင်ကြီးက သူ့မျက်မှန်ကို ယူသွားလို့ သင်ပုန်းပေါ်ကစာကို မဖတ်နိုင်တော့ပါဘူးဆိုတဲ့ကလေးကို ဆရာက စိတ်ဆိုးပြီး တစ်တန်းလုံးကို မောင်းထုတ်လိုက်တော့ အတန်းဖော်ကောင်မလေးက သူရှာပေးမယ်ပြောတယ် ။ရေခဲပြင်ကြီးအောက်မှာခဲနေတဲ့ ငွေ ၅၀၀ ကိုယူပြီး သူ့သူငယ်ချင်းအတွက် မျက်မှန်အသစ်ပေးလိုက်ရင် ဆရာက ပြန်လက်ခံမယ်ပေါ့ ။ဒါပေမဲ့ ရေခဲနေပါတယ်ဆိုမှ ကလေးမလေးနှစ်ယောက်သား ဘယ်လိုများယူကြမှာလဲ? ပြီးတော့ ပန်းဆိုင်လာပြီး ပန်းဖိုးမရှိတဲ့လူတစ်ဦး ။အလုပ်ထွက်ခဲ့ပြီး မိခင်ကိုလာတွေ့တယ်တဲ့ ။ အမေကိုဆက်ပေမဲ့ မသိတဲ့လူက ဖုန်းကိုင်လာတာ အဲ့လူကရော ဘယ်သူဖြစ်မလဲ ။ပြီးတော့ ...
movie

Universal Language (2024) Une langue universelle

2024
Humanist Vampire Seeking Consenting Suicidal Person (2023) 7.2
Humanist Vampire Seeking Consenting Suicidal Person (2023) Humanist Vampire Seeking Consenting Suicidal Person (2023)~ IMDb - 7.2/10, Rotten Tomatoes - 82% ~"ရိုးရှင်းခြင်း၌ အလှတရားရှိ၏" တဲ့။အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို‌ လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ဒီကားရဲ့ ...
movie

Humanist Vampire Seeking Consenting Suicidal Person (2023)

2023
The Twentieth Century 2019 6.9
The Twentieth Century 2019 ဝေါတာဖီဒင်းနဲ့ သူချစ်သူ ဂန္ဓဝင်ဂီတပညာရှင် အန်နာခရိုလေတို့ဟာ အတော်ချစ်ကြတဲ့ စုံတွဲတွေပါ။ တစ်ရက်မှာတော့ ဝေါတာရဲ့အဖေက သူတို့ရဲ့ ဂီတလုပ်ဖော်ကိုင်ဖက်တွေဆီကနေ ငွေသန်းချီဘက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ရှိသမျှအကြွေးတွေက ဝေါတာ့အပေါ် အကုန်ပုံကျသွားတဲ့ သဘောပါပဲ။ ကံကဆိုးချင်တော့ နောက်နေ့မှာပဲ သူတို့နေတဲ့ အိမ်က အိမ်ရှင်ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ကနေ ဆင်းပေးရမယ် ဖြစ်လာပါတယ်။ အိမ်ရှင်ကလည်း တခြားသူမဟုတ်ပါဘူး။ အန်နာရဲ့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ ဒီလို အခြေအနေဆိုးတွေ ဖြစ်လာတဲ့အခါ ဝေါတာက အိမ်တစ်လုံး အမြန်ရဖို့ စုံစမ်းတာကနေ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာနှစ်သိန်းတည်းနဲ့ အချောင်ရဖို့ အကွက်တွေ့လာပါတယ်။ ဒီအတွက် သူတို့စုံတွဲနှစ်ယောက် အမျိုးမျိုး အဖုံဖုံ လှည့်ပတ်ချေးကြရင်းကနေ အိမ်ကို ဝယ်ဖြစ်သွားပါတော့တယ်။ အဲဒီလိုဝယ်ပြီးကာမှပဲ ဒီအိမ်ကြီးက ငွေမျိုနေတဲ့ကျွင်းကြီး ဖြစ်မှန်းမသိ ဖြစ်လာတာကို ဟာသဆန်ဆန် ရိုက်ကူးပြထားတဲ့ ဒရာမာဇာတ်လမ်းလေးအဖြစ် ကြည့်ရှူရမှာ ဖြစ်ပါတယ်။ File Size   ...
movie

The Twentieth Century 2019