Channel Myanmar

Sarath Sabha

Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 ) 6.1
Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 ) Oru Jaathi Jaathakam (aka) Oru Jaathi Oru Jaathakam (2025 ) (လူပျိုသိုးကြီး၏ ဇနီးရှာပုံတော်)ဂျေရက်ရှ်ဆိုသူဟာ အသက် ၃၇နှစ်ပြည့်သွားပြီဖြစ်ပေမဲ့လည်း ယခုအချိန်ထိ အိမ်ထောင်ဖက်ရှာမတွေ့သေးတဲ့ လူပျိုသိုးကြီးပေါ့။ သူဟာ အိမ်ထောင်မပြုချင်လို့ လူပျိုကြီးဖြစ်နေတာမျိုးမဟုတ်ဘဲ အရွေးလွန်နေပြီး အကြိုက်မတွေ့တဲ့အတွက်နဲ့ လူပျိုကြီးဖြစ်နေရသူပါ။အိမ်ထောင်ဖက်တွေ့ဖို့အတွက် လူရွေးပြီဆိုရင် အရင်ဆုံး ဇာတာစစ်ပါတယ်၊ ဇာတာစစ်ပြီးရင် အဲဒီမိန်းကလေးဘက်က မိသားစုဝင်တွေအထိ မှုခင်းပြစ်မှု ရှိမရှိကို ရဲအရာရှိတွေထံမှာ စစ်ဆေးပါသေးတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး ဒါတွေစစ်ဆေးလို့ပြီးသွားရင်တောင်မှ လိုက်ဖက်မှုရှိမရှိ, ဟိုဟာစစ် ဒီဟာစစ်နဲ့ နည်းမျိုးစုံနဲ့ကို စစ်ဆေးတော့တာပါပဲ။ဒီလိုတွေ ချေးများပြီး ရွေးနေလို့လဲ လူပျိုသိုးကြီးဖြစ်နေရတာပေါ့နော်။အသက် ၃၈နှစ်မရောက်ခင် အိမ်ထောင်ပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျေရက်ရှ်ဟာ သောကြာနေ့ရုံးဆင်းချိန်ဆို ဇာတိမြေကိုပြန် စနေ၊တနင်္ဂနွေဆိုရင် အိမ်ထောင်ဖက်ရှာ၊ တနင်္လာနေ့ရောက်ရင် ရုံးပြန်တက်။ဒီလိုနည်းလမ်းကို သုံးပြီးအပူတပြင်းကို လိုက်ရှာလို့နေပါတော့တယ်။ဂျေရက်ရှ်တစ်ယောက် အသက်၃၈နှစ်မတိုင်ခင် သူလိုချင်တဲ့ အိမ်ထောင်ဖက်ကောင်းနဲ့ ရှာတွေ့သွားမလား .......အိမ်ထောင်ဖက်ရှာရင်း ဘယ်လို အခွီဇာတ်လမ်းတွေ ဖြစ်လာမလဲ ....ဆိုတာကို ကြည့်ရှုရမဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 )

Kadakan (2024) 5.8
Kadakan (2024) Kadakan 2024 ကံစေ‌ရာ Imdb 6.5/10ပိုက်ဆံ _ လောကမှာမျက်နှာအကြီးဆုံး အရေးအကြီးဆုံးပေါ့ တရားသဖြင့်ရှာတဲ့ပိုက်ဆံက ကြာရှည်တတ်လို့ မတရားသဖြင့် ဖြတ်လမ်းကလိုက်ဖို့ကြံကြတဲ့လူငယ်တွေ တခြားတော့မဟုတ် သဲတွေကို ခိုးထုတ်ပြီးရောင်းရတာပါနေ့ဘက်ဆို အဖမ်းအဆီးကြမ်းလို့ အရုဏ်တက်မရောက်ခင် ညဦးတည်းက ရဲတွေမမြင်အောင် သက်စွန့်ဆံဖျား တောအုပ်ကြားက ဆိုင်ကယ်နောက် သဲအိတ်ကြီးတွေနဲ့ ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာကြရတယ်ဒီလိုခိုးလုပ်ရတဲ့အလုပ်ကို ဆိုင်ကယ်ကဟောင်းနေတော့ ပျက်တဲ့အချိန်ပျက် တွန်းရတဲ့အချိန်တွန်းရပေါ့ဗျာ ဆိုင်ကယ်သစ်လေးဝယ်ချင်တာက ဒီကလေးရဲ့အိပ်မက် သူ့နည်းတူတခြားလူတွေက ဆိုင်ကယ်အကောင်းစားနဲ့ဆိုတော့ ပစ္စည်းတွေများများနဲ့ မြန်မြန်ငွေပိုရှာနိုင်တော့ မဝယ်နိုင်သေးတဲ့သူ့အနေနဲ့က ‌အားကျရုံမှတစ်ပါး မတတ်နိုင်ခဲ့ဘူးပေါ့ဒါပေမဲ့ လူ့ဘဝရဲ့ကံကြမ္မာအလှည့်အပြောင်းမှာ သူတို့ဘဝတွေထဲ ဘယ်လိုအန္တရာယ်တွေဝင်လာမလဲ သူတို့ကရော ဘယ်လိုတွေခုခံရင်ဆိုင်သွားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kadakan (2024)

Kondal (2024) 5.6
Kondal (2024) Kondal 2024 ပင်လယ်ပြင်ခရီးကြမ်းအက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့် အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့ မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊ မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 3 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Kondal (2024)

Vishesham (2024) 8.5
Vishesham (2024) Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီးIMDb - 8.6/10လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးက ကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့ အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီး တစ်ကိုယ်တည်းပဲနေတော့တာပေါ့။ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင် တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့ လက်ခံလိုက်ပါတော့တယ်။နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့ အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့ လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…1.9GB / 939MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vishesham (2024)

Manjummel Boys (2024) 8.6
Manjummel Boys (2024) Manjummel Boys(2024) ( အသွားမတော်ကြသူများ)ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင် ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့  survival thriller ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက် တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေ ကြုံတတ်ကြတာကို သိကြမှာပါ။ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီး အဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။ လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူ ကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။ လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD ...
movie

Manjummel Boys (2024)

2024
Kannur Squad (2023) 8.1
Kannur Squad (2023) Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie

Kannur Squad (2023)

2023
Corona Dhavan (2023) 7.0
Corona Dhavan (2023) Corona Dhavan (2023) ယမကာလုလင်လေးများIMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ‌အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့ သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲ အရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု။ မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ ... "အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး" ဆိုတဲ့ခံယူချက်နဲ့ ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့ ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့..... ဆက်လက်ကြည့်ရှုပေးကြပါဦး...အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!) File size…1.8GB ...
movie

Corona Dhavan (2023)

2023
Iratta(2023) 7.8
Iratta(2023) Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယ‌တောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB  / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie

Iratta(2023)

2023