Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Saranya Pradeep
5.2
KA (2024)
KA (2024)"စည်း" =============ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ တေလေဂူးစကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဝတ်ချ်မန်းထဲက ရောရှက်လိုဒီဇိုင်းနဲ့လူတစ်ယောက်က ဗာဆူဒေ့ဗ်လို့ခေါ်တဲ့ စာပို့သမားကိုဖမ်းထားပြီး ထူးဆန်းတဲ့မေးခွန်းတွေမေးနေပါတယ်။ဗာဆူဒေ့ဗ်ဟာ အတိတ်မေ့နေတာဖြစ်ပြီး ဘာကိုမှလည်း မမှတ်မိသလို သူဘယ်ရောက်နေလဲဆိုတာလည်းမသိပါဘူး။ဒါပေမဲ့ ရောရှက်ဒီဇိုင်းနဲ့လူက အိပ်ငွေ့ချလို့ရတဲ့နာရီတစ်လုံးနဲ့ ဗာဆူဒေ့ဗ်ကို အိပ်ငွေ့ချပြီး မေးခွန်းတွေမေးတဲ့အခါမှာတော့ ဗာဆူဒေ့ဗ်တစ်ယာက် ဘယ်လိုအဖမ်းခံထားရတယ်၊သူ ဘာတွေကြုံတွေ့ခဲ့ရတယ်၊ ပြီးတော့ သူ့ကိုဖမ်းထားသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဒီရုပ်ရှင်ထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.7 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 31min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
KA (2024)
6.5
Swag (2024)
Swag (2024) "အမွေလုပွဲ"ကျား၊မ တန်းတူညီမျှရေးဆိုတာကို သရော်ထားတဲ့ တလေဂူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။အမျိုးသမီးတွေပဲကြီးစိုးနေတဲ့ ခေတ်ကာလတစ်ခု။ အဲဒါကိုဖောက်ဖျက်ပစ်ခဲ့တဲ့ ယောကျ်ားတစ်ယောက်။ မျိုးရိုးစဉ်ဆက် သားတွေကိုပဲ အမွေဆက်ခံဖို့စည်းမျဉ်းချထားခဲ့တဲ့ ဆွက်ဂါနီကာမျိုးဆက်။ ကာလရှည်လျားလာတာနဲ့အမျှ ဒီမျိုးဆက်က ယောကျ်ားလေးအမွေခံကိုရှာဖို့အတွက်တာဝန်က အိမ်တော်ထိန်းသားမိနှစ်ယောက်ပဲကျန်ရစ်ခဲ့ပါတယ်။အိမ်တော်ထိန်းသားဖြစ်သူက အမွေတွေအပေါ်လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံပေမဲ့ မိခင်ဖြစ်သူကို မလွန်ဆန်နိုင်တာကြောင့် အမွေခံယောကျ်ားလေးကိုရှာမတွေ့စေဖို့ကြိုးစားပေမဲ့ လူ့ချဉ်ဖတ် စုံစမ်းရေးမှူးကြီး ဘာဗာဘူသီက အမွေခံဆိုပြီး ရောက်ချလာတဲ့အခါမှာတော့...။ တကယ့်အမွေခံကို ရှာတွေ့မှာလား...။ အိမ်တော်ထိန်းသားဖြစ်သူ ဒါမှမဟုတ် ဘာဗာဘူသီကပဲ အမွေတွေကိုအပိုင်သိမ်းလိုက်မှာလားဆိုတာ ကြည့်ရှု။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Swag (2024)
6.8
Ambajipeta Marriage Band (2024)
Ambajipeta Marriage Band (2024) "အမ်ဘာဂျီပါတာ ရွာကလေး"IMDb 6.8 ရထားတဲ့ တေလဂူးစကားပြော ကျေးလက်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်...ရယ်ရရုံသက်သက်မဟုတ်ပဲ လူ့အဖွဲ့အစည်းအကြောင်းကို ဗဟိုပြုပြီး ဇာတ်လမ်းဆင်ထားတာမို့ ဇာတ်ကွက်ကိုပါ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းကို ၂၀၀၀ ကာလက အမ်ဘာဂျီပါတာ ဆိုတဲ့ ရွာကလေးကို နောက်ခံထားပြီး အဓိက ဇာတ်ကောင်တွေကတော့ မာလီနဲ့ ပက်ဒါတို့ အမွှာမောင်နှမ ၂ ယောက်ပါ သူတို့အဖေက ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်ပြီး မာလီက မင်္ဂလာဆောင်တွေရဲ့ တီးဝိုင်းမှာလိုက်တီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်...ပက်ဒါကတော့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ... သူတို့ရွာမှာ အားလုံးကြောက်ရတဲ့ သူဌေးဖြစ်တဲ့ ဗန်ကတ် ဆိုသူလည်း ရှိပါတယ် သမီး အချိန်ပြည့်အလုပ်ရဖို့ ဖခင်က ဗန်ကတ်ကို အပူကပ်ခဲ့ရာကနေ ဗန်ကတ်နဲ့ ပက်ဒါတို့ နှစ်ယောက်ကို တစ်ရွာလုံးက အတင်းအဖျင်းတွေ ပြောလာတဲ့အခါမှာ ...အတားအဆီးတွေနဲ့ လူ့ဘဝဇာတ်ခုံ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားပုံ၊ လူ့အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်ရပုံတွေအပြင်.... ဟာသဇာတ်လမ်းတစ်ခုကနေ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်လေးကို ...
movie
Ambajipeta Marriage Band (2024)
2024
8.3
Bhamakalapam 2 (2024)
BhamaKalapam 2 (or) ပါလေရာငပိချက် IMDb - 8.2/10ဒီတစ်ခေါက်မှာတော့ ၂၀၂၂ကထွက်ရှိထားတဲ့ comedy Crime ဇာတ်လမ်း BhamaKalapamရဲ့အဆက် BhamaKalapam 2ကို တင်ဆက်ပေးချင်ပါတယ် အာနူပါးမားလို့ခေါ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဟင်းချက်စကေးကြောင့်နဲ့ ယူကျုမှာ နာမည်ကြီးနေပါတယ်။သူ့ရဲ့ မဆိုင်တဲ့ကိစ္စကို ဝင်ပါတတ်တဲ့အကျင့်ကြောင့်လည်း သူ့မှာစိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ဖူးပါတယ်။ ဒီလိုနဲ့ အိမ်အလုပ်လုပ်လိုက် ယူကျုချန်နယ်လေးမှာတင်လိုက်နဲ့ တစ်ရက်တစ်ရက် ပျင်းနေတာနဲ့ သူ့ခင်ပွန်းဆီကနေ ခွင့်တောင်းပြီးတော့ ဟိုတယ်လေးတစ်ခုကိုဖွင့်လှစ်လိုက်ပါတော့တယ်။ပြီးတော့ ဟင်းချက်ကျွမ်းကျင်သူဖြစ်တဲ့အလျောက်ကို ကမ္ဘာ့နာမည်ကြီးဟင်းချက်ပြိုင်ပွဲတစ်ခုမှာ လျှောက်လွှာလိုက်ရင်း ပါဝင်ခွင့်ရသွားခဲ့ပါတယ်။ အာနူပါးမားဟာ ဟိုတယ်ကို သူ့ရဲ့အိမ်ဖော်ကောင်မလေး ရှီလ်ပါနဲ့အတူဖွင့်ရင်း တစ်ရက် သူတို့ဆိုင်မှာ လူဆိုးတစ်ယောက်က ခဏခဏလာတာကို သတင်းရသွားပြီးတဲ့နောက်မှာ ရဲတွေက လာရောက်ဖမ်းဆီးရင်း လူဆိုးက ထွက်ပြေးကာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မတော်တဆဖြစ်ကာ အာနူပါးမားဟာ ကားမောင်းသင်ရင်းလူဆိုးကို တိုက်မိသွားရာကနေ အဲဒီလူဆိုးက အာနူပါးမားကို လာရောက်ခြိမ်းခြောက်ပါတော့တယ်။တစ်ရက် သူတို့တွေ ဟိုတယ်က စားသောက်ဆိုင်လေးကိုဖွင့်ဖို့ပြင်တုန်း အအေးခန်းထဲမှာ အလောင်းတစ်လောင်းကို တွေ့ရှိရင်း တိုင်ပတ်ကြပါတော့တယ်။အဲဒီအလောင်းက ဘယ်ကနေ ရောက်လာတာလဲ ......... သူများကိစ္စဆိုရင် ဝင်ပါတတ်တဲ့ အာနူပါးမားတစ်ယောက် ဒီအမှုကြီးနဲ့ ...
movie
Bhamakalapam 2 (2024)
2024
7.4
Martin Luther King (2023)
Martin Luther King(2023)"ချုံကြားမှ ဘုံဖျားသို့" IMDb-7.3/10ကျေးရွာဥက္ကဋ္ဌဖြစ်ဖို့အရေး ရွာရဲ့ တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားတို့ အပြိုင်မဲဆွယ်ကြပုံကို ဟာသနှောရိုက်ကူးထားတဲ့ တလဂူးလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မာတင်လူသာကင်းဆိုတာ 1968ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာတယောက်ဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ပေါ့။ သူ့ကို လူ့အခွင့်အရေးသင်္ကေတအဖြစ် အခုခေတ်ထိ ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။ တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကို မာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူ အခုခေတ်လိုဆို ဥက္ကဋ္ဌပေါ့၊အဲဒီဥက္ကဋ္ဌက တောင်ပိုင်းသူတစ်ယောက်နဲ့ မြောက်ပိုင်းသူတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ပြီး ကျေးရွာကိုပေါင်းစည်းစေနိုင်ခဲ့တဲ့သူ။ ရွေးကောက်ပွဲပြန်လည်နီးကပ်လာတဲ့အချိန်မှာတော့ ဥက္ကဋ္ဌကြီး နာမကျန်းဖြစ်ရာကနေ နိုင်ငံရေးကတစ်ဆင့်ရမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး မယားတစ်ယောက်ဆီက သားတော်မောင်နှစ်ကောင် ဥက္ကဋ္ဌနေရာကို ဝင်ပြိုင်ကြပါတော့တယ်။ သူ့ထက်ငါ မဲအသာစီးရရေးအတွက် အမျိုးမျိုးအဖုံဖုံ စည်းရုံးရေးဆင်းကြရင်း နှစ်ဖက်လုံး မဲအရေအတွက်တူညီနေချိန်မှာတော့...။ တစ်ရွာလုံးရဲ့ခိုင်းဖက် ရွာရဲ့အနှိမ်ခံ ဖိနပ်ချုပ်သမားလေး မာတင်လူသာကင်းရဲ့ အသဲကြားကမဲတစ်ပြားဟာ အရေးပါလာပါတော့တယ်။ အဲဒီကနေစလို့ မာတင်လူသာကင်းတစ်ယောက် ဘယ်လိုဒုက္ခသုခတွေရင်ဆိုင်ရမလဲဆိုတာ...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie
Martin Luther King (2023)
2023
6.2
Kushi (2023)
Kushi(2023)ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့ အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက် အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီး အကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက် မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာ သူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့ သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကို ဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့ အညွှန်းကိုတော့ Aditi မှ ရေးသားပြီး CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…11GB / 3.5GB / 1.52GB Quality…4k SDR HEVC ...
movie
Kushi (2023)
2023
4K HEVC