Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Santhosh Keezhattoor
6.6
Maranamass (2025)
Maranamass (2025) ငှက်ပျောသီးပဟေဠိIMDb 7.7/10အက်ရှင်အကြမ်းအရမ်း ပရိသတ်တို့အတွက် ဟာသလေး ရောနှော ပါဝင်တဲ့ မလေယာလမ်စကားပြော ဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်မြို့တစ်မြို့မှာ ကွင်းဆက်လူသတ်မှုတွေ ကြုံတွေ့နေရပါတယ် ဒီလူသတ်မှုတွေမှာ တူညီတဲ့ ထူးခြားမှုလေးတွေရှိနေလေရဲ့အဲဒါကတော့ အသတ်ခံရသူတွေဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ယောက်ျားကြီးတွေဖြစ်နေတာရယ် နောက်တစ်ချက်ကတော့ လူသတ်သမားက အသတ်ခံရသူရဲ့ပါးစပ်ထဲ ငှက်ပျောသီးထည့်ခဲ့တာပါရဲတွေအနေနဲ့လည်း သံသယရှိသူတွေကို ဖမ်းဆီးလိုက် မေးမြန်းလိုက် လုပ်နေပေမဲ့ လူမှားဖမ်းမိနေဆဲဖြစ်ပြီး အမှုကိုအစရှာမရ ဖြစ်နေတုန်းပါပဲသတင်းမီဒီယာတွေအနေနဲ့လည်း ဒီအမှုကိုပဲ အလေးပေးဖော်ပြလို့ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီဒီအမှုကို တာဝန်ယူထားရတဲ့ ရဲအရာရှိဆိုရင် စိတ်ပညာရှင်ဆီသွားလို့ ကွင်းဆက်လူသတ်သမားရဲ့ စိတ်နေစိတ်ထားကို လေ့လာရတဲ့အထိပါပဲဒီအချိန်မှာ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ် နောက်ထပ်အမှုမှာ လူသတ်သမား ပစ်မှတ်ထားသူက အဘိုးကြီးတစ်ယောက် မဟုတ်နေဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေတာပါအဲဒီမိန်းကလေးနဲ့အတူ ညဘက်သွားဘက်စ်ကားပေါ်မှာ သူ့ချစ်သူရယ် အခြားသူတွေရယ်လည်း ပါနေပါတယ် အဲဒီတော့ ကွင်းဆက်လူသတ်သမားကို ရဲတွေကဘယ်လိုဖမ်းဆီးမိမလဲ၊ သူသတ်နေရတဲ့ အကြောင်းရင်းနောက်ကွယ်ကဘာဖြစ်မလဲ၊ ပစ်မှတ်ပြောင်းသွားရတာကရော ဘာကြောင့်လဲ၊ ဒါတွေကိုသိရအောင် ဇာတ်လမ်းလေးကို ကြည့်ရှူခံစားရင်း အဖြေထုတ်ကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ...
movie
Maranamass (2025)
7.1
Vikramadithyan (2014)
Vikramadithyan 2014 (ရဲမေလေးကိုမှချစ်မိခဲ့တဲ့ သူခိုးလေး)IMDb - 7.1/10Lucky Baskar ဇာတ်ကားထဲက မင်းသား Dulquer Salmaan ရဲ့ 2014ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားဟာင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကွန်ဂျွန်နီမီနွန်ဆိုတဲ့ သူခိုးတစ်ယောက်ဟာ လက်ရှ်မီးဆိုတဲ့ ရဲမေလေးကို မြင်မြင်ချင်း သဘောကျသွားပါတယ်။ဖြစ်ချင်တော့ လက်ရှ်မီးတို့အိမ်ကလည်း သူ့အတွက် အိမ်ထောင်ဖက်ရှာနေချိန်ဖြစ်နေပြီး လက်ရှ်မီးကလည်း သူကိုယ်တိုင် ရဲမေဖြစ်တဲ့အပြင် အိမ်ထောင်ဖက်ကိုလည်း ရဲပဲဖြစ်စေချင်နေပါတယ်။ဒီလိုနဲ့ သူခိုးကြီး ကွန်ဂျွန်နီမီနွန်တစ်ယောက် ရဲယောင်ဆောင်ရင်းလက်ရှ်မီးအနားကို ချဉ်းကပ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ထပ်ဖို့အထိ ဖြစ်လာပါတော့တယ်။ လက်ထပ်ပြီးတဲ့အချိန်မှ လက်ရှ်မီးတစ်ယောက် သူ့ခင်ပွန်းဟာ ရဲမဟုတ်ဘဲ သူခိုးတစ်ယောက်ဆိုတာကို သိလာတဲ့အခါမှာတော့ ..........ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။ File size… 3.3 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Vikramadithyan (2014)
Palayam PC (2024)
Palayam PC (2024) "တာဝန်"အသစ်ထွက်ရှိလာတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားမှာဆိုရင် အမှုစုံစမ်းစစ်ဆေးရေးကိုချည်း အသားပေးတာမဟုတ်ဘဲ ရဲတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဘဝကိုလည်း ဟာသဆန်ဆန်ပုံဖော်ထားတာ တွေ့ရမှာပါချန်ဒရေတာဆိုတဲ့ ရဲအရာရှိတစ်ဦးဟာ ဘာမှမမက်မမောဘဲ အစွဲအလမ်းခံယူချက်သိပ်မရှိတဲ့လူဖြစ်ပြီး ဟီးရိုးရဲတွေနဲ့ ဆန့်ကျင်ဘက်ပါပဲရဲဆိုပေမဲ့ ဇနီးသည်အတွက် ဈေးခြင်းတောင်းဆွဲဈေးဝယ်ပေးလိုက်၊ သားဖြစ်သူကိုအချိန်ပေးလိုက်နဲ့ အေးအေးလူလူ ရှိလှတဲ့ chill guy တစ်ဦးပါဒါ့အပြင် တွေ့ကရာလူကိုလည်း ပိုက်ဆံအလကားပေးရလောက်အောင် သဘောကောင်းပြီး ညဂျူတီပုံမှန်ထမ်းဆောင်နေတဲ့ ဘဝကနေ တကယ့်တာဝန်ကြီးကြီးတစ်ခုအဖြစ် အမျိုးသမီးတစ်ယောက်ကို ကာကွယ်ပေးရဖို့ဖြစ်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.8 GB / 977 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Palayam PC (2024)
7.5
Garudan (2023)
Garudan 2023 အမှန်တရားဘက်တော်သား IMDb 7.5/10အမှန်တရားနဲ့လိမ်လည်မှု ..စည်းလေးတစ်ခုပဲခြားတဲ့ ဒီ၂ဖက်ကြား တရားဥပဒေကို လက်တစ်လုံးကြားလုပ်ပြီး ပြစ်မှုကျူးလွန်နေတဲ့လူတွေကို အခက်အခဲတွေကြားကဘယ်လိုရှာဖွေသွားမလဲဆိုတဲ့ ရုံကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်ကျောင်းဖျော်ဖြေပွဲရှိလို့ ညနက်တဲ့အထိလေ့ကျင့်ရေးလုပ်နေခဲ့တဲ့ တယ်ရယ်ဆာ ..မိုးသည်းတစ်ညလေ့ကျင့်မှုအပြီး ဖခင်ဖြစ်သူအတွက်ဟင်းချက်ပေးဖို့ဆိုပြီး အိမ်ပြန်မိလေတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့ မသမာသူတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ Rape case တစ်ခု ဖြစ်စေခဲ့ပါတယ်ည၇နာရီနဲ့ ၉နာရီကြားဆို လူမရှိတဲ့ စက်ရုံတစ်ခုထဲသူ့အစီအစဉ်ကိုအထမြောက်ခဲ့လေတော့ သူ့ကိုတွေ့လိုက်တာက စက်ရုံရဲ့ကြီးကြပ်ရေးဆာလမ် ..တရားခံဟာအရင်ကမမြင်ဖူးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကြန့်ကြာခဲ့ရတဲ့ ဒီအမှု.. နစ်နာသူက ကိုမာဝင်ပြီးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဒီအမှုကြောင့် ဆန္ဒပြပြည်သူတွေနဲ့ ဖိအားပေးခံရဲတွေကြား အမှုက ၇လကျော်အထိ ကြာခဲ့ရပြီးနောက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတယ် အဲဒါက ဘာများဖြစ်မလဲ သူတို့ဘယ်လိုတွေဖော်ထုတ်ကြမလဲ အမှန်တရားက အမြဲတမ်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ကြပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 913MB Quality…1080p WEB DL / ...
movie
Garudan (2023)
2023
8.4
Por Thozhil (2023)
Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB / 789MB Quality…4k SONY WEB DL ...
movie
Por Thozhil (2023)
2023
4K HEVC