Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sanjana Chatterjee
6.9
Mrs. (2024)
Mrs. 2025 "မိဖုရားလား ဘုရင်မလား"အိမ်ထောင်ရေးဆိုတာ ပုံပြင်တွေထဲကလို ချစ်တဲ့သူနဲ့လက်ထပ်ပြီး အမြဲတမ်း Happy Ending ဖြစ်သွားတတ်တာမျိုး မဟုတ်ပါဘူး။အိမ်ထောင်ပြုလိုက်ပြီးမှ ဘ၀စတယ်လို့တောင် ပြောလို့ရပါတယ်။ အထူးသဖြင့်ကတော့ မိန်းကလေးတွေပေါ့။ အပြင်အလုပ် လုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေ၊ အိမ်ထောင်ပြုလိုက်တာနဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘ၀ဟာ လုံး၀ပြောင်းလဲသွားရတာပါ။အဲဒီလို မိန်းကလေးတစ်ယောက်ရဲ့ မိဘအိမ်မှာနေတဲ့ အပျိုဘ၀နဲ့ အိမ်ထောင်ရှင်ဘ၀ အကွာကြီးကွာခြားပုံအကြောင်း လက်တွေ့ဘ၀မှာ ဖြစ်တတ်တာလေးတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းထဲမှာ ရီချာဆိုတဲ့ ပညာတတ်မိန်းမချောလေးဟာ သူ့ကိုလာမြန်းတဲ့ ဆရာ၀န်လေးဒီဝါကာနဲ့ မြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်လိုက်ကြပါတယ်။ အစပိုင်းမှာတော့ ချစ်ကြည်နူးတစ်တီတူးတဲ့ ပျော်စရာဇာတ်၀င်ခန်းလေးတွေပါပဲ။ နောက်ပိုင်းမှ ဇာတ်လမ်းစတာပါ။ရီချာဟာ သူတို့ဓလေ့အတိုင်း ခင်ပွန်းသည်အိမ်မှာ လိုက်နေရပါတယ်။ ဒီဝါကာတို့ မိသားစုဟာ သဘောကောင်းတဲ့ ပညာတတ်မိသားစုဖြစ်ပေမဲ့ ရှေးရိုးဆန်ပြီး ဖိုဝါဒကြီးစိုးတဲ့မိသားစုမျိုးလို့ ဆိုရမှာပါ။ အဲဒီမှာ ခေတ်ပညာတတ်မိန်းကလေး ရီချာနဲ့ သွားတွေ့တာပါပဲ။အစပိုင်းတော့ ရီချာတစ်ယောက် ယောက္ခမဖြစ်သူနဲ့အတူ အိမ်ရှင်မတာ၀န်တွေကို သူနိုင်သလောက် လုပ်ပေးပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူသိပ်ချစ်တဲ့ အကကိုလည်း မကအား၊ သူလုပ်သမျှကလည်း အရာမထင်သလို၊ အလုပ်ထွက်လုပ်ရတဲ့သူတွေလောက်ပဲ ပင်ပန်းတယ်ထင်ကြပြီး ထုံးစံအတိုင်း အိမ်မှာကျန်ခဲ့တဲ့ အိမ်ရှင်မရဲ့ဘ၀က အရေးမပါ၊ အသိအမှတ်ပြုမခံရတဲ့အခါ...။ရီချာတစ်ယောက် သူ့ရဲ့အိမ်ထောင်ရှင်မဘ၀ကို ဘယ်လိုရှေ့ဆက်ရင်ဆိုင်သွားမလဲဆိုတာ တွေးစရာ ပညာယူစရာလေးတွေနဲ့အတူ ...
movie
Mrs. (2024)