Channel Myanmar

Salim Hassan

Alappuzha Gymkhana (2025) 7.1
Alappuzha Gymkhana (2025) Alappuzha Gymkhana (2025)"အာလာပူဇာ အားကစားရုံ" ==============================================ဘောက်ဆင်ဖိုက်တင်ခန်းတွေကြည့်ရတာကြိုက်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အားကစား ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ Manjummel Boys လိုမျိုး ငယ်သူငယ်ချင်းတွေကိုလွမ်းစရာ သည်းထိတ်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခါလစ်ရာမန်က ပဲ့ကိုင်ထားတာပါ။ဇာတ်လမ်းကတော့ အပြင်ကျောင်းတစ်ကျောင်းမှာ တက်ပြီး ကောလိပ်ဝင်ခွင့်ဖြေနေတဲ့ သူငယ်ချင်းတစ်သိုက် အုပ်စုလိုက်ကြီး စာမေးပွဲကျကြပါတယ်။သူတို့သူငယ်ချင်းအဖွဲ့ဟာ စာလည်းမလုပ်၊ ကောလိပ်ဝင်ဖို့လည်းဂရုမစိုက်ဘဲ အရက်သောက်လိုက် စော်ပတ်လိုက်နဲ့ အာဝါဒါးလုပ်နေကြတာပါ။ဒါပေမဲ့ သူတို့ထဲက သူငယ်ချင်းတစ်ယောက်က ကံကောင်းထောက်မပြီး ကောလိပ်ဝင်ခွင့်အောင်သွားတဲ့အတွက် မခံချင်စိတ်နဲ့ စာမလုပ်နိုင်ရင်လည်း အားကစားလုပ်နိုင်တယ်ဆိုပြီး ဘောင်ဆင်လို့ခေါ်တဲ့အင်္ဂလိပ်လက်ဝှေ့ထိုးဖို့ကြံစည်ပြီး သူတို့မြို့က အားကစားရုံမှာ စာရင်းသွားသွင်းကြပါတယ်။ပြည်နယ်အဆင့် အားကစားသမားဖြစ်ရင် အော်တိုမစ်တစ် ကောလိပ်ဝင်ခွင့်ရတဲ့သဘောရှိတဲ့အတွက် သူတို့လေလွင့်ကျောင်းသားတစ်သိုက် ကောလိပ်ဝင်ဖို့ကြိုးစားရင်း ဝါသနာကို ရှာတွေ့သွားပုံတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ၊ လက်ဝှေ့ထိုးခန်း ခပ်မိုက်မိုက်တွေကို စိတ်အားတက်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တဲ့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4 GB / 1.2 GB Quality…WEB DL 1080p HEVC / ...
movie

Alappuzha Gymkhana (2025)

Panchayat Jetty (2024) 7.9
Panchayat Jetty (2024) Panchayat Jetty (2024)"ဗာလာတို့ရွာ" =============================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဘက်ဘက်က တိုးတက်ပြီး မြို့အင်္ဂါရပ်တိုင်းနဲ့ကိုက်ညီတဲ့ ကီရယ်လာမြို့ကြီးနဲ့ မြစ်တစ်စင်းပဲခြားတဲ့ ကျွန်းပေါ်မှာ ကိုဒွန်ဂတ်ဆယ်ရီဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။မြို့ဆိုပေမဲ့ အိမ်တိုင်းမှာ အိမ်သာမရှိ၊ မြို့ကိုသွားချင်ရင် လှေနဲ့ပဲသွားရ၊ မီးသင်္ဂြိုဟ်ချင်ရင်တောင် အဝေးကြီးကို သွားသင်္ဂြိုဟ်ရတဲ့ ရွာသာသာ တောမြို့လေးပေါ့။ဒီရုပ်ရှင်ကိုတော့ အဲဒီမြို့လေးရဲ့ အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲမတိုင်ခင်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။မြို့ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံပါတီဝင်တွေက ကီရယ်လာမြို့နဲ့ချိတ်ဆက်တဲ့ တံတားဆောက်ဖို့နဲ့ မြို့အတွက် မီးသင်္ဂြိုဟ်စက် ဆောက်ပေးဖို့ ဆန္ဒတွေပြရင်း တလွဲတချော်တွေဖြစ်ပုံ၊ နိုင်ငံရေးယှဉ်ပြိုင်ကြပုံတွေကို ဒီရုပ်ရှင်ထဲမှာ ဟာသနှောပြီးမြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.5 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Panchayat Jetty (2024)