Channel Myanmar

Sajin Gopu

Painkili (2025) 5.2
Painkili (2025) Painkili (2025) "ကြက်တူရွေး" IMDb - 5.2/10အသစ်ထွက် မလေယာလမ်းအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတဲ့ လူပျိုကြီး ဆူကူ။ သူတွေးမထားမိတဲ့ ပြဿနာတွေပေါ်လာတဲ့အတွက်ကြောင့် သူငယ်ချင်းဖြစ်သူအကြံနဲ့အရူးလက်မှတ်ယူဖို့ ဖြစ်လာခဲ့ပါတယ်။တစ်နေ့ သူငယ်ချင်းဖြစ်သူကျေးဇူးနဲ့ပဲ ဆူကူတစ်ယောက် အိမ်ကို မိန်းကလေးတစ်ယောက်ခေါ်လာမိရက်သား ညားပါတော့တယ်။ကောင်မလေးနာမည်က ရှီဘာ။ ကောလိပ်ဆက်တက်ချင်ပေမဲ့ ယောကျ်ားအတင်းပေးစားနေကြတဲ့ မိဘတွေဆီကထွက်ပြေးဖို့ အမျိုးမျိုးကြံနေတဲ့ ရှီဘာ။ညီမဖြစ်သူအကြံပေးတဲ့အတိုင်း လျောက်လုပ်ရာကနေ ဆူကူ့အိမ်ကို ရောက်ချလာခဲ့ပါရော။ဒီမှာပဲ အိမ်ကနေနှင်ချဖို့ အမျိုးမျိုးကြိုးစားတဲ့ ဆူကူနဲ့ မရမကတွယ်ကပ်နေတဲ့ ရှီဘာတို့ကြားကဇာတ်လမ်းကို ရှုစားကြရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 16min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Painkili (2025)

Ponman (2025) 6.6
Ponman (2025) Ponman (2025) "ရွှေပြဿနာ"မလေယာလမ် ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်ထိမ်းမြားလက်ထပ်တဲ့အခါ သတို့သမီးမိသားစုက သတို့သားမိသားစုကို အသွင်းပစ္စည်းပေးရတဲ့အိန္ဒိယဓလေ့ကို သိကြမှာပါဒီဇာတ်လမ်းလေးထဲမှာ စတီဖီရဲ့အမေက စတီဖီကို အိမ်ထောင်ချပေးဖို့အတွက် သတို့သားဘက်က တောင်းဆိုလာတဲ့ ရွှေပမာဏကိုပေးဖို့ သဘောတူညီလိုက်ရာကနေတကယ်တမ်း ပေးဖို့အခက်အခဲရှိလာရာမှာ ဘယ်လိုရရာနည်းလမ်းနဲ့ ရှာဖွေသွားမလဲ နောက်ဆက်တွဲပြဿနာတွေ အလွဲလေးတွေဖြစ်ကြပုံကို ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.9 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ponman (2025)

Aavesham (2024) 8
Aavesham (2024) Aavesham (2024) "မြေအောက်လောက"IMDb 8.2 ရုံတင်ငွေ ကုဋေ ၁၅၀ (ဘတ်ဂျက်ငွေ ငါးဆ) ပြန်ရခဲ့တဲ့အပြင် ၂၀၂၄ အတွင်း ဝင်ငွေအကောင်းဆုံးစာရင်းဝင် မလေယာလမ်း အက်ရှင်ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးဟာဆိုရင်ဖြင့် ကျောင်းသားဇာတ်လမ်းဖြစ်ပေမယ့်လို့ ရိုမန့်တွေ အနုအရွတွေထက်စာရင် ထစ်ကနဲရှိ ချမယ့် အက်ရှင်ဇာတ်ကြမ်းလေးဖြစ်ပြီး ဝေဖန်ရေးဆရာတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်အာဂျူ ဘီဘီ ရှန်သန်တို့က ဘန်ဂလောက အင်ဂျင်နီယာကောလိပ်တစ်ခုမှာ ပညာသင်ဖို့ရောက်လာကြပါတယ်ကျောင်းမှာ ဂျူနီယာတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်လေ့ရှိတဲ့ စီနီယာတစ်စုက သူတို့အဆောင်က ဘော်ဒါတစ်ယောက်ကို ထိုးလွှတ်လိုက်တာကြောင့် ဂျူနီယာအချင်းချင်း လူစုပြီး ဇိုးတစ်သိုက်ကို ပြန်ချဖို့လုပ်ပေမယ့်သူတို့ပါ အရှက်တကွဲ ဝိုင်းရိုက်ခံလိုက်ရပါတယ် ဒါကို တေးထားတဲ့ အာဂျူက လက်တုံ့ပြန်ဖို့အတွက် အရက်ဘားတွေမှာ လူမိုက်လိုက်ရှာရင်း ဘားတစ်ခုမှာ ဆုံတဲ့ လူထူးဆန်းတစ်ယောက်ကို ဆရာတင်လိုက်တဲ့အခါမှာ ဆိုရင်တော့...ကျောင်းမှာ ဗိုလ်ကျနေတဲ့ စီနီယာတွေကို ပြန်လက်စားချေနိုင်မှာလား အရှုပ်အရှင်းတွေထဲ ရောက်သွားမလား ဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Suri ~ Alex ~ ...
movie

Aavesham (2024)

2024
Chaaver (2023) 7.9
Chaaver (2023) Chaaver 2023 (ပတ်ပြေးကြသူများ) Crime/Thriller IMDb 8.2/10ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာ ကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲ ရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.8GB / 855MB Quality…1080p WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Bpl ~ Yunni ...
movie

Chaaver (2023)

2023
Neymar(2023) 6.6
Neymar(2023) Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie

Neymar(2023)

2023
Romancham(2023)
Romancham(2023) Romancham (2023) IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ...သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni
movie

Romancham(2023)