Channel Myanmar

Sabumon Abdusamad

Kingston (2025)
Kingston (2025) Kingston (2025) (ပင်လယ်ဘုရင်)သိုရ်ဗာသူရ်ရွာလေးဟာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပင်လယ်ဘေးက ရွာလေးတစ်ရွာပေါ့။တံငါရွာဖြစ်တဲ့အတိုင်းပဲ ဒီရွာလေးက ရွာသားတွေဟာ ငါးဖမ်းတာကိုပဲ ကျွမ်းကျင်ပြီး တခြားအလုပ်ဆိုလို့ မလုပ်တတ်ကြပါဘူး။ တစ်ရက်ကျတော့ ဒီရွာလေးမှာ ကံကြမ္မာဆိုးကြီး ဝင်လာပါတော့တယ်။အဲဒီ ကံကြမ္မာဆိုးကြီးကတော့ အရမ်းကို ရက်စက်တဲ့ဝိညာဉ်ဟာ ဒီမြေပေါ်မှာ သူ့ခန္ဓာတည်သရွေ့ ဒီရွာသားတွေ ပင်လယ်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်လို့မရအောင် ကျိန်စာတိုက်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အားပြုပြီး စီးပွားရှာကြတဲ့ ဒီရွာလေးမှာ ပင်လယ်ကို ထွက်လိုက်တာနဲ့ အဲဒီလူက ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရာက ပြည်တွင်းရေးဝန်ကြီးမှ ဒီရွာကို ငါးဖမ်းမစားရဘူးဆိုတဲ့အမိန့်နဲ့ ပင်လယ်ကို ချိတ်ပိတ်လိုက်ပါတော့တယ်။ဒီလိုအဖြစ်ဆိုးနဲ့ ကျိန်စာတိုက်ခံလိုက်ရတဲ့အချိန်မှာ ပင်လယ်ထဲရောက်နှင့်နေပြီးသား သူတွေလည်း ဒီရွာကို ပြန်မလာနိုင်ခဲ့ပါဘူး။ အဲဒီသူတွေအထဲမှာ ချာလီဆိုတဲ့သူလည်း ပါဝင်ပါတယ်။ချာလီ့မှာ သားလေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ ကင်းလို့ခေါ်ပါတယ်။ ကင်းဟာ ဖခင် ပင်လယ်ထွက်သွားရာက ပြန်မလာနိုင်ပေမဲ့ သေသွားတယ်လို့ လက်မခံဘဲ တစ်နေ့တော့ ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ဖို့ ပင်လယ်ထဲကို ထွက်မယ်ဆိုပြီး လုပ်ထားသူပါ။ဒီလိုနဲ့ ကင်းတစ်ယောက် ...
movie

Kingston (2025)

Oshana (2024) 6.3
Oshana (2024) Oshana (2024) "အချစ်မည်၏"ဘူတာရုံပလက်ဖောင်းက ခုံတန်းလျားလေးမှာ ထိုင်ပြီးပြုံးနေတဲ့အဘိုးကြီးကိုဘာလို့ပြုံးနေပါလိမ့်ဆိုတာ သိချင်စိတ်နဲ့ ဂျွန်တစ်ယောက် မေးကြည့်တာပေါ့။အဘိုးကြီးက ဒီလိုရှင်းပြတယ်။ သူငယ်ငယ်က ကောလိပ်ကျောင်းတစ်ခုရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ လက်ဖက်ရည်ရောင်းခဲ့တာ။တစ်နေ့ နတ်သမီးလေးလိုလှတဲ့ ကျောင်းသူလေးတစ်ယောက် သူ့ဆိုင်မှာလာသောက်တာပေါ့။ လာသောက်တိုင်းလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ သူဖျော်ပေးတဲ့ လက်ဖက်ရည်ကိုသောက်ရင်း ကျောင်းသူလေးက သူ့ချစ်ခြင်းမေတ္တာကိုခံစားသွားမိပါရောတဲ့။တစ်နေ့တော့ ကျောင်းသူလေးက သူ့ကိုချစ်လားလို့မေးသတဲ့။ တစ်နေ့လုပ်လို့ တစ်နေ့နပ်မမှန်တဲ့သူ့ဘ၀ကြောင့် လက်ဖက်ရည်ရောင်းတဲ့ကောင်လေး ဘာမှပြန်မဖြေခဲ့နိုင်ဘူးတဲ့။ ဒါပေမဲ့ အဲဒီအပြုံးလေးကို ပြန်တွေးတိုင်း ကျေနပ်တဲ့စိတ်နဲ့ သူပြုံးနေခဲ့တာပေါ့။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ဂျွန်ရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်။ တစ်ပုဒ်တော့မဟုတ်ဘူး အချစ်ဇာတ်လမ်းတွေ။ ဘယ်ရထားမှာမှ မလွဲခဲ့ဘဲ ချစ်ရတဲ့ကောင်မလေးကို ရထားပေါ်မှာတွေ့ပြီး လွဲခဲ့ရတဲ့ ဂျွန်။ ဒီရထားမှာ ဂျွန်တစ်ယောက်လွဲခဲ့ပြီး ဘယ်လောက်ထိလွဲမလဲဆိုတာ ဒီအိန္ဒိယတောင်ပိုင်းအချစ်ဇာတ်လမ်းလေးမှာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.6 GB / 923 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oshana (2024)

Adithattu (2022) 5.5
Adithattu (2022) Adithattu 2022 လောကဓံImdb 5.5ဒီကားကတော့ ငါးဖမ်းသမားတွေရဲ့ ကမ်းမမြင် လမ်းမမြင်ပင်လယ်ပြင်ထဲဒုက္ခခံရပုံတွေကို ရင်တလှပ်လှပ်နဲ့ကြည့်ရှူရမှာပါအတွေ့အကြုံရင့်ဆရာတစ်ယောက်နဲ့ ငါးဖမ်းသမား၇ယောက်တို့ ပင်လယ်နက်ထဲ ငါးဖမ်းထွက်ကြပါတယ်ငါးဖမ်းသမားတွေအဖို့ကတော့ငါးမရတဲ့အပိုင်းတွေလည်းရှိတာကြောင့် ငါးမရ ပိုက်ဆံမရဘဲအိမ်ပြန်ရတဲ့နေ့တွေက သူတို့အတွက်တော့ကံမကောင်းတဲ့နေ့ပဲပေါ့ကိုယ်စီအခက်အခဲတွေနဲ့ စက်လှေပေါ်တက်လာကြတဲ့ သူတို့ ..အရင်ကသူတို့ရဲ့ အရမ်းတော်တဲ့ငါးဖမ်းခေါင်းဆောင်တစ်ယောက်ရှိပါတယ် ရှေ့ဆောင်လမ်းပြကောင်းလို့ ဘာတစ်ခုမှစိတ်ပူစရာမရှိဘဲ ခရီးအတွက်လည်းဘေးကင်း လူလည်းအဆင်ပြေပေမဲ့ အကျိုးအကြောင်းရေရေရာရာမရှိဘဲ အဲဒီခေါင်းဆောင်က ကြိုးဆွဲချသတ်သေသွားပါတယ်အလောင်းကတွေ့တဲ့သဲလွန်စနဲ့ အသတ်ခံရတယ်ဆိုပြီး ငါးဖမ်းသမားတွေကတော့ မှတ်ယူထားတာပေါ့ အသစ်တက်လာတဲ့ခေါင်းဆောင်နဲ့တော့ သူတို့တွေအဆင်မပြေကြပါဘူး နေရာတကာပိတ်ပင်ပြီး လက်ပေါက်ကပ်တဲ့အနေအထားကြောင့် ကတောက်ကဆလေးတွေရှိကြတယ်ဒါပေမဲ့လည်းတစ်ခရီးတည်းအတူထွက်လာဖို့အကြောင်းဖန်လာတော့ လှေပေါ်မှာဘယ်လိုကံဆိုးမှုတွေဖြစ်လာမလဲ သေဆုံးသွားတဲ့သူတို့ခေါင်းဆောင်ကရော သွေးရိုးသားရိုးလားဆိုတာ အဖြေရှာလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Linn ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 1.6 GB / 847 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni ~ V ~ Linn ~ KKKZ 
movie

Adithattu (2022)

Vettaiyan (2024) 8
Vettaiyan (2024) Vettaiyan (2024)"မုဆိုး" ===================တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့.. Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့ သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့ အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကို တရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်း အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 3.1 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 43min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vettaiyan (2024)

Sesham Mike-il Fathima (2023) 7.0
Sesham Mike-il Fathima (2023) Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10)ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ…တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ…ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး….အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ...
movie

Sesham Mike-il Fathima (2023)

2023
Iratta(2023) 7.8
Iratta(2023) Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယ‌တောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB  / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie

Iratta(2023)

2023
Jallikattu(2019) 8.5
Jallikattu(2019) Jallikattu(2019)အၫႊန္း******************IMDb...8.5ရွာတစ်ရွာမှာကျွဲသားတွေပေါ်ပြီးရောင်းတဲ့ဆိုင်ဆိုလို့ တစ်ဆိုင်ပဲရှိတယ် သူတို့ဆီမှာက ကျွဲသားဆိုတာအထင်ကရဟင်းလျာတစ်ခုလို ပလောပီနံနဲ့တွဲဖက်ပြီး ချက်ပြုတ်ကြတယ်.... ကျွဲကိုပေါ်ရောင်းပြီးဆိုတာနဲ့ ရွာသားအားလုံးက အလုအယက်ဝယ်ကြတာပေါ့ တစ်နေ့မှာကျွဲတစ်ကောင်ကိုပေါ်မလို့လုပ်နေတုန်း အဲ့ကျွဲဟာကစုန်ပေါက်ပြီးလွတ်ထွက်သွားတယ်....လွတ်သွားတဲ့ ကျွဲဟာ အရိုင်းဆန်လွန်းတဲ့အပြင် သန်မာလွန်းအားကြီးတယ်....အဲ့ဒါမှ တကယ့် ရွာပျက်တယ်ခေါ်တာ... ဘယ်လိုတွေရွာပျက်ကြလဲဆိုတာတော့ ခံစားကြည့်ကြပါကုန်... ဒီ အိန္ဒိယကားကတော့ ရွာဓလေ့တွေကို ပြသထားသလို ရွာသားတွေစုပေါင်းပြီး အန္တရယ်ကိုဖြေရှင်းပုံတွေကို အကောင်းမွန်ဆုံးရိုက်ပြထားတာပါ.. ဇာတ်ကားအစကနေ အဆုံးထိ ဆွဲဆောင်မှုရှိပါတယ်...အိန္ဒိယကားကောင်းတွေမျှော်လင့် နေတဲ့သူတွေအဖို့ IMDb..8.5 တောင်ရရှိထားလို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...(zawgyi)ရွာတစ်ရွာမှာကျွဲသားတွေပေါ်ပြီးရောင်းတဲ့ဆိုင်ဆိုလို့ တစ်ဆိုင်ပဲရှိတယ် သူတို့ဆီမှာက ကျွဲသားဆိုတာအထင်ကရဟင်းလျာတစ်ခုလို ပလောပီနံနဲ့တွဲဖက်ပြီး ချက်ပြုတ်ကြတယ်.... ကျွဲကိုပေါ်ရောင်းပြီးဆိုတာနဲ့ ရွာသားအားလုံးက အလုအယက်ဝယ်ကြတာပေါ့ တစ်နေ့မှာကျွဲတစ်ကောင်ကိုပေါ်မလို့လုပ်နေတုန်း အဲ့ကျွဲဟာကစုန်ပေါက်ပြီးလွတ်ထွက်သွားတယ်....လွတ်သွားတဲ့ ကျွဲဟာ အရိုင်းဆန်လွန်းတဲ့အပြင် သန်မာလွန်းအားကြီးတယ်....အဲ့ဒါမှ တကယ့် ရွာပျက်တယ်ခေါ်တာ... ဘယ်လိုတွေရွာပျက်ကြလဲဆိုတာတော့ ခံစားကြည့်ကြပါကုန်... ဒီ အိန္ဒိယကားကတော့ ရွာဓလေ့တွေကို ပြသထားသလို ရွာသားတွေစုပေါင်းပြီး အန္တရယ်ကိုဖြေရှင်းပုံတွေကို အကောင်းမွန်ဆုံးရိုက်ပြထားတာပါ.. ဇာတ်ကားအစကနေ အဆုံးထိ ဆွဲဆောင်မှုရှိပါတယ်...အိန္ဒိယကားကောင်းတွေမျှော်လင့် နေတဲ့သူတွေအဖို့ IMDb..8.5 တောင်ရရှိထားလို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...File Size : (900 MB) and ...
movie

Jallikattu(2019)

2019