Channel Myanmar

Ryo Ryusei

G-Men (2024) 5.6
G-Men (2024)  G-Men (2024)ကျောင်းကို အတန်းတွေ ခွဲလိုက်တာမှာ G အတန်းကို ရောက်လာကြတဲ့သူတွေက ဆိုးသပါ့ဆိုတဲ့သူတွေ အကုန်ရောက်လာတဲ့အတန်းပါ။ဒါပေမယ့် ဒီအတန်းရဲ့ အစဥ်အလာရှိပါတယ်..အဲ့ဒါကတော့ ဒီအတန်းက ကျောင်းသားတွေက လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အဖွဲ့ရှိပြီး အဲဒီအဖွဲ့က ကျောင်းသူကျောင်းသားတွေကို ပြင်ပအဖွဲ့က လာထိရင် ပြန်ချပါတယ်။ဒီမှာလည်း ဒီလို စိတ်ထားရှိတဲ့သူတွေ စုလာပါတယ်။ ဒီဇာတ်လမ်းက ခပ်မြူးမြူးလေးပါ။ဒါရိုက်တာTôichirô Rutô က စီစဥ်ရိုက်ကူးထားပြီးတော့ IMDb rating 5.6 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size… (2.2 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….02:00:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa
movie

G-Men (2024)

2024
Ouran High School Host Club (2012) 6.4
Ouran High School Host Club (2012) [Unicode]အိုရန်အကယ်ဒမီကျောင်းဆိုတာ တိုကျိုမြို့မှာရှိတဲ့ နာမည်ကြီး hi-so အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ် ၊ဆူအူ တာမာကီ ဆိုတဲ့ကောင်လေးကတော့ ဆူအူလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောဆက်ခံသူပေါ့...ဟာရူဟီဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုနဲ့ဒီကျောင်းမှာတက်ခွင့်ရခဲ့တာပါ ၊တာမာကီက ကျောင်းမှာဧည့်ခံကလပ်တစ်ခုကိုထောင်ထားပါတယ် ၊ ဧည့်ခံကလပ်ရဲ့တန်ဖိုးကြီးပန်းအိုးတစ်လုံးကို ဟာရူဟီကတိုက်မိပြီး ကျကွဲသွားတာကြောင့် ကျကွဲသွားတဲ့ပန်းအိုးရဲ့တန်ဖိုးကိုပြန်လျော်ပေးဖို့ ဟာရူဟီကယောက်ျားလေးယောင်ဆောင်ပြီး ဧည့်ခံသူအဖြစ်ဝင်လုပ်ရပါတယ်...ကျောင်းကိုရောက်လာတဲ့ မီချဲဟီမီဆိုတဲ့သူဋ္ဌေးသမီးလေးကတော့ တာမာကီရဲ့ဆုံးသွားတဲ့အမေနဲ့အရမ်းတူတာကြောင့် မီချဲကိုပျော်အောင်ထားဖို့က တာမာကီရဲ့အိပ်မက်ဖြစ်လာပါတယ် ။အိုရန်ကျောင်းမှာနှစ်စဉ်ပြိုင်ပွဲရှိပါတယ်... ဒီပြိုင်ပွဲကိုနိုင်အောင်ကြိုးစားရင်း တာမာကီရဲ့ဆန္ဒအတိုင်း မီချဲဟီမီကိုပျော်အောင်ထားနိုင်ဖို့ ဧည့်ခံကလပ်တစ်ဖွဲ့လုံးကြိုးစားကြပါတယ် ။တစ်ချိန်တည်းမှာပဲ မီချဲက တာမာကီကိုချဉ်းကပ်ဖို့ကြိုးစားလာပါတယ်... တာမာကီနဲ့ ဟာရူဟီတို့ကလည်း သံယောဇဉ်ရှိနေကြတဲ့အခါ ၃ပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်လာတဲ့နောက်...မီချဲ တကယ်လိုအပ်တဲ့အရာကို ဧည့်ခံကလပ်ကလူတွေရှာနိုင်မှာလား ၊ မီချဲကိုပျော်စေချင်တဲ့တာမာကီတို့ရဲ့ကြိုးစားမှုကရော ဘယ်လိုဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်....။( အညွှန်းနဲ့ဘာသာပြန်သူကတော့Ingyin San ဖြစ်ပါတယ် )[Zawgyi]အိုရန်အကယ်ဒမီကျောင်းဆိုတာ တိုကျိုမြို့မှာရှိတဲ့ နာမည်ကြီး hi-so အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ် ၊ဆူအူ တာမာကီ ဆိုတဲ့ကောင်လေးကတော့ ဆူအူလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောဆက်ခံသူပေါ့...ဟာရူဟီဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုနဲ့ဒီကျောင်းမှာတက်ခွင့်ရခဲ့တာပါ ၊တာမာကီက ကျောင်းမှာဧည့်ခံကလပ်တစ်ခုကိုထောင်ထားပါတယ် ၊ ဧည့်ခံကလပ်ရဲ့တန်ဖိုးကြီးပန်းအိုးတစ်လုံးကို ဟာရူဟီကတိုက်မိပြီး ကျကွဲသွားတာကြောင့် ကျကွဲသွားတဲ့ပန်းအိုးရဲ့တန်ဖိုးကိုပြန်လျော်ပေးဖို့ ဟာရူဟီကယောက်ျားလေးယောင်ဆောင်ပြီး ဧည့်ခံသူအဖြစ်ဝင်လုပ်ရပါတယ်...ကျောင်းကိုရောက်လာတဲ့ မီချဲဟီမီဆိုတဲ့သူဋ္ဌေးသမီးလေးကတော့ တာမာကီရဲ့ဆုံးသွားတဲ့အမေနဲ့အရမ်းတူတာကြောင့် မီချဲကိုပျော်အောင်ထားဖို့က ...
movie


The 100th Love with You(2017) 6.9
The 100th Love with You(2017) The 100th Love with You(2017)(unicode)ဒီကမ္ဘာကြီးမှာ လူဦးရေ သန်းပေါင်းများစွာ ရှိတဲ့ထဲက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အချစ်စစ်အချစ်မှန်နဲ့ တွေ့ဆုံကြတာကို ဖူးစာဆိုပြီး လှပစွာ ခေါင်းစဉ်လေး ကျွန်တော်တို့တပ်ခဲ့ကြတယ်... တစ်ချို့တွေအတွက် အချစ်စစ်တစ်ခုအတွက် အချိန်များစွာကြာပြီးမှ ဖြစ်တည်ခဲ့ကြသလို တစ်ချို့အတွက်လည်း ဆန်းကြယ်တဲ့အခိုက်အတန့်တစ်ခုမှာ အချိန်တိုအတွင်းငြိတွယ် ခဲ့ကြတယ်...ဘယ်လိုပဲ ဖူးစာပါပါ လူတစ်ယောက်နဲ့ တစ်ယောက် အကြိမ် ၁၀၀မြောက် ပုံစံစုံနဲ့တွေ့ခဲ့ရင် သူတို့ ချစ်နိုင်ကြပါ့မလား... ကောင်လေးတစ်ယောက်ဟာ အချိန်နောက်ပြန်သွားလို့ရတဲ့ ပစ္စည်းတစ်ခုပိုင်ဆိုင်ထားတယ်...ဒီပစ္စည်းကိုအသုံးပြုပြီး အချိန်တွေနောက်ပြန်သွားရင်း သူတစ်စိုက်မတ်မတ် လုပ်တဲ့အရာတစ်ခုရှိတယ်...အဲ့ဒါကတော့ သူချစ်တဲ့ကောင်မလေး အသက်အန္တရယ်ကနေ လွတ်မြောက်အောင် ကာကွယ်ပေးတာပါပဲ...ပြောရရင် သူတို့ အကြိမ် ၁၀၀မြောက်‌တွေ့ကြတယ်ဆိုပါတော့.... ဒီကားက သီးချင်းကောင်းတွေများစွာပါသလို သီချင်းတွေကလည်း ဇာတ်ကားရဲ့ အသက်ကို ထပ်လောင်းမြှင့်တင်ပေးလို့ ဘာသာပြန်ပေးထားပါတယ်... သရုပ်ဆောင်တွေအကုန်လုံးလည်း ချောမောလှပကြသလို တကယ့်ကို ဆွတ်ပျံကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးပါပဲ.. အစမှ အဆုံးထိ ဆွဲဆောင်မှုရှိသလို ဘာဆက်ဖြစ်မလဲဆိုတာ တစ်စိမ့်စိမ့်တွေးစေတဲ့ကားမျိုးလေးပါ... ခင်ဗျားတို့ရော ကိုယ့်ကိုအကြိမ်၁၀၀ ပြန်တွေ့ရင်တောင်ချစ်နေမယ်ဆိုတဲ့သူမျိုး ကိုယ်က အကြိမ်၁၀၀ပြန်တွေ့ရမယ်ဆိုရင်တောင် ချစ်နေမယ့်သူမျိုး ရှိကြပြီလား.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ FA မမ Thinzar Htet ပဲဖြစ်ပါတယ်....(zawgyi)ဒီကမာၻႀကီးမွာ ...
movie

The 100th Love with You(2017)

2017
My Teacher (2017) 5.9
My Teacher (2017) Sensei : mangaကို live action ပြန်ရိုက်ထားတဲ့ ဒီ My Teacher ဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူလေးတစ်ဦးရဲ့ သူ့ သမိုင်းဆရာအပေါ် ချစ်မိတဲ့ အချစ်ကို ဖော်ပြထားပါတယ်...�ရှီမားဒါးဟာ အသက်၁ရနှစ်အရွယ် ဆယ်ကျော်သက်အထက်တန်းကျောင်းသူလေးပါ...အချစ်ဆိုတာ ဘာလဲ စူးစမ်းချင်နေတဲ့အရွယ်ပေါ့...အဲ့ဒီအချိန်မှာပဲ သူဟာ လူတစ်ယောက်အပေါ် ရူးရူးမိုက်မိုက် ချစ်မိသွားပါတော့တယ်...သူကတော့တခြား မဟုတ်ပါဘူး...သူတို့ အတန်းမှာ ကမ္ဘာ့သမိုင်းသင်တဲ့ ဆရာအီတို ပါပဲ...ဆရာနဲ့ တပည့်ကြားက အချစ်ရေးကိစ္စဆိုတာလည်း ပြောရအခက်သားနော်...ဒါဟာမဖြစ်သင့်ပါဘူးလို့ပဲ လူတိုင်းကပြောကြလိမ့်မယ်...ဆရာအီတို ကိုယ်တိုင်ကလည်း ဆရာသိက္ခာကိုစောင့်ထိန်းလို့ ဒီချစ်စရာကောင်းလှတဲ့ တပည့်မလေးရဲ့ အချစ်ကို ငြင်းပယ်ခဲ့ပါတယ်...ဒါပေမယ့် ရှီမာဒါကနောက်မဆုတ်ဘဲရှေ့ဆက်တိုးလာတဲ့အခါမှာတော့...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (381 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Drama, Romance Subtitle : Myanmar ...
movie

My Teacher (2017)

2017