Channel Myanmar

Rui Xiu

The Open Door (2025) 6
The Open Door (2025) လှည်းလေးနဲ့ဝက်အူချောင်းကင်ရောင်းတဲ့အစ်ကိုကြီးတစ်ယောက် မတော်တဆခြေချော်ပြီးတော့ နာမည်ကြီးOnline Cele မလေးရဲ့ အယောင်ဆောင်ရည်းစားဖြစ်သွားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်လီမလေးဟာ သူဌေးနဲ့ကြိုက်နေတာဖြစ်ပြီးတော့ အားလုံးသိသွားရင် သူဌေးကိုအပိုင်ဖမ်းပြီးတော့နာမည်ကြီးလာတယ်ဆိုပြီး နာမည်တပ်ခံရမှာကြောက်တဲ့အတွက် အရေးပေါ်အဖြေအနေနဲ့ ဝက်အူချောင်းရောင်းတဲ့လူ တစ်ယောက်ကိုအစားထိုးလိုက်ရတာဖြစ်ပါတယ်။ရိုးသားပြီးနုံအတဲ့ဝက်အူချောင်းသည်နဲ့ နာမည်ကြီးဆယ်လီရဲ့အချစ်ဇာတ်လမ်းဟာ မထင်မှတ်ပဲပရိသတ်တွေအားပေးတာခံရပြီးတော့ သူတို့ဟာခေတ်သစ်အွန်လိုင်းဆယ်လီစုံတွဲဖြစ်လာတဲ့ပုံကို ရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်။4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.54 GB / 908 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Open Door (2025)

Big Three Dragons ( 2022 ) 6.2
Big Three Dragons ( 2022 ) လောင်တွမ့်ဟာ နိုင်ငံရတနာမှောင်ခိုရောင်းဝယ်မှုနဲ့ လူသတ်မှုမှာပါဝင်ပတ်သက်မိလို ထောင်ဒဏ်နှစ်၂၀ကျသွားရပါတယ် ထောင်မှပြန်ထွက်လာချိန်မှာ တစ်ချိန်ကဖြစ်ရပ်မှန်ကိုစုံစမ်းဖိုအတွက် လိမ်လည်မှု အစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်...လောင်တွမ့်ရဲ့ဇနီးဟောင်းသုံးယောက်ကမွေးတဲ့ ဝူဝိန်.. မော့မော့နဲ့ ထန်နင်တိုဟာ ကုမ္ပဏီတစ်ခုရဲ့ငွေလိမ်လည်မှုကိုခံရသူတွေအတွက် သူတိုအဖေကို လိုက်ရှာပြီး ငွေစိုက်ပေးရန်တောင်းခံဖိုသွားတဲ့အခါ မထင်မှတ်ပဲ လောင်တွမ့်ရဲ့အစီအစဥ်ထဲပါဝင်ဖိုဖြစ်လာပါတယ်...သားအဖလေးယောက်ပူးပေါင်းပြီး ဘယ်လိုလှည့်ကွက်တွေနဲ့ငွေတွေပြန်ယူမှာလဲ... လောင်တွမ့်ကရောစီစဉ်ထားတဲ့အတိုင်းနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေနိုင်ပြီး နိုင်ငံရတနာအစစ်ကိုရှာတွေ့နိုင်ပါ့မလား.... အချင်းချင်းမယုံကြည်မှုတွေ..ဖေးမမှုတွေ..အားပေးမှုတွေအပြင် ဟာသဆန်ဆန်လှည့်ကွက်များနှင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Filesize : 1.44 GB / 835 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Big Three Dragons ( 2022 )

The Brother of Lottery ( 2022 ) 6
The Brother of Lottery ( 2022 ) တရုတ်ဟာသကားလေးကို CM Chinese ကို အစဉ်မပြတ် အားပေးနေတဲ့ဖန်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကတော့ လီတကျွမ့်တစ်ယောက် အရက်စက်ရုံမှာ ရင်းနှီးမြုပ်နှံမှုများသွားတာကြောင့် အကြွေးများနေသူဖြစ်ပြီး.... အမှတ်မထင် ဒုတိယဆုထီကို ဆွတ်ခူးသွားခဲ့ရာကနေ မလိုလားတဲ့ ပြဿနာများကို ရှောင်ရှားဖို့ နှုတ်ဆိတ်နေရာကနေ ထီပေါက်တဲ့သူကို လူတွေက ခန့်မှန်းနေကြချိန်မှာပဲ ရွာသားတွေရဲ့အမြင်မှာ ပရော်ဖက်ရှင်နယ်အကျဆုံး ဆိုတဲ့ ဝမ်ခွန်းက သူလို့ပြောပြီး သူ့ရဲ့အနာဂတ် ယောက္ခမရဲ့ သဘောတူညီချက်ကိုရဖို့အတွက် ချမ်းသာသွားယောင်ဆောင်ခဲ့တယ်....တကယ့်ထီပေါက်သူ လီတကျွမ့်ကတော့ အရက်စက်ရုံကို ဆက်လက်လည်ပတ်ဖို့ ဇနီးဖြစ်သူ ကန့်ကွက်တာကြောင့် အဆင်မပြေလို့ သူက ဆင်းရဲယောင်ဆောင်ပြီး အတူသရုပ်ဆောင်ပြခဲ့တယ်...သူတို့အလိမ်အညာဇာတ်ကြီး ဘာတွေဆက်ဖြစ်ပြီး အလိမ်ပေါ်တဲ့တစ်နေ့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားဖွယ်ဟာသနှောတင်ဆက်ပြထားတဲ့ကားကောင်းလေးဖြစ်ပါတယ်... Filesize : 1.16 GB / 687 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Brother of Lottery ( 2022 )

Welcome To The Game ( 2024 ) 6
Welcome To The Game ( 2024 ) ကစားပွဲလေးက ကြိုဆိုလိုက်ပါတယ်...အမြဲတမ်း လောင်းကစားဆို နိုင်နေတဲ့ ပန်ကာထိပ်က ဝက်အူ လုဖေးတစ်ယောက်... အချီကြီးရှုံးသွားတဲ့ကစားပွဲတစ်ခုကို ပုံဖော်တင်ဆက်ပေးထားတဲ့ကားလေးတစ်ကားပါ... အားလုံးသိမှာပါ လောင်းတယ်ဆိုတဲ့ ကစားပွဲမှာ...လောင်းတာက ငွေမဟုတ်ပါဘူး...စိတ်ကိုပါ.... အလျော်အစားတော့ကြီးတာပေါ့... လုဖေးတစ်ယောက်က ကာစီနိုတွေမှာ အချဉ်ဖမ်းနေကြသူတစ်ယောက်ပေါ့... တစ်နေ့ သူအချဉ်ဆိုပြီး ၁၀ သိန်းနဲ့လောင်းလိုက်မိတာ... သူရှုံးသွားခဲ့ပါတော့တယ်...ဒီလိုနဲ့ ၆ ရက်အတွင်း သူအကြွေးမဆပ်နိုင်ရင် ကလီစာထုတ်ရောင်းခံရမယ့်အခြေအနေရောက်နေတာပေါ့... ဒီတော့ လုဖေးလည်း ဒီအကြွေးကိုဆပ်ဖို့ နောက်ထပ် ကစားပွဲတစ်ခုကို လောင်းကြေးထပ်ခဲ့ပါတယ်...ဒါကတော့ သူ့အကြွေးရှင်ရဲ့သမီးကို ပြန်ပေးဆွဲတာပါပဲ... ဟုတ်ပါတယ်... လုဖေးတစ်ယောက် နေရင်းထိုင်ရင်း သူဌေးသမီးတစ်ယောက်ကို ကောက်ရပြီး... အဲ့သူဌေးသမီးက အကြွေးရှင်သမီးဖြစ်နေတာကြောင့်.... ပြန်ပေးဆွဲယောင်ဆောင်ပြီး ရတဲ့ငွေနဲ့ အကြွေးပြန်ဆပ်ဖို့ မဟာစီမံကိန်းကြီးရေးဆွဲပြီး ကစားပွဲကို စကပါတော့တယ်....သူ့အစီစဉ်တိုင်းအောင်မြင်မှာလား.... ဒီကစားပွဲက ဘယ်သူက ကစားသမားလဲ... ဘယ်သူက နယ်ရုပ်လဲဆိုတာကတော့... CM နဲ့အတူ ကြည့်ပြီး ဖော်ထုတ်ကြတာပေါ့ စုံထောက်တို့ရေ... Filesize : 925 MB / 554 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Crime ...
movie

Welcome To The Game ( 2024 )

The Three Pests ( 2024 ) 5.8
The Three Pests ( 2024 ) ဒီတစ်ခေါက်မှာတော့ လုံးဝကို ရယ်မော ပျော်ရွှင်စေမယ့် ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.... ဇာတ်လမ်းလေးကတော့ ဆေးဝါးစက်ရုံမှူးတစ်ယောက်ရဲ့ ကောင်းမှူနဲ့ အရူး ၃ ကောင်စုဝေးသွားတာပါပဲ...ပထမအရူးကတော့ သိုင်းလောကအရူးပါ... သိုင်းလောကဆိုတဲ့စကားလုံးကို ပါးစပ်ကမချတဲ့ ငွေတိုးချေးသမားပါပဲ... သူက ယုံကြည်စိတ်နဲ့ စက်ရုံမှုးကို ငွေသိန်း ၂၀ ချေးခဲ့ပေမယ့်... ငွေမဆပ်နိုင်ရင် ဆေးဝါးစက်ရုံရဲ့ ဂျင်ဆင်းရိုင်းကို ပေးမယ်ကတိပေးထားပေမယ့်... လူသေလို့ အကြွေးပျက်သွားတဲ့ အဖြစ်မျိုး ကြုံရပြန်တယ်...နောက်အရူးတစ်ယောက်ကတော့ စက်ရုံမှူးရဲ့ လောင်ကစားမက်တဲ့ သားရူးပါပဲ... သူကလည်း လောင်းကစားကြွေးကို ခြေတစ်ဖက်ရင်းရတော့မယ့်အခြေအနေမှာပဲ... သူလည်း ဂျင်ဆင်းရိုင်းနဲ့ အကြွေးဆပ်မယ်ပြောထားပြီး မြွေပါလည်းဆုံး သားလည်းဆုံးတဲ့ဘဝရောက်နေပြန်တယ်...နောက်ဆုံးအရူးကတော့...စက်ရုံက အလုပ်သမားဟောင်း အဖေကြီးဆေးဖိုးကို တောင်းဖို့ကြိုးစားရင်းနဲ့ ... စက်ရုံမှူးအမွေအရှုပ်ထုပ်ကြားထဲရောက်သွားတာ... သုံးယောက်လုံး ဦးတည်ချက်ကတော့... သိန်း ၂၀ တန်တဲ့ ဂျင်ဆင်းရိုင်းကိုရယူဖို့ပါပဲ... ဘဝမှာ ပထမဆုံး ပစ္စည်းခိုးရမှာဆိုတော့ ဘာတွေဘယ်လိုပြင်ဆင်ကြ လွဲကြတယ်ဆိုတာကို.... ဟာသအနေနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးမို့ အတူရယ်မောဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Filesize : 1.32 GB / 713 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : ...
movie

The Three Pests ( 2024 )

A Frozen Rage ( 2024 ) 5.9
A Frozen Rage ( 2024 ) CM ချစ်ပရိသတ်တို့အတွက် Frozen Rage ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆို.... လောင်တနဲ့ လောင်အာ့ ဆိုတဲ့ ညီအစ်ကို ၂ ယောက်ရှိတယ်ကွယ်... လောင်တက လောင်အာ့ကို အရမ်းချစ်တယ်ဆိုတာထက် အပြစ်ရှိတယ်လို့ ခံစားရတာ... သူ့ပေါ့ဆမှုကြောင့် သူ့ညီလေး ကားတိုက်ခံရပြီး ကြပ်မပြည့်ဖြစ်ခဲ့ရတယ်...ဒါကြောင့်လည်း အသက်လေးရလာတော့ အစ်ကိုကြီး အဖရာအဖြစ် သူ့ညီလေးအတွက် ကြင်ဖက်ရှာပေးတာပေါ့.... ကြင်ဖက်ရှာပေးပေမယ့်လည်း သူ့ညီလေးရဲ့ ထူးခြားတဲ့အခြေအနေကြောင့် သမီးရှင်ဖက်က တော်ရုံ သဘောမတူဘူးပေါ့...တစ်ဖက်မှာ လောင်အာ့ကို ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ ဦးလေးယိဆိုသူက... သူတို့မိဘမြေကို ဈေးနှိမ်ငှားထားတဲ့အပြင် လောင်တချစ်ရတဲ့ ကျင်းယန်ကိုလည်း လက်ထပ်ယူထားတာပေါ့... ဒါတွေကို သည်းခံနိုင်ပေမယ့်... အခု လောင်တအတွက် အရေးကြီးတာ ငွေရှာဖို့...လောင်အာ့အတွက် တောင်းရမ်းငွေစုဆောင်းနိုင်ဖို့ပဲ... ဒီတော့ ဒီမြေကို ပြန်ယူဖို့လိုတယ်... လောင်တတစ်ယောက် လောင်အာ့အတွက် တောင်းရမ်းငွေစုနိုင်မှာလား... မိဘပိုင်မြေကိုရော ပြန်ရမှာလား.... ဒီမြေမှာ ဘာလျို့ဝှက်ချက်ရှိနေသေးတာလဲ... နောက်ပြီး လောင်အာ့ကို တိုက်သွားတဲ့သူကရောဘယ်သူလဲ... CM နဲ့အတူ ဇာတ်လမ်းလေးထဲ အဖြေရှာကြရအောင်... Filesize : 1.54 GB / 809 MB Quality : WEB-DL 1080p HEVC , ...
movie

A Frozen Rage ( 2024 )

Easy Money ( 2023 ) 5.7
Easy Money ( 2023 ) ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာ ပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ...... လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့ မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။ တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာက ရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာ သေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Easy Money ( 2023 )

Romantic Adventures ( 2023 ) 5.9
Romantic Adventures ( 2023 ) အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Romantic Adventures ( 2023 )

I Like You More ( 2023 ) 5.9
I Like You More ( 2023 ) ရိုးရိုးလေးနဲ့ တသသတွေးနေရမဲ့ အချစ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ရောခ်ဂီတအဖွဲ့တစ်ခုနဲ့ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဖန့်ခွေအန်းဟာ သူမရဲ့ ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲ သူမရဲ့အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ သတင်းကို ရခဲ့ပါတယ်။အဖိုးလက်ထပ်ကတည်းက အောင်မြင်ခဲ့တဲ့ စားသောက်ဆိုင်က ဒီလိုနဲ့ပဲ သူ့လက်ထဲကို ရောက်လာပါတော့တယ်။ မိသားစုလုပ်ငန်းဖြစ်သော်လဲ သူမမှာ ဟင်းချက်နည်းတွေကို မြင်သာမြင်ဖူးပြီး ကိုယ်တိုင်က မလုပ်တတ် မကိုင်တတ်ဖြစ်နေပါတယ်။တိုက်ဆိုင်စွာနဲ့ သူမတို့ စားသောက်ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတာကြောင့် သူမက လျော်ကြေးမပေးနိုင်ပဲ အိမ်မှာ လက်ခံထားတဲ့ ကုန်းပေါင်ဆိုတဲ့ လူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ......သူတို့နှစ်ယောက် အတူတကွ စားသောက်ဆိုင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား ...... သူတို့ နှစ်ယောက်ကရော မတည့်အတူနေ ကနေ ချစ်မေတ္တာတွေက ဘယ်လို ပေါက်ဖွားလာမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ကြည့်ရှု ခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h ...
movie

I Like You More ( 2023 )

Fortuna 4 ( 2023 ) 5.9
Fortuna 4 ( 2023 ) အမြဲတမ်း ကြွားလုံးထုတ်လေ့ရှိတဲ့ ဖခင်ဖြစ်သူကို ပိုင်ဆိုင်ထားသူ ၊ ယခုလက်ရှိမှာ ဆင်းရဲမွဲတေနေခြင်းကို ဖခင်ဖြစ်သူ အသုံးမကျလို့ဟု အမြဲတစေ ပြစ်တင်ပြောဆိုလေ့ ရှိသူ - ဝမ်ကျားချန်တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက်ကြွယ်ဝခြင်းနတ်ဘုရားနဲ့ တွေ့ဆုံခဲ့ပြီး အရင်ဘဝက မိမိဟာ စည်းစိမ်ဥစ္စာတွေကိုဖြန့်ကျက်ခဲ့တဲ့ နတ်ဘုရားဖြစ်တဲ့ အကြောင်း သိရှိလိုက်ရပါတယ် ။ တကယ်လို့ နတ်ဘုံကို ပြန်ရောက်ချင်ရင် မိမိဘဝက အဆုံးစွန်သော ကံကောင်းခြင်းကို ရှာတွေ့မှရမယ်ဆိုတာပါ သိလိုက်ရတဲ့အခါ...?နတ်ဘုရားသခင်ဟာ သူ့ကို အရာအားလုံးပြင်ဆင်ဖို့အတွက် သူတစ်ပါးရဲ့ ကြွယ်ဝချမ်းသာခြင်း ကံကြမ္မာတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားတွေကို ပေးသနားခဲ့ပါတယ် ။ ဒီစွမ်းအားတွေကိုပိုင်ဆ်ိုင်ပြီးနောက်မှာ လူတိုင်းရဲ့ ကြွယ်ဝချမ်းသာခြင်း ကံကြမ္မာတွေကို ပြောင်းလဲပေးခဲ့ပေမဲ့ ဆင်းရဲရခြင်းရဲ့ အကြောင်းခံဟာ ဖခင်ဖြစ်သူဖြစ်တဲ့ အကြောင်း မှတ်ယူထားတဲ့ ဝမ်ကျားချန်တစ်ယောက် ဖခင်ဖြစ်သူရဲ့ ကံကြမ္မာကိုတော့ ပြောင်းလဲပေးခဲ့ခြင်းမရှိပါဘူး ။ ဘာကြောင့်လဲဆိုတာကတော့?❏ ဝမ်ကျားချန်တစ်ယောက် နောင်တတွေနဲ့ ဘယ်လိုကျန်ရစ်နေရမလဲ ? ❏ ကြိုးစားပြီးတော့ရော ကံကြမ္မာကိုပြောင်းလဲပြစ်နိုင်ပါ့မလား? နတ်ပြည်ကိုရော ပြန်ရောက်သွားနိုင်မလား ? ❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေဦးမလဲဆိုတာ ဒီကားလေးကို ကြည့်ရှု အဖြေရှာ လိုက်ရအောင်ပါနော် ။ [Reviewed By Chit ...
movie

Fortuna 4 ( 2023 )

The King Of Snipers ( 2023 ) 6.1
The King Of Snipers ( 2023 ) Libiwala ဆိုတဲ့ နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါး တွေ တွင်တွင်ကျယ်ကျယ်အသုံးပြုမှုရှိလာခဲ့ပြီး တရားဝန်စိုက်ပျိုးဖို့အထိ အာဏာပိုင်တွေက လက်ဝါးကြီးအုပ်တိုးချဲ့ခဲ့ပါတယ် ။ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့ / အထိအခိုက်မရှိစေဖို့အတွက် အနယ်နယ်အရပ်ရပ်ကနေ လုပ်ဆောင်ခဲ့ကြပြီး ဆန္ဒပြပွဲတွေလဲ ဆက်တိုက်ဖြစ်ခဲ့ပါတော့တယ် ။ တစ်ဆက်ထဲမှာပါ အမျိုးသမီးစနိုက်ပါသမား အန်းန ၊ အေးဂျင့် အားထိုက် နဲ့ ဒေါက်တာဖန်းတို့ဟာ တာဝန်တစ်ခုက်ို အတူတူ လုပ်ကိုင်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီတာဝန်ကို သူတို့တွေ လုပ်ကိုင်ကြရင်း လုပ်ကြံသတ်ဖြတ်မှုတစ်ခုရဲ့ နောက်ကွယ်က အမှန်တရားကို သိရှိခဲ့ကြပြီး အမှောင်ထု ဒုစရိုက်လောကထဲကို နက်နက်ရှိုင်းရှိုင်း လုပ်ဝင်ရောက်လာခဲ့ကြတဲ့အခါ -❏ မူးယစ်ဆေးနွံနစ်နေတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော သူတို့တွေကယ်တင်နိုင်ကြပါ့မလား ? ❏ သူတို့တွေ တာဝန်ထမ်းဆောင်ရတဲ့ မစ်ရှင်ကိုရော အပြစ်ဆုံးထိ တာဝန်ထမ်းဆောင်နိုင်ပါ့မလား ? ❏ သူတို့ကိုယ်တိုင်ကရော ဒုစရိုက် အမှောင်ထုတောကြီးအတွင်းက ရုန်းထွက်နိုင်ပါ့မလား? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါနော် ။ အက်ရှင်ကားကောင်းကောင်းလေးဖြစ်တာမ်ို့ လက်လွှတ်မခံတမ်းကြည့်ရှုပေးကြပါဦးရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

The King Of Snipers ( 2023 )