Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ron Clinton Smith
6.3
Kemba (2024)
Kemba (2024)ဒီဇာတ်လမ်းက Kemba Smith ရဲ့ တကယ့်ဖြစ်ရမှန်ဇာတ်လမ်းကို အခြေခံပြီးတော့ အမေရိကန်ရဲ့ တရားစီရင်ရေးစနစ်အတွင်း လူမျိုးရေးနဲ့ လူမှုရေးမညီမျှမှုတွေကို ထောက်ပြထားတဲ့ ဒရမ်မာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Kemba ဆိုတဲ့ မိကောင်းဖခင် အမျိုးသမီးလေးက မှောင်ခို မူးယစ်ဆေးဝါးရောင်းဝယ်သမားဖြစ်တဲ့ Khalif နဲ့ ချစ်ကြိုက်မိပြီး သူ့ရဲ့ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့ရတယ်။Khalif ရဲ့ အကြမ်းဖက်မှု၊ စိတ်ဒဏ်ရာတွေပေးပြီး လှည့်စားခံရပေမဲ့ အချစ်ဆိုတဲ့ မိုက်မဲမှုအောက်မှာ Kemba မယုံထွက်နိုင်ဘဲ ဆက်နေဖိုအတွက် ဆုံးဖြတ်ချက်အမှားတွေလုပ်မိလာတယ်။အကျိုးဆက်အနေနဲ့ Khalif အပစ်ခံရပြီး သေဆုံးသွားတာကြောင့် Kemba တစ်ယောက် သူ မကျူးလွန်ခဲ့တဲ့ Khalif ရဲ့ပြစ်မှုတွေအတွက် ထောင်ဒဏ် 24 နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။တရားမျှတမှုမရှိတဲ့ "အနိမ့်ဆုံးအပြစ်ဒဏ် သက်မှတ်မှု" ကတိကိုချိုးဖောက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လူမျိုးရေးဘက်လိုက်တဲ့ ဥပဒေစနစ်ကြီးကို Kemba တင်မကဘဲ Kemba ရဲ့ မိဘတွေ၊NAACP Legal Defense Fund ...
movie
Kemba (2024)
2024
5.9
Dead Money (2024)
Dead Money (2024)IMDb Rating (5.9) / Rotten Tomatoes (25%) ဒီ သဲထိပ်ရင်ဖိုဇာတ်ကားတော့ လောင်းကစားကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အန်ဒီလို့ခေါ်တဲ့ ပရော်ဖက်ရှင်ပိုကာကစားသမားတစ်ယောက်ဟာ တစ်ညမှာ သူ့ရဲ့ ခွင်တွေ့ထားတဲ့ကစားဝိုင်းကို သွားကစားခဲ့ပါတယ်။ဖြစ်ချင်တော့ အန်ဒီအကုန်ရှုံးပြီးကာမှ အချီကြီးပြန်နိုင်သွားပါတယ်။ အချီကြီးနိုင်သွားပြီးတဲ့နောက် သူ့ရဲ့ကောင်မလေး ကလိုဝီနဲ့ မြို့ပြောင်းပြီးနေဖို့ စိတ်ကူးထားတာပါ။ဒါပေမဲ့ဖြစ်ချင်တော့ ဝိုင်းသိမ်းခါနီးမှာပဲ ဓားပြနှစ်ယောက်ဟာ အန်ဒီတို့ ကစားနေတဲ့ဝိုင်းကို ဓားပြတိုက်သွားပြီး တစ်ဝိုင်းလုံးအလုခံလိုက်ရပါတယ်။ဓားပြတိုက်ခံရလို့ ဝိုင်းပျက်သွားပြီးတဲ့နောက်မှာ အန်ဒီဟာ စိတ်ပျက်ပျက်နဲ့ သူ့ကောင်မလေးနဲ့အတူ အိမ်ကိုကားနဲ့ပြန်လာခဲ့ပါတယ်။ပြန်နေရင်းလမ်းမှာပဲကောင်မလေးက လပ်တော့ပ်ကျန်ခဲ့လို့ဆိုပြီး ဝိုင်းထောင်တဲ့အိမ်ကိုပြန်သွားလိုက်ပါတယ်။ဒီလိုနဲ့ အန်ဒီတစ်ယောက် ပစ္စည်းသွားပြန်ယူတဲ့အချိန်မှာငွေထုပ်ကြီးတစ်ထုပ် အိမ်ရဲ့ လှေကားရင်းမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒီငွေထုပ်ကြီးကိုယူပြီးနောက်မှတော့ အန်ဒီရဲ့ဘဝဟာ တဖန်ပြန်သာယာမလိုဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငွေထုပ်ကြီးရဲ့ သမိုင်းကို အန်ဒီသိသွားတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (600 MB) Quality….WEB-Rip 1080p HEVC / ...
movie
Dead Money (2024)
2024