Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert Klein
6.2
Two Weeks Notice (2002)
" လမ်းခွဲဖို့ နှစ်ပတ် အလို " ----------------------------ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ်ကပရိုဂျူဆာ လုပ်ထားပြီး သူကိုယ်တိုင် မင်းသမီး အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်လဲ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့... ပြည်သူ့အကျိုးပြု ရှေ့နေမိသားစုက ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့် ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ရှေ့နေမလေး လူစီ အကြောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်.... ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက် သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့်ပုံစံ မျိုး ဖြစ်နေတာပါ လူစီက ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေရပ်တည်ပြီး ခရိုနီတွေရဲ့ ချဉ်ဖတ် ဖြစ်နေသူဆိုလဲ မမှားပါဘူး...တစ်ရက်မှာတော့ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အသင်းတိုက်တစ်ခုကို ဝိန့်ဒ်မိသားစုပိုင်လုပ်ငန်းက ကန်ထရိုက်ယူပြီး ဖြိုဖျက်ကာ ခေတ်မှီအဆောက်အဦးတစ်ခုဆောက်ဖို့ အကြောင်းဖန်လာပါတယ်... ဒီ အသင်းတိုက်ဟာ လူစီ နဲ့ သူ့မိဘ နှစ်ပါးရဲ့အမှတ်တရတွေအပြင် ပြည်သူလူထု လိုအပ်နေတဲ့ ရှေးဟောင်း အမွေအနှစ်မို့ မပျက်စီးရအောင် ဝိန့်ဒ်လုပ်ငန်းစုရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဝိန့်ဒ်ဂျော်ဂျီဆီ ရောက်သွားတဲ့အခါမှာတော့ ဂျော်ဂျီကလဲ အကြံပေး ရှေ့နေတစ်ဦး ...
movie
Two Weeks Notice (2002)
2002
5.4
People I Know (2002)
People I Know (2002)IMDb Rating (5.4) / Rotten Tomatoes (45%) အီလိုင်ဝါးမန်းဟာ ကြော်ငြာပြန်ကြားပေးရတဲ့သူပါ သူဟာအသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်တွေလည်းပါးလာပါတယ်။သူ့မှာ ဆီးသွားရင်သွေးပါတတ်တဲ့ရောဂါလည်းရှိပြီး အရက်နဲ့မူးယစ်းဆေးစွဲနေသူပါ ကယ်ရီလော်နာဆိုတာကတော့ အော်စကာဆုရနာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ။ကယ်ရီလော်နာကပဲ အီလိုင့်ဆီကိုအလုပ်အပ်တဲ့ တစ်ဦးတည်းသောအလုပ်ရှင်ပါ ကယ်ရီလော်နာ ရှုပ်ခဲ့သမျှပြဿနာတွေကိုလည်း အကုန်လိုက်ရှင်းပေးရပါတယ်။တစ်နေ့မှာ ကယ်ရီဟာ သူနဲ့ပက်သက်ခဲ့တဲ့ဂျေလီဟော့ပါဆိုတဲ့မော်ဒယ်တစ်ယောက်အဖမ်းခံရတဲ့ကိစ္စကို အီလိုင့်ကိုတာဝန်ဖြေရှင်းခိုင်းရာကအီလိုင့်ရဲ့ ဆိုးနေတဲ့ဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(3.1 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane
movie
People I Know (2002)
2002
6.5
How to Lose a Guy in 10 Days (2003)
How to Lose a Guy in 10 Days (2003)~ IMDb - 6.5/10, Rotten Tomatoes - 42% ~Kate Hudson နဲ့ Matthew McConaughey တို့လို နာမည်ကျော်ထဲက နာမည်ကျော်သရုပ်ဆောင်တွေ ဇာတ်ဆောင်လုပ်ထားတဲ့ ရိုမန့်တစ်ဟာသကားပေါ့။ ဘာထူးခြားလဲဆိုရင်တော့ အခုထိ မကြည့်ဖြစ်သေးရင်တော့ မရတာကြာတဲ့အရသာတစ်ခုပြန်ရလိမ့်မယ်။ ဟိုးတုန်းက ကျွန်တော်တို့ကြည့်ဖူးခဲ့တဲ့ ဟောလိဝုဒ်အချစ်ရိုမန့်တစ်ကားတွေက တခြားကထွက်တဲ့ရိုမန့်တစ်ကားတွေနဲ့ မတူတဲ့အရသာတစ်ခုရှိတယ်။ အဲဒီလိုအရသာမျိုးကို ၂၀၀၀ခုနှစ်ပတ်လည်နားက ကားတွေမှာတော့ ကျွန်တော်တို့ရခဲ့ကြပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲဒီလိုပုံစံတွေ ပြန်ရိုက်ရင်တောင် အဲဒီအရသာပါမလာတော့တာ သတ်လတ်ပိုင်းတော်တော်များများတော့ သိကြမှာပါ။ How to Lose a Guy in 10 Days (2003)က ထူးထူးခြားခြားကောင်းနေတဲ့ ရုပ်ရှင်တော့ မဟုတ်ပေမဲ့ အဲဒီလိုအရသာမျိုးကို ပြန်ပေးနိုင်တဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းဆိုတော့ ...
movie
How to Lose a Guy in 10 Days (2003)
2003
6.7
Primary Colors (1998)
Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie
Primary Colors (1998)
1998