Channel Myanmar

Rob Reiner

Misery (1990) 7.8
Misery (1990) စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းစာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်းအသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်ကသူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့ မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီးKathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ်  File Size :  14 GB, 3.3 GB, 1.5 GB Quality ...
movie

Misery (1990)

1990
4K HEVC
Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
The Majestic (2001) 6.9
The Majestic (2001) The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie

The Majestic (2001)

2001