Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ricardo Abarca
4.9
Anyone But Her (2024) Todas menos tú
Anyone But Her (2024)ရိုမန်တစ်ကော်မတီတွေဟာ ကြည့်ရှုသူတိုင်းအတွက် entertain အဖြစ်ဆုံး genre တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ သမာရိုးကျ မင်းသားနဲ့မင်းသမီးတင်မဟုတ်ဘဲ ဇာတ်ကွက်ထဲမှာ သူငယ်ချင်းတွေပါ ပါလာပြီဆိုရင်တော့ ဘယ်လိုထင်သွားကြမလဲပေါ့။ဒီဇာတ်ကားတော့ Romance အပြင် Comedy ကိုပါ ဆန်းပြားတဲ့နည်းလမ်းနဲ့ ထည့်သွင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းဆန်ဒရာ၊ လူးဝစ်၊ ဂါဘီ၊ ရောဘတ်တို၊ နော်မာ နဲ့ ဖာဘီယန်တို့ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အရမ်းခင်ကြတဲ့သူတွေပါ။ဘယ်လောက်ထိခင်ကြလဲဆိုရင် သက်ထက်ဆုံးလက်တွဲဖော်ရရင်တောင်မှ သေကွဲပဲကွဲမယ်ဆိုပြီးတော့ တစ်အိမ်ထဲမှာ သွေးနှောတဲ့မိသားစုသဖွယ်နေကြတဲ့သူတွေပါ။ဖြစ်ချင်တော့ ဆန်ဒရာနဲ့ လူးဝစ်တို့က အရင်က ချိတ်ဟောင်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပြတ်သွားပြီး လူးဝစ်က သူငယ်ချင်းတွေနေရာအိမ်နဲ့ ခဏလောက်ဝေးသွားပါတယ်။ဒီလိုနဲ့ တစ်ညမှာ သူငယ်တွေအားလုံးမိတ်ဆုံစားဖို့ ချိန်းထားကြတဲ့အချိန်မှာ လူးဝစ်ပါပြန်ရောက်နေတာကို ဆန်ဒရာတစ်ယောက်တွေ့လိုက်ရပါတယ်။ex ကို ရင်ပြန်ခုန်ချင်သလိုဖြစ်သွားတဲ့ ဆန်ဒရာတစ်ယောက် သူငယ်ချင်းတွေမြှောက်ပေးမှုနဲ့ လူးဝစ်နဲ့ ပြန်ချိန်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်း ကံဆိုးချင်ပြန်တော့ အဲဒီလိုပြောတော့မယ့်အချိန်ကျခါမှ လူးဝစ်က သူ့ရဲ့လက်ရှိကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုပြီးဖြစ်လာပါတယ်။ဒါ့အပြင် သူငယ်ချင်းတွေသစ္စာဆိုထားတဲ့ သေတူရှင်မကွဲဆိုတာကို ...
movie
Anyone But Her (2024) Todas menos tú
2024
Miss Bala (2019)
unicode ဒီကားလေးကတော့ plot twist များတဲ့ အက်ရှင်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတို့ စိတ်တိုင်းကျစေမယ့်ကားကောင်းလေးပါ။ အမေရိကန်-မက်ဆီကန် ကပြားမလေးဂလော်ရီရာဟာ သာမန်မိတ်ကပ်ပညာရှင်တစ်ယောက် သူမအချစ်ဆုံးသူငယ်ချင်းဆူဇူးရဲ့အလှမယ်ပြိုင်ပွဲအတွက် ကူညီပေးဖို့ရောက်လာပါတယ်။ အမှတ်မထင်ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာပျောက်ဆုံးသွားတဲ့ သူငယ်ချင်းကိုပြန်လည်ရှာဖွေမယ့်ဇာတ်အိမ်မျိုးပေါ့။ အားနွဲ့တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ကြုံတွေ့လာမယ့် အန္တရာယ်တွေ နိုင်ငံရေးရှုပ်ထွေးမှုကြား ရှင်သန်နိုငပါ့်မလားဆိုတာကတော့ CM Fan များ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး ဘာသာပြန် နဲ့ အညွှန်းကတော့ Hnyot Myet Wunn ဖြစ်ပါတယ် zawgyi ဒီကားေလးကေတာ့ plot twist မ်ားတဲ့ အက္ရွင္ဇာတ္လမ္းေတြႀကိဳက္ႏွစ္သက္သူတို႔ စိတ္တိုင္းက်ေစမယ့္ကားေကာင္းေလးပါ။ အေမရိကန္-မက္ဆီကန္ ကျပားမေလးဂေလာ္ရီရာဟာ သာမန္မိတ္ကပ္ပညာရွင္တစ္ေယာက္ သူမအခ်စ္ဆံုးသူငယ္ခ်င္းဆူဇူးရဲ႕အလွမယ္ၿပိဳင္ပြဲအတြက္ ကူညီေပးဖို႔ေရာက္လာပါတယ္။ အမွတ္မထင္ပစ္ခတ္တိုက္ခိုက္မႈေတြၾကားမွာေပ်ာက္ဆံုးသြားတဲ့ သူငယ္ခ်င္းကိုျပန္လည္ရွာေဖြမယ့္ဇာတ္အိမ္မ်ိဳးေပါ့။ အားႏြဲ႕တဲ့မိန္းကေလးတစ္ေယာက္အေနနဲ႔ ၾကံဳေတြ႕လာမယ့္ အႏၱရာယ္ေတြ ႏိုင္ငံေရးရႈပ္ေထြးမႈၾကား ရွင္သန္ႏိုငပါ့္မလားဆိုတာကေတာ့ CM Fan မ်ား ဆက္လက္ၾကည့္ရႈလိုက္ၾကပါအံုး ဘာသာျပန္ နဲ႔ အညႊန္းကေတာ့ Hnyot Myet Wunn ျဖစ္ပါတယ္
movie
Miss Bala (2019)