Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ric Reitz
6.1
28 Days (2000)
28 Days (2000)IMDb Rating (6.1) "28 Days" ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဂွမ် ဟာ ပါတီပွဲတွေ၊ အရက်တွေနဲ့ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူမဟာ မတော်တဆမှုတစ်ခုကို ဖန်တီးမိပြီး နောက်ဆုံးမှာ ပြန်လည်ထူထောင်ရေးစင်တာကို ရောက်ရှိသွားပါတယ်။ဒီနေရာမှာ ဂွမ် ဟာ သူမရဲ့ ဘဝကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေရတဲ့ ခရီးကို စတင်ပါတယ်။ဇာတ်ကားထဲမှာ ဂွမ် ရဲ့ ဇာတ်ရုပ်ဟာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီး သူမရဲ့ အားနည်းချက်တွေကို လက်ခံပြီး ကျော်လွှားနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့ ခံစားချက်တွေ၊ ရုန်းကန်မှုတွေကို ဇာတ်ကားက ရိုးရိုးသားသား ဖော်ပြထားပါတယ်။ဒီဇာတ်ကားဟာ ပြန်လည်ထူထောင်ရေးနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ဇာတ်လမ်းကို ရိုးရှင်းစွာနဲ့ စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားတဲ့ ...
movie
28 Days (2000)
2000
The System (2022)
The System (2022)ကားအမျိုးအစားက Action, Crime ဆိုတော့ အချိန်တိုလေးအတွင်း အပျင်းပြေကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပါပဲ။ အချိန်လည်းသိပ်မပေးချင် ဇာတ်လေးလေးပင်ပင်တွေလည်း မကြိုက်ဘဲ ပေါ့ပေါ့ပါပါး တိုက်လိုက် ခိုက်လိုက်ကားလေးနဲ့ စိတ်အပန်းဖြေချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါ။ မင်းသားတွေကတော့ ကတုံးကားမောင်း မြန်စေလျောင်းကားတွေမှာ အစကတည်းကနေ ကြားဖောက်ကားတွေကလွဲ 9 အထိပါခဲ့တဲ့၊ နောက်ကားတွေလည်း ဆက်ပါနေဦးမယ့် Tyrese Gibson နဲ့ မူလလက်ဟောင်း War Machine ကြီး Terrence Howard တို့ပါပဲ။ ရင်းနှီးပြီးသားမင်းသားတွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားလေးဆိုတော့ အားလုံး သဘောကျကြမှာပါ။တယ်ရီဆဲဗေ့ဂျ်ဟာ တိုင်းပြည်အတွက် အသက်ပေးအမှုထမ်းခဲ့ပြီး စစ်မြေပြင်မှာ ဆုတွေအလီလီရတဲ့ထိတိုင်အောင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူရဲကောင်းတစ်ယောက်ပေမဲ့ တာဝန်ပြီးလို့ အိမ်ပြန်ရောက်ချိန်မှာတော့ တိုင်းပြည်အစိုးရရဲ့ မျက်ကွယ်ပြုခြင်း ခံရပြီး ဘဝက ယိုယွင်းလာခဲ့တယ်။ အဲဒီလိုနဲ့ နောက်ဆုံး သူ့သမီးအသက်မသေရအောင် ဆေးဖိုးရှာဖို့ ကြံရာမရတဲ့နောက်မှာ ...
movie
The System (2022)
2022
5.5
Willy’s Wonderland (2021)
Willy's Wonderland (2021) နစ်ကိုလပ်ကေ့ဂ်ဟာ ဟိုးတုန်းက National Treasure တို့ Lord Of War တို့ The Rock တို့လို ရုပ်ရှင်ကားကောင်းအများကြီးရိုက်ခဲ့တဲ့အပြင် Leaving Las Vegas တို့ City Of Angels တို့ Wild at Heart တို့လို အနုပညာရည်မနိမ့်တဲ့ကားကောင်းတွေလည်း ရိုက်ခဲ့တဲ့သူပါ။ ဟိုးတုန်းက သူရိုက်သမျှ မကောင်းတဲ့ကားမရှိပါဘူး။ နောက်ပိုင်းမှာတော့ တစ်နှစ်ငါးကားလောက် ပေါပေါလာလောရိုက်ခဲ့လို့ ဇာတ်ညွှန်းချာတဲ့ ကားတွေများလာပါတယ်။ ဒါပေမဲ့ နစ်ကေ့ရဲ့ ဇာတ်ကောင်အပေါ် စိတ်နှစ်ကြိုးစားမှုကတော့ မလျော့ခဲ့ပါဘူး။ အင်တာဖန်အများစုကလည်း ကားတွေညံ့ပေမဲ့ နစ်ကေ့ကတော့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုပါတယ်။ နစ်ကေ့ကိုယ်တိုင်လည်း ဒီလိုပဲပြောထားပါတယ်။ သူ့ကိုချစ်တဲ့သူတွေ ချစ်သေးတာပါပဲ။2021 မှာတော့ နစ်ကေ့ဟာ ဘရုစ်ဝီလီစ်တို့ မယ်ဂစ်ဆွန်တို့ စုံးစုံးမနစ်သွားဘဲ ကားကောင်းတွေချည်း ပြန်ရွေးရိုက်လာပါတယ်။ ဝီလီ၀န်းဒါးလန်းလို သရဲကားအနေနဲ့မဆိုးတဲ့ကားကနေ စလိုက်တာပြောရမယ်။ ...
movie
Willy’s Wonderland (2021)
2021