Channel Myanmar

Ren Zhengbin

Liar, Liar, Love is on Fire (2025) 5.8
Liar, Liar, Love is on Fire (2025) ချစ်စရာကောင်းတဲ့ Influencerမလေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှောင်လိနဲ့ဟောက်ကျားတို့ဟာ အများအမြင်မှာတော့အရမ်းကိုချစ်ကြတဲ့ အားကျရတဲ့ချစ်သူစုံတွဲဖြစ်ပြီးတော့ တကယ်တန်းမှာတော့ သူတို့ကဝင်ငွေရဖို့အတွက် ဟန်ဆောင်ပြီးVlogတွေရိုက်နေကြတာပဲဖြစ်ပါတယ်။Followersတွေတဖြည်းဖြည်းနဲ့ကျလာတော့ သူတို့ရဲ့ဝင်ငွေထိခိုက်လာတော့ ရှောင်လိက အကြံကုန်ဂဠုန်ဆားချက် သူတို့ရဲ့မင်္ဂလာဆောင်ကို Liveလွှင့်မယ်ဆိုပြီးတော့ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် ဟောက်ကျားက ဘယ်လိုမှသဘောမတူပါဘူး။ ဟောက်ကျားသဘောတူလာအောင် အမျိုးမျိုးလှည့်ပြောရင်း ရှောင်လိကသစ္စာကျိန်ဆိုမိရာကနေပြီးတော့ လုံးဝလိမ်ပြောလို့မထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ဘယ်လိုမှလက်မခံနိုင်တဲ့ဟောက်ကျားက ဇာတိမြို့လေးကိုပြန်သွားခဲ့တော့။ အရင်က Viewer တိုးဖို့အရေးဘာမဆိုလုပ်ပြီး အလိမ်အညာတွေကို လှည့်ပတ်ပြောတတ်တဲ့ ရှောင်လိတစ်ယောက် ဟောက်ကျားရဲ့ဇာတိကို လိုက်သွားပြီးတော့ လိမ်မပြောပဲ ဟောက်ကျားကလက်ထပ်ဖို့ သဘောတူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။ Filesize : 1.36 GB / 778 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Liar, Liar, Love is on Fire (2025)

Black Storm ( 2024 ) 6.2
Black Storm ( 2024 ) အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်...ဇာတ်လမ်းအကျဉ်းလေးကတော့... ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့...ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့... တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့...တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်... တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ ... ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်... ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့... ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား... တခြား ဘာပတ်သက်မှုတွေရှိသေးလဲ... လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ... ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်... Filesize : 6.15 GB / 1.55 GB / 801 MB Quality : WEB-DL 4K HEVC , ...
movie

Black Storm ( 2024 )

4K HEVC
Secret Escort ( 2022 ) 6.9
Secret Escort ( 2022 ) CM Chinese fan တွေအတွက် ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ထိန်းသိမ်းဖို့ကြိုးစားနေတဲ့ တရုတ်အမျိုးသားတပ်မတော်ရဲ့ နိုင်ငံခြားရောက် တရုတ်လူမျိုးများကို ကယ်ဆယ်ရန် မစ်ရှင်ဆောင်ရွက်ချိန်မှာ စီးပွားရေးသမားများက သွေးဆောင်ခံရလို့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ သဘောထားကွဲလွဲမှုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပေါ့...အက်ရှင်ကြိုက်ဖန်လေးတွေအတွက် မဖြစ်မနေကိုကြည့်သင့်တဲ့ကားကောင်းနော်... နိုင်ငံခြား တရုတ်လူမျိုးတို့ရဲ့ အန္တရာယ်နဲ့ ကာကွယ်မှုကင်းမဲ့ကြောင်းကို ရိုက်ပြထားသလို ဒါက နိုင်ငံခြားရောက်သူအားလုံး ကြုံတွေ့နေတာမို့ လေ့လာသင့်တဲ့ အချက်ပေါ့...ဒီလိုပဲ တစ်ဖက်မှာ စီးပွားရေးသမားတွေ တစ်ဒင်္ဂ ငွေတစ်မျက်နှာကြည့်ပြီး ဆုံးဖြတ်လိုက်တာကြောင့် ဘယ်လိုဒုက္ခတွေရောက်နိုင်သလို... ဒီဒုက္ခဟာဆိုရင် သူတစ်ဖက်သားကိုပဲထိခိုက်စေတာမျိုးမဟုတ်ဘူးကိုယ်တိုင်ရောကိုယ့်မိသားစုအထိ ထိခိုက်စေတာမို့ ငွေတစ်မျက်နှာတည်းကြည့်ပြီး ကိုယ့်တိုင်းပြည်နဲ့ လူမျိုး ပြည်သူကို မရောင်းချမိအောင် အခိုင်အမာ ကာကွယ်စောင့်ရှောက်သင့်ကြောင်းကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Secret Escort ( 2022 )