Channel Myanmar

Redin Kingsley

Devil’s Double Next Level (2025) 5
Devil’s Double Next Level (2025) DD Next Level 2025 "သတ္တိဗျတ္တိ" IMDb - 4.8/10Dhilluku Dhuddu ရုပ်ရှင်စီးရီးရဲ့ လေးကားမြောက်ရုပ်ရှင်ထွက်ရှိလာပါပြီ။ ရှေ့ကားတွေလိုပဲ အခွီတွေ လန့်စရာတွေနဲ့ ခပ်ဆန်းဆန်းပေါင်းဆက်ထားတဲ့ ရုပ်ရှင်ကားပါ။Kissa47ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တွေကို ဝေဖန်လေကန်တဲ့ နာမည်ကျော်ရီဗျူဝါကတော့ ခရစ်ရှ်နာ။ အိမ်မှာတော့ ဘာမှလက်ကြောမတင်းတဲ့ သောက်ဖျင်းလေးပေါ့။ရုပ်ရှင်ဆိုတာ လူတိုင်းချစ်ခင်နှစ်သက်သင့်တဲ့အရာ၊ အဲဒါကိုဘယ်သူမှ လှောင်ပြောင်ဝေဖန်တာမျိုး မလုပ်သင့်ဘူးဆိုတဲ့ ဒါရိုက်တာဟစ်ချ်ကော့။တစ်ရက်တော့ ဒါရိုက်တာ ဟစ်ချ်ကော့ဆီကနေ ခရစ်ရှ်နာဆီကို အထူးပွဲကြည့်ဖို့ တစ်မိသားစုလုံးကြွရောက်လာပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အဲဒီမှာပဲ ထင်မထားလောက်တဲ့ ဇာတ်လမ်းသွားရယ် အခွီတွေ လန့်စရာတွေအပြည့်မို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Devil’s Double Next Level (2025)

Jolly O Gymkhana (2025) 5.5
Jolly O Gymkhana (2025) Jolly O Gymkhana 2025 ထူးဆန်းတဲ့ညီအစ်မသုံးဖော်ရဲ့အရှုပ်တော်ပုံIMDb - 7.5/10ဘောလိဝုဒ်အချစ်တော် ယိုဂီဘာဘူရဲ့ indian-tamilဇာတ်ကားလေးထွက်ရှိလာပြီဖြစ်လို့ပရိသတ်ကြီးတို့အတွက်အခုပဲတင်ဆက်ပေးလိုက်ပါပြီ။အမြဲဗရုတ်သုတ်ခ ဟာသဇာတ်ရုပ်နဲ့မြင်နေကြ ယိုဂီဘာဘူကို ဒီတစ်ခါတော့ လိပ်ခေါင်းထွက်နေလို့ တိုင်ပတ်နေတဲ့ ဖာသာအဖြစ် မြင်တွေ့ရမှာပါ။ဖာသာမာတင်လူသာကင်းတစ်ယောက် လိပ်ခေါင်းဝေဒနာနှိပ်စက်လို့ ထိုင်မရထမရ ဆေးရုံပြေးဖို့ ကွတတနဲ့ထွက်လာချိန်မှာဘာဗာနီဆိုတဲ့မိန်းကလေးက လာအကူအညီတောင်းတာခံရပါတယ်။ကိုယ်တိုင် ကွတီးကွတနဲ့မလို့ဖာသာကနားမထောင်ချင်ပေမဲ့ ဘာဗာနီက ဇွတ်အသနားခံနေတာမလို့ ဒီလိုနဲ့ပဲ သူ့ရဲ့ပြဿနာကို နားထောင်ပေးဖို့ဖြစ်လာပါတော့တယ်။ဘာဗာနီတို့ညီအစ်မ 3 ယောက်မှာ ထူးခြားတဲ့စွမ်းရည်ကိုယ်စီရှိကြပြီး အမေဖြစ်သူ ချယ်လာမာနဲ့ အဘိုးဖြစ်သူသန်ဂါဆွာမိနဲ့အတူ ဗယ်လီကာရန်ဆိုတဲ့ဟိုတယ်မှာ ဒံပေါက်ချက်ရောင်းတဲ့အလုပ်လုပ်ကြပါတယ်။ဒီလိုနဲ့တစ်နေ့ လမ်းကြောင်းအပြောင်းအလဲနဲ့ ဟိုတယ်ရှိတဲ့လမ်းက ပျက်သွားတဲ့အတွက် အဘိုးဟိုတယ်လည်း အရှုံးပေါ်ပြီး လမ်းဘေးရောက်ရတော့တာပေါ့။ဒါကိုမကြည့်ရက်တဲ့ ဘာဗာနီတို့ညီအစ်မတွေက ရော့ကတ်ရာဗီဆိုတဲ့ ငွေတိုးချေးစားတဲ့လူဆီကနေ 15 သိန်းချေးပြီးဟိုတယ်လုပ်ငန်းပြန်လုပ်ဖို့ကြံတော့သူတို့ရဲ့ပထမဆုံး အော်ဒါအကြီးမှာတဲ့သူက အန်ဒါပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်အသစ်စက်စက်လေး အာအဒိုင်ကယ်ရာ့ဂ်ျဒါပေမဲ့ နိုင်ငံရေးသမားတို့ထုံးစံ ကျွေးမွေးလို့ပြီးတော့မှ ဒံပေါက်ဖိုးရှင်းဆိုတော့ လူလည်ကျ အာဏာသုံးဖို့ကြိုးစားရင်း အဘိုးဖြစ်သူ သန်ဂါဆွာမိနဲ့ပြဿနာတက်ကြတော့တာပေါ့။အဲဒီမှာ အဘိုးကြီးလည်း ဆေးရုံရောက်သွားပြီးအသည်းအသန်တွေဖြစ် အရေးပေါ်ခွဲရမလိုတွေဖြစ် တစ်ဖက်ကလည်း အာအဒိုင်ကယ်ရာ့ဂ်ျက အကျင့်ပျက်နိုင်ငံရေးသမားပီပီ ဖြောင့်မတ်တဲ့ရှေ့နေလေး ပိုဂန်ဒရန်ရဲ့ တရားစွဲတာခံရလို့ ပိုဂန်ဒရန်ကိုရှင်းဖို့ပြင်ဆင်နေတာပေါ့။ဒီလိုနဲ့ ဘာဗာနီက ငွေ 25 သိန်းထပ်လိုလာပြန်တော့ ...
movie

Jolly O Gymkhana (2025)

Good Bad Ugly (2025) 6.7
Good Bad Ugly (2025) Good Bad Ugly (2025)"ကောင်း ဆိုး ရုပ်ဆိုး" ===================================မင်းသားကြီး အာဂျိသ်ကူးမားနဲ့ အသံဩဩနဲ့မင်းသား အာဂျွန်ဒါ့စ်တို့ရဲ့ အသစ်ထွက် တမီစကားပြော အက်ရှင်ဟာသ ရုံတင်ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ မင်းသားကြီး အာဂျိသ်ကူးမားရ်က အေကေဆိုတဲ့ ဂန္ထဝင်လူဆိုး ဂိုဏ်းစတားကြီးပေါ့။အေကေဟာ တစ်ချိန်တုန်းက လူတကာ ရဲတကာ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ဂိုဏ်းစတားကြီးဖြစ်ခဲ့ပေမဲ့ သားလေးမွေးလာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အဖမ်းခံလိုက်ပြီး လူကောင်းအဖြစ် ပြုပြင်ဖို့ ကြိုးစားနေတဲ့သူပါ။ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းဖို့ကြိုးစားပေမဲ့ အတိတ်ကရန်သူတွေက သားဖြစ်သူကို ပြန်ပေးဆွဲလာတဲ့အချိန်မှာတော့ ဂျွန်ဝစ်ဆန်ဆန်ပဲ ဂိုဏ်းစတားအဖြစ်ပြန်ခံယူပြီး ပွဲကြမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB  / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Good Bad Ugly (2025)

4K HEVC
Baby & Baby (2025) 5.7
Baby & Baby (2025) Baby And Baby (2025)"က.. ကလေးငယ်" =================================ရုပ်ရှင်တိုင်းမှာ ဆံပင်အကြေဖွလေးနဲ့ ကာရိုက်တာပြောင်းပေမဲ့ ရူပါမပြောင်းတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတဲ့ တမီလ်စကားပြော ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ရုပ်ရှင်ခေါင်းစဉ်အတိုင်းပါပဲ။လေဆိပ်တစ်ခုမှာ ကလေးချီထားတဲ့ ကလေးအဒေါ်ကောင်မလေးကိုကျူချင်လို့ အစ်မဖြစ်သူရဲ့ သမီး တူမသေးသေးလေးကို ချီပြီး ကလေးရဲ့ ဦးလေးဖြစ်သူက ဖွန်သွားကြောင်ပါတယ်။အဲဒီလိုကျူနေရင်း လေပေးဖြောင့်နေတုန်းမှာ ကလေးချီပြီး ဓာတ်ပုံရိုက်ချင်တဲ့ အမွှာနှစ်ယောက်ကြောင့် ကလေးချင်းလွဲသွားရာကနေ မိသားစုနှစ်ခုရဲ့ဟာသအလွဲတွေကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 12min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Baby & Baby (2025)

Sweetheart! (2025) 5.4
Sweetheart! (2025) Sweetheart 2025 (ကြောက်ရွံ့မိသော ချစ်ခြင်းတရား )ဗာဆူဆိုတဲ့ကောင်လေးဟာ သူ့မိဘတွေရဲ့ အိမ်ထောင်ရေးကို ကြည့်ပြီး အိမ်ထောင်ပြုဖို့ ကြောက်ရွံ့နေသူတစ်ယောက်ဖြစ်ပါတယ်။သူ့အဖေဟာ သူ့အမေကို အရမ်းချစ်ပြီး ယုံကြည်ခဲ့ပေမဲ့ အမေကတော့ သစ္စာဖောက်ပြီး တခြားသူနဲ့လိုက်သွားရာကနေ ဗာဆူတစ်ယောက် အချစ်ဆိုတဲ့အရာကြီးကို ကြောက်ရွံ့လို့နေခဲ့ပါတော့တယ်။တစ်နေ့မှာတော့ ဗာဆူတစ်ယောက် မာနူဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီး ခံစားချက်တွေ ဖြစ်ပေါ်လာပေရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပါတော့တယ်။ဗာဆူတစ်ယောက် မာနူကို ချစ်သူတစ်ယောက်အနေနဲ့တော့ ချစ်နိုင်ပေမဲ့ လက်ထပ်ဖို့အတွက်ကိုတော့ ရာနှုန်းပြည့်မယုံနိုင်ဖြစ်ကာ လက်ထပ်ဖို့ပြောလိုက်တိုင်းမှာ အင်းမလုပ်ခဲ့ပါဘူး။ဗာဆူတို့ ချစ်သူနှစ်ယောက် တခြားကိစ္စတွေနဲ့ပတ်သတ်ရင် အဆင်ပြေကြပေမဲ့ လက်ထပ်ဖို့ဆိုတဲ့ ခေါင်းစဉ်ပါလာရင်တော့ ပြဿနာအမြဲဖြစ်ကြပါတော့တယ်။ဒီလိုနဲ့ ဗာဆူတို့ အချစ်နယ်ကျွံရင်း မာနူတစ်ယောက် ကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ ...........အိမ်ထောင်ရေးဆိုတာကြီးကို ကြောက်ရွံ့နေတဲ့ ဗာဆူတစ်ယောက် မာနူရဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ .........မာနူတစ်ယောက်ရော ရလာတဲ့ ရင်သွေးလေးအတွက် ဘယ်လိုတွေ တိုက်ပွဲဝင်သွားမလဲ .... ဆိုတာကို ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.3 GB / 1.1 ...
movie

Sweetheart! (2025)

KA (2024) 5.2
KA (2024) KA (2024)"စည်း" =============ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ တေလေဂူးစကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဝတ်ချ်မန်းထဲက ရောရှက်လိုဒီဇိုင်းနဲ့လူတစ်ယောက်က ဗာဆူဒေ့ဗ်လို့ခေါ်တဲ့ စာပို့သမားကိုဖမ်းထားပြီး ထူးဆန်းတဲ့မေးခွန်းတွေမေးနေပါတယ်။ဗာဆူဒေ့ဗ်ဟာ အတိတ်မေ့နေတာဖြစ်ပြီး ဘာကိုမှလည်း မမှတ်မိသလို သူဘယ်ရောက်နေလဲဆိုတာလည်းမသိပါဘူး။ဒါပေမဲ့ ရောရှက်ဒီဇိုင်းနဲ့လူက အိပ်ငွေ့ချလို့ရတဲ့နာရီတစ်လုံးနဲ့ ဗာဆူဒေ့ဗ်ကို အိပ်ငွေ့ချပြီး မေးခွန်းတွေမေးတဲ့အခါမှာတော့ ဗာဆူဒေ့ဗ်တစ်ယာက် ဘယ်လိုအဖမ်းခံထားရတယ်၊သူ ဘာတွေကြုံတွေ့ခဲ့ရတယ်၊ ပြီးတော့ သူ့ကိုဖမ်းထားသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဒီရုပ်ရှင်ထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.7 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 31min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

KA (2024)

Leg Piece (2025) 7.2
Leg Piece (2025) Leg Piece (2025) တစ်ပိုင်းတစ်စမွေးတည်းက ရွှေဇွန်းကိုက် မွေးဖွားလာသူမျိုးမဟုတ်ရင် အသက်ရှင်ရပ်တည်ရေးအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန်ရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရုန်းကန်လှုပ်ရှားနေတဲ့ လူလေးဦးရဲ့ ဘဝကိုယ်စီကို ဖော်ပြထားပါတယ်။ဘယ်သူမဆိုရဲ့အသံကို တုပပြောဆိုနိုင်တဲ့အရည်အချင်းရှိသူတစ်ဦး။ သူက ဈေးထဲကဈေးသည်တွေကိုယ်စား သူတို့လိုချင်တဲ့အသံအတိုင်း ‌ပြောပေးပြီး ကူညီရောင်းချပေးရင်းနဲ့ ဝမ်းစာရှာဖွေရသူပေါ့။နောက်တစ်ဦးကတော့ ဘရိတ်လည်းမကောင်း ဟွန်းလည်းပျက်နေတဲ့ ဆိုင်ကယ် အစုတ်လေးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ဆံပင်လိုက်ဝယ်ရင်း အသက်မွေးဝမ်းကျောင်း နေရသူပါ။နောက်တစ်ယောက်က မွေးတည်းက ထူးခြားတဲ့စွမ်းရည်ရှိတယ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ နာနာဘာဝတွေကိုမြင်နိုင်နေတာပါ။အိမ်ဟောင်း မြေဟောင်းတွေက မကျွတ်မလွတ်သေးတဲ့သူတွေကို ထွက်ခွာစေဖို့လို မကောင်းဆိုးဝါးနှင်တဲ့အလုပ်လုပ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ ကြက်တူရွေးလေးနဲ့ ဗေဒင်ဟောတာပါ။ လက္ခဏာလည်းနည်းနည်းပါးပါး ကြည့်တတ်တဲ့ ဗေဒင်လက္ခဏာပညာရှင်ပေါ့။ဒီလိုနဲ့တစ်နေ့ သူတို့လေးဦးဟာ လမ်းဆုံတစ်ခုမှာအမှတ်မထင်တွေ့ဆုံပါတယ်။ လေးယောက်တစ်ပြိုင်တည်း ပိုက်ဆံကောက်ရဝာာပါ။ညီတူမျှတူဝေခွဲရင်း စားသောက်ဆိုင်တစ်ခုမှာ ဘဝအကြောင်း စကားစမြည်ပြောဆိုရင်း ဘဝအလှည့်အပြောင်း ကြုံလာရပုံကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size…2.6 GB/ 1.1 GB Quality…WEB DL ...
movie

Leg Piece (2025)

MAX (2024)
MAX (2024) Max (2024) "စူပါရဲ" IMDb - 7.6/10အိန္ဒိယရုပ်ရှင်ချစ်သူတို စောင့်မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းမင်းသား ဆူဒိဆန်ဂျိဗ်ရဲ့ အသစ်ထွက် အကြမ်းစားကန်နာဒါအက်ရှင်ရုံကြီးကားကို တင်ဆက်ပေးလိုက်ပါတယ်။တာဝန်ကျ စခန်းမှူးအချင်းချင်းတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ အင်စပက်တာအာဂျွန်။ နောက်ထပ် သူ့ကိုသိကြတာက မက်စ်။အကြောင်းအရင်းမယ်မယ်ရရမသိရဘဲ အလုပ်ကနေ ဆိုင်းငံ့ခံထားရာက ပထမဆုံးအလုပ်ပြန်ဝင်တဲ့အချိန်။သူ တာဝန်ထမ်းဆောင်တဲ့ညမှာပဲ အချုပ်ထဲရောက်လာတာက ဝန်ကြီးတွေရဲ့ သားဖြစ်သူတွေ။ ဝန်ကြီးသားမကလို ဝန်ကြီးအဖေဖြစ်ဖြစ် အပြစ်ပေးဖိုဝန်မလေးတဲ့ မက်စ်တစ်ယောက် မမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာတော့...။တို့ရပ်ကွက်က ကြမ်းတာမှကြိုက်တယ်ဆိုသူတွေအတွက် ရှယ်ကြမ်းပြမဲ့ စခန်းမှူးမက်စ်ရဲ့ အကြမ်းအရမ်းတွေကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.8 GB / 990 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

MAX (2024)

Kanguva (2024) 5.3
Kanguva (2024) Kanguva (2024) "ကံကြမ္မာပဟေဠိ"(WEB DL အကြည်ဆုံးဗားရှင်းထွက်ရှိလာပြီမလို့ ထပ်မံUpdateပေးထားပါတယ်)IMDb – 5.3/10၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့ ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။ ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင် အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။ သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့…(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra, ToMo, Linn, Zwe, Yunni တို့ပဲဖြစ်ပါတယ်) File size…9.33 GB ...
movie

Kanguva (2024)

4K HEVC
Bloody Beggar (2024) 6.3
Bloody Beggar (2024) Bloody Beggar (2024) "သူတောင်းစား"IMDb 6.3တင်ဆက်ပုံတစ်မျိုးဆန်းသစ်တဲ့ တမီးလ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်အမည်မသိသူတောင်းစားတစ်ယောက်က ကောင်လေးတစ်ယောက်နဲ့အတူနေထိုင်ပြီး နည်းလမ်းပေါင်းစုံနဲ့ တောင်းစားပါတယ်သူ့ရဲ့ မျက်မမြင်၊ ခြေကျိုး၊ လက်ကျိုးစတဲ့ လှည့်ကွက်တွေတင်မကဘဲ တခြားဇာတ်လမ်းတွေထွင်ပြီး ပြောတတ်တာကြောင့် သူနဲ့တူတူနေတဲ့ကောင်လေးက စာရေးကိရိယာရောင်းပြီး မန်ကျည်းသီးထမင်းစားနေရတဲ့အချိန်မှာ သူက ပီဇာတွေ ဘာဂါတွေ မှာစားနိုင်တဲ့အထိပါပဲတစ်နေ့တော့ စံအိမ်ကြီးတစ်အိမ်ရဲ့ပိုင်ရှင်ဆုံးတဲ့ ၁၆ ရက်မြောက်မှာ သူဌေးကြီးရဲ့ နောက်ဆုံးဆန္ဒအဖြစ် ဆာလောင်မွတ်သိပ်နေတဲ့ လူ ၂၅ ဦးကိုကျွေးမွေးဖို့ နောက်ဆုံးတစ်ယောက်လိုနေတဲ့အချိန် လိုက်သွားတဲ့အခါမှာအမည်မသိ သူတောင်းစားရဲ့ ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်လောက်အောင် ဘယ်လိုအရှုပ်ဇာတ်လမ်းတစ်ခု ဖြစ်လာမလဲဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.44 GB / 734 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bloody Beggar (2024)

Hitler (2024) 7.6
Hitler (2024) Hitler (2024) "ဟစ်တလာ" IMDb - 7.6/10စွယ်စုံရတောင်ပိုင်းမင်းသားကြီး ဗီဂျေးအန်တိုနီရဲ့ တမီးလ်အက်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ရွေးကောက်ပွဲကာလ နီးကပ်နေတဲ့အချိန်။ ဝန်ကြီးချုပ်ဖြစ်ဖို့အရေး ငွေဘယ်လောက်သုံးရသုံးရ၊ လူဘယ်လောက်ပဲ သတ်ရသတ်ရ ဝန်ကြီးချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်။တမီးလ်မှာ လက်နက်ကိုင်အကြမ်းဖက်တာကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားက ဆက်စပ်မှုမရှိကြတဲ့ လူမိုက်သုံးယောက် ပစ္စတိုတစ်လက်တည်းနဲ့ပစ်သတ်ခံလိုက်ရပါတယ်။အဲဒီအမှုကိုစုံစမ်းဖို့ တာဝန်ပေးခံရတဲ့ ရဲအရာရှိတစ်ယောက်။ ချန်နိုင်းကို အင်တာဗျူးဖြေဖို့ဆိုပြီး သူ့ကိုဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဆီမှာ သူငယ်ချင်းကလည်း ငါ့ကိုမမှတ်မိတော့ဘူးလား ဘာညာဆိုပြီး လာနေတဲ့လူတစ်ယောက်။ ဒီသုံးယောက်ကြား ဘယ်လိုတွေဆက်စပ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.03 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Hitler (2024)

Vasco Da Gama (2024) 7.8
Vasco Da Gama (2024) Vascodagama The Evolution 2024 (ဗာဆူရဲ့ဘဝခရီးလမ်း)မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီး ဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင် မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက် လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့ မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက် အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ ........ သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.3GB / 1.04GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar ...
movie

Vasco Da Gama (2024)

Hit List (2024) 6.2
Hit List (2024) Hit List (2024) "အပြစ်ဒဏ်"IMDb 6.2ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲမညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.05GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM ...
movie

Hit List (2024)

2024
The Boys (2024) 7
The Boys (2024) The Boys (2024) "ငါးယောက်ပေါင်းလောင်းကျော်" IMDb - 9.1/10အသစ်ထွက်ရှိလာတဲ့ တမီလ်စကားပြော အိန္ဒိယအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးလေ့ရှိတဲ့ တမီလ်လူငယ်ဒါရိုက်တာ ဆန်သို့ရှ်ကိုယ်တိုင်ရိုက်ကူးပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာရူးရူးနေတဲ့ အာကီရာ။နပန်းရူးရူးနေတဲ့ WWEအမာခံပရိသတ် အိုင်တီပညာရှင် ဂျိမ်းစ်။ ဆိုရှယ်မီဒီယာကို အစွဲကြီးစွဲနေတဲ့ ဘေဘီ။ ဟင်းချက်ဝါသနာပါတဲ့ လူ့ဂလန့် ကိုလာရူ။ ပိုက်ဆံနဲ့ပတ်သက်လာရင် အတွက်အချက်ကြီးတဲ့ ကာသစ်ခ်။ဒီလိုသူငယ်ချင်းငါးယောက် တိုက်ခန်းတစ်ခန်းမှာ အတူပေါင်းနေပြီး မွဲချက်က အရက်သောက်စရာမရှိလို့ အရက်ဆိုင်မှာ အကြွေလိုက်တောင်းပြီး သောက်ရတဲ့ဘ၀။ ဒီလိုဘ၀ကိုမခံချင်တဲ့စိတ်နဲ့ ငှားနေတဲ့တိုက်ခန်းမှာ ဘားဖွင့်တာကြောင့် တိုက်ခန်းကနေ နှင်ချခံရပြန်ပါရော။ ဒီမှာပဲ လွပ်လွပ်လပ်လပ်နေလို့ရမဲ့ လုံးချင်းအိမ်ငှားပြီး ဘားဖွင့်ဖို့ကြံကြပါတော့တယ်။မြို့စွန်မှာ စျေးပေါပေါနဲ့ အိမ်ကြီးတစ်လုံးတွေ့ပြီး ဝမ်းသာအားရငှားလိုက်တဲ့ရက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၁ရက် အိမ်ပြင်မထွက်ကျဖို့ ကြေငြာချက်ကျလာပါတော့တယ်။သူတို့နေတဲ့အိမ်ကြီးကလည်း ရပ်ကွက်ထဲမှာရှိသမျှလူတိုင်းက ရှောင်သွားကြပြီး အိမ်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်) File size… ...
movie

The Boys (2024)

2024
Conjuring Kannappan (2023) 6.5
Conjuring Kannappan (2023) Conjuring Kannappan (2023) "အိပ်မက် ခေါ်သံ" ============================== IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ် တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ ...
movie

Conjuring Kannappan (2023)

2023
Annapoorani (2023) 5
Annapoorani (2023) Annapoorani - The Goddess of Food (2023)"အိန္ဒိယချန်ဂင်" IMDb- 4.8/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ စားဖိုမှူးမလေးအကြောင်း တမီလ်အချစ် အချက်အပြုတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ကောင်ကတော့ Jawan(2023)မှာ ရှရွတ်ခန်းဇနီး ရဲမေမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော နာယန်သရာပဲဖြစ်ပါတယ်။ဘုရားကျောင်းမှာ ဘုရားဆွမ်းချက်ပေးရတဲ့ သက်သတ်လွတ်စားတဲ့ မျိုးရိုးဇာတ်အနွယ်မြင့် မိသားစုက အမျိုးသမီးလေးတစ်ယောက်။ဒီအမျိုးသမီးလေးရဲ့ အိပ်မက်က အိန္ဒိယဂုဏ်ဆောင် ကမ္ဘာကျော်စားဖိုမှူးကြီးဖြစ်ဖို့။ သက်သတ်လွတ်ဟင်းတွေကို ထူးရှယ်ချက်ပြုတ်နိုင်ပေမဲ့လည်း အသားမစားတဲ့အတွက် အသားဟင်းချက်ဖို့ အသားကိုင်ဖို့ကျ အဆင်မပြေဖြစ်နေရရှာ။သူ့ကိုပိုးပန်းနေတဲ့ ကိုယ်တော်ချောရဲ့ ကောင်းမှုနဲ့ အဖေဖြစ်သူမသိအောင် အသားဟင်းတွေချက်ပြုတ်မြည်းစမ်းလာတဲ့အခါ။အဖေဖြစ်သူက သူ့သမီးလေး အမ်ဘီအေတက်နေတယ်အမှတ်နဲ့ ကျောင်းကိုအလာမှာ အသားဟင်းတွေချက်ပြုတ် မြည်းစမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တဲ့အခါမှာတော့။ သူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားသွားနိုင်မှာလားဆိုတာ...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.4GB / 2.06GB / 980MB Quality…WEBDL 4k HEVC / WEB DL 1080p ...
movie

Annapoorani (2023)

2023
4K HEVC
80’s Buildup (2023) 4.4
80’s Buildup (2023) 80s Buildup 2023ဇာတ်လမ်းအကျဉ်းဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီး ရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့ ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။ စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင် အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။ နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။ တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီး မတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီး စိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲ အဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြား ‌အေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလို ငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

80’s Buildup (2023)

2023
Mark Antony (2023) 7.2
Mark Antony (2023) Mark Antony (သို့) မာ့ခ် အန်တိုနီ (2023) IMDb - 7.2/10Amazon Prime Videoက လတ်တလောထွက်ရှိထားတဲ့ မင်းသားကြီး ဗီရှယ်လ်ရဲ့ ရုံတင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျက်ရူပီး ၂၈ကုဋေသုံးထားပြီး ကုဋေတစ်ရာကျော်ပြန်လည်ရရှိခဲ့တဲ့ကားလည်းဖြစ်ပါတယ်။အချိန်ခရီးသွားတဲ့ကားတွေအများကြီးထဲကမှ ဒီကားမှာတော့ အတိတ်ကို ဖုန်းလှမ်းဆက်လို့ရတဲ့ဖုန်းတစ်လုံးနဲ့အစပြုခဲ့တယ်။ ဒီလို အတိတ်ကိုဖုန်းဆက်ပြီး ပစ္စုပ္ပန်ကိုလိုသလိုပြုပြင်လို့ရတဲ့ဖုန်းကို တီထွင်တဲ့သိပ္ပံပညာရှင်ကိုယ်တိုင်တောင် သူ့ရဲ့သေခြင်းတရားကိုတော့မလွန်ဆန်နိုင်ခဲ့။ ဒါပေမဲ့ အဲဒီဖုန်းကလူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားတဲ့အခါမှာတော့။လူဆိုးဂိုဏ်းခေါင်းဆောင်နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ကြားမှာ အတိတ်ကိုဖုန်းခေါ်လို့ရတဲ့ ဒီလိုဖုန်းရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ အနာဂတ်တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…10GB /  3.6GB / 1.7GB Quality…4k HEVC / 1080p WEB DL /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mark Antony (2023)

2023
4K HEVC
Jailer (2023) 7.5
Jailer (2023) Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie

Jailer (2023)

2023
4K HEVC
Beast (2022) 5.8
Beast (2022) ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality…  1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Beast (2022)

2022
4K HEVC