Channel Myanmar

Ravindra Vijay

HIT: The Third Case aka HIT: The 3rd Case (2025) 7.3
HIT: The Third Case aka HIT: The 3rd Case (2025) HIT: The Third Case (2025)"မှုခင်းရဲ: တတိယအမှုတွဲ" =============================================အိန္ဒိယရဲ့ အကောင်းဆုံးမှုခင်းရုပ်ရှင်တွဲတွေထဲကတစ်ခုဖြစ်တဲ့ တေလေဂူးစကားပြော HIT ရုပ်ရှင်တွဲတွေရဲ့ တတိယမြောက်ရုပ်ရှင် ထွက်ရှိလိုလာပါပြီ။ဒီ The Third Case မှာတော့ ပြီးခဲ့တဲ့ The second case ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ Cameo ပြခဲ့တဲ့ ယင်ကောင်မင်းသား နာနီက အဓိကပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာတော့ ဒေါသကြီးပြီး အမှုတွေကို ကိုင်တွယ်တာကြမ်းတယ်လိုနာမည်ကြီးတဲ့ HIT အဖွဲရဲ့ အရာရှိသစ် အာဂျွန်ဆာကာကို ကတ်ရှ်မီးယားနယ်စပ်ဒေသက လက်သည်မပေါ်တဲ့ လူသဝာ်မှုတွေ ဖြေရှင်းဖို စေလွှတ်ရာကနေ တုံးတိုက်ကျားကိုက် အမှုဖြေရှင်းပုံတွေ၊ ဂျွန်ဝစ်ဆန်ဆန်အက်ရှင်ခန်းတွေကို ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။HIT ရုပ်ရှင်တွေဟာ မှုခင်းရုပ်ရှင်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့တာကြောင့် ပထမဆုံးရုပ်ရှင်ကိုဆိုရင် Bollywood ကတောင် remake ပြန်ရိုက်ခဲ့ပါသေးတယ်။HIT 3 ဟာ ရှေ့ကားတွေကို မကြည့်ဖူးလည်း တန်းကြည့်လိုရတဲ့ Standalone sequel တစ်ခုဖြစ်ပြီး HIT ရုပ်ရှင်တွေဟာ တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ မှုခင်းဇာတ်လမ်းတွေဖြစ်တာမလို ရှေ့ကရုပ်ရှင်တွေကို မကြည့်ရသေးဘူးဆိုရင်လည်း CM မှာ ရှာကြည့်ကြဖိုတိုက်တွန်းချင်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

HIT: The Third Case aka HIT: The 3rd Case (2025)

Raghu Thatha (2024) 7.1
Raghu Thatha (2024) Raghu Thatha (2024) "အရိုင်းပန်းပုံပြင်" ===============================နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့...။ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.35 GB / 1.04 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Raghu Thatha (2024)

Keedaa Cola (2023) 8.3
Keedaa Cola (2023) Keedaa Cola (2023) "ကီဒါ ကိုလာ"အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင် "ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း" လို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့ စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း ...
movie

Keedaa Cola (2023)

2023
Mangalavaaram (2023) 6.8
Mangalavaaram (2023) Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း ‌နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie

Mangalavaaram (2023)

2023
Dharala Prabhu (2020) 6.8
Dharala Prabhu (2020) Dharala Prabhu (2020) -------------------------- ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ IMDb Rating (6.8)ရရှိထားတဲ့Romance/ Comedy ကားလေးပဲဖြစ်ပါတယ်။သန္ဓေသားအစားထိုးဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကန်နာဒါဆန်ဟာလူနာတွေအများကြီးလက်ခံပြီး ကတိတွေတစ်ခုပြီးတစ်ခုပေးထားပေမယ့်သုတ်ပိုးအလှူရှင်လုံးဝရှာမတွေ့သေးပါဘူး။ ဘဝရဲ့အနိမ့်ဆုံးအချိန်ရောက်တဲ့ ဘောလုံးသမားလေး ပရာဘူဟာလည်းအလုပ်တစ်ခုကိုမရမကလိုက်ရှာနေသူပါ။ဒီလိုနဲ့ ဒေါက်တာကန်နာတစ်ယောက် ပရာဘူရဲ့ကျန်းမာ‌မှုအခြေအနေကိုသဘောကျသွားပြီးသူ့ဆေးခန်းရဲ့သုတ်ပိုးအလှူရှင်အဖြစ်နေပေးဖို့ မရမက ကမ်းလှမ်းပါတော့တယ်။အစပိုင်းအဆင်ပြေချောမွေ့ခဲ့ပေမယ့် ပရာဘူမှာ ချစ်သူရှိလာတဲ့အချိန်မှာတော့ဘယ်လိုတွေပြဿနာတက်မလဲဆိုတာကို ပရိသတ်များကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုပေးပါဦး   File size…2.5GB / 1.1 GB Quality…1080p Tamil AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Dharala Prabhu (2020)

2020
Kuthirai Vaal(2021) 6/9
Kuthirai Vaal(2021) Kuthiraivaal (2022)လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါအိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူးဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကိုဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်းအကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီးသူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲအမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလားIMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်)  File size…2GB / 900MB Quality…1080p WEB DL  AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni
movie

Kuthirai Vaal(2021)

2021