Channel Myanmar

Ravi Venkatraman

Vadakkan (2025) 7.1
Vadakkan (2025) Vadakkan (2025) "ပရလောကခြေရာများ"ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် သမားရိုးကျသရဲကားတွေနဲ့မတူဘဲ ထူးထူးခြားခြားတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရာမန်ဟာ သဘာ၀လွန်ကိစ္စတွေနဲ့ပရလောက အကြောင်း ထဲထဲ၀င်၀င်စူးစမ်းလေ့လာနေသူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အဆက်ဟောင်းဖြစ်သူမယ်ဂါရဲ့ခင်ပွန်းသည်ရာဗီ ထူးဆန်းစွာသေဆုံးမှုဖြစ်ခဲ့ပါတယ်။ဖြစ်ပုံကတော့ ကျောချမ်းစရာကျွန်းတစ်ကျွန်းမှာ သရဲတစ္ဆေတွေနဲ့ပတ်သက်တဲ့ ရသစုံတီဗီရှိုးတစ်ခုရိုက်ကူးရင်း လူတွေသေဆုံးသွားခဲ့တာပါ။ အဲဒီသေဆုံးသူတွေထဲမှာ ရှိုးရဲ့ဒါရိုက်တာ ရာဗီဗာရ်မာလည်း ပါ၀င်ပါတယ်။အဲဒါကြောင့် ရာမန်တစ်ယောက် ရှိုးအတွက်ရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုတွေကနေတဆင့် အဲဒီအမှုကို အဖြေရှာဖို့ကြိုးစားပါတော့တယ်။ရှိုးမှာပါဝင်ခဲ့ကြသူတွေ ရှိုးရိုက်ကူးနေရင်း ဘယ်လိုအဖြစ်တွေကြုံခဲ့ရသလို၊ နောက်ကွယ်‌မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေမလဲ... ရာမန်တို့ရော ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာ အဖြေရှာရင်း ရင်တထိတ်ထိတ်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~Alex နဲ့ KKKZ တို့ ဖြစ်ပါတယ်။) File size…1.2 GB / 600 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hard ...
movie

Vadakkan (2025)

Rajabheema (2025)
Rajabheema (2025) Raja Bheema (2025)အခုတစ်ခါ CM Bollywood ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ငယ်ဘဝအိန္ဒိယကားတွေကို အမှတ်ရသွားစေမယ့် တမီလ်ဆင်လိမ္မာကားလေးပဲ ဖြစ်ပါတယ်။ အခုခေတ်ပေါ်ကားဆိုတော့ ခေတ်နဲ့အညီ အက်ရှင်ဒရာမာညီမျှတဲ့ ဆင်လိမ္မာကားလေးလို့ပဲ ပြောရမှာပါပဲ….ရာဂျာဟာ မိခင်ကိုအရမ်းချစ်ပြီးတော့ မိခင်နဲ့အတူ ဆင်ရုပ်လေးတွေနဲ့ ဆင်ဇာတ်လမ်းလေးတွေနားထောင်ရင်း ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ပါ.. ကံဆိုးစွာနဲ့ပဲ သူ့မိခင်ဟာ သူကလေးဘဝမှာပဲ ရုတ်တရက်ဆုံးပါးသွားခဲ့ရပါတယ် …ရာဂျာတစ်ယောက် ကလေးဘဝနဲ့မလိုက်အောင် စိတ်ထိခိုက်မှုခံစားရပြီးတော့ တငူငူတငိုင်ငိုင်ဖြစ်နေချိန်မှာ သူ့ဘဝထဲကို ဘီမာလို့ခေါ်တဲ့ဆင်လေးတစ်ကောင်ဝင်ရောက်လာပါတယ်ရာဂျာနဲ့ဆင်လေး အတူတူကြီးပြင်းခဲ့ရာကစလို့ အရွယ်ရောက်လာတဲ့အခါမှာ ဘာပြသနာတွေနဲ့ရင်ဆိုင်ရမလဲ… တောရိုင်းတိရစ္ဆာန်တွေရဲ့ ရှားပါးပစ္စည်းတွေဖြစ်တဲ့ ဆင်စွယ် သားရေ အစရှိတာတွေရဲ့ မုဆိုးတွေအန္တရာယ်ကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.7 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rajabheema (2025)

Uyir Thamizhukku (2024) 7
Uyir Thamizhukku (2024) Uyir Thamizhukku (2024) တမီးလ် အဓွန့်ရှည်စေသော်ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိ ရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi, Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါ သူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လိုအခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Uyir Thamizhukku (2024)

2024
Paramporul (2023) 9.2
Paramporul (2023) Paramporul (2023) - ငွေရဲ့ကျေးကျွန်များ IMDb - 9.3/10ဘဝမှာ အလိုအပ်ဆုံးအရာကဘာလဲလို့ မေးလာခဲ့ရင် အချစ်လို့ဖြေတဲ့လူရှိမယ်။ မိသားစု၊ ပျော်ရွှင်မှု၊ မေတ္တာ အစရှိသဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဘာဖြေဖြေ ကျွန်တော်တို့တွေဟာ ငွေဆိုတဲ့အရှင်သခင်ကို နေ့စဉ်ခစားနေရဆဲဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ဇာတ်လမ်းအကျဉ်းအာဒီဟာ သားကြီးတစ်ယောက်ပီပီ ရောဂါသည်းနေတဲ့ ညီမဖြစ်သူကို ဆေးကုပေးချင်စိတ်ပြင်းပြနေပါတယ်။ ဖြစ်ချင်တော့ အာဒီဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအထိ ဆာဂူနမ်ဆိုတဲ့ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးက ဆရာတစ်ဆူရဲ့လူယုံဖြစ်ခဲ့တော့ မျိုးမျိုးမြတ်မြတ်စားရပေမဲ့ ဆာဂူနမ်ကလည်းသေ အလုပ်လက်မဲ့လည်းဖြစ် ဆေးကုသစရိတ်ကလည်းထောင်းဖြစ်နေတော့ အာဒီတစ်ယောက် အကြံအိုက်နေပါပြီ။ အာဒီတစ်ယောက် ဘာလုပ်နေမှန်းမသိတဲ့ မိသားစုဝင်တွေကလည်း စိတ်ပူလို့တစ်ဖုံ အားမရလို့တစ်ဖုံ ဆူပူရေရွ‌တ်နေကြတာပေါ့။ဒီလိုနဲ့ အကြံကုန်ဂဠုန်ဆားချက်အာဒီတစ်ယောက် တွေ့ရာအိမ်တစ်အိမ်ဝင်အခိုးမှာ ကျားရှေ့‌မှောက်လျက်လဲပြီး အင်စပက်တာမိုင်သရီရန်ရဲ့အိမ်ကိုမှ တည့်တည့်ဝင်ခိုးမိတော့ ဖမ်းခံလိုက်ရပါတော့တယ်။ ထောက်လှမ်းရေးဘက်ကရထားတဲ့ သဲလွန်စကနေ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးအကြောင်းစစ်‌ဆေးမေးမြန်းရာက ကံဆုံဖို့ဖြစ်လာတဲ့ သူတို့နှစ်ယောက် ကုဋေချီတန်တဲ့ ရုပ်တုရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ...တာဝန်သိစိတ်နဲ့ မျိုးရိုးစဉ်ဆက်‌ကောင်းစားနိုင်တဲ့ မက်လောက်စရာ ငွေပမာဏကြား လွန်ဆွဲနေတဲ့ရဲအရာရှိနဲ့ ညီမဖြစ်သူကို သေခင်းတံခါးဝက ငွေထုပ်နဲ့ပေါက်ပြီးပြန်ဆွဲမယ့်အာဒီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစား အားပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ KKKZ ~ Aditi ...
movie

Paramporul (2023)

2023
Red Sandal Wood (2023) 9
Red Sandal Wood (2023) Red Sandal Wood (2023) IMDb - 9.0/102021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းအန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် ...
movie

Red Sandal Wood (2023)

2023