Channel Myanmar

Ravi Teja Nannimala

Zebra (2024) 8.5
Zebra (2024) Zebra (2024) "ဆူရီယာ"ဒီတစ်ခါမှာ စိတ်ဝင်စားစရာကောင်းတဲ့ တေလဂူးစကားပြော မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့က Satyadev နဲ့ Priya Bhavani Shankar တို့ အဓိကပါဝင်ပြီး ပရိသတ်ရီဗျူးတွေလည်း အသင့်အတင့်ကောင်းတဲ့ဒီကားမှာ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဆူရီယာက ထက်ထက်မြက်မြက်ရှိတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးကလည်း တခြားဘဏ်တစ်ခုမှာ လုပ်နေတဲ့ဝန်ထမ်းပါ တစ်ရက်မှာတော့ သူ့ကောင်မလေးဆွာတီက အလုပ်မှာ အမှားအကြီးကြီးတစ်ခုလုပ်မိတဲ့အခါ ဆူရီယာတစ်ယောက် ပြင်ဆင်ပေးဖို့ကြိုးစားရင်းနဲ့ ဘယ်လိုအရှုပ်အထွေးတွေထဲ ရောက်သွားမှာလဲ ကြွယ်ဝမှုတိုင်းရဲ့နောက်ကွယ်မှာ ပြစ်မှုတစ်ခုရှိတယ်ဆိုတဲ့ စကားအတိုင်း ဘယ်လိုအမှုအခင်းတွေ ဆက်ဖြစ်လာမှာလဲအိန္ဒိယဇာတ်ကားချစ်ပရိသတ်တို့ ရှုစားအားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 6.27 GB / 2.75 GB / 1.4 GB Quality…4k HEVC WEB DL/ WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Zebra (2024)

4K HEVC
Mr Bachchan (2024) 4.5
Mr Bachchan (2024) Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Dramaအိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ ...
movie

Mr Bachchan (2024)

Viraaji (2024) 7.9
Viraaji (2024) Viraaji 2024 ချောက်ချားဖွယ်ရာဆေးရုံကြီးဓာတ်ပုံဆရာ သားဖွားမီးယပ် ဗေဒင်ဆရာ ပရိုဂျူဆာ ရဲ ကြင်စဦးဇနီးမောင်နှံ ဒီလူတွေက ပွဲဖိတ်စာတစ်ခုစီရခဲ့တယ် ဆုပေးပွဲဆိုပြီးတော့ ကားနဲ့တောင်လာခေါ်ပေးပြီး ကြိုဆိုပေးခဲ့ကြတယ်သူတို့ကိုခေါ်သွားတဲ့နေရာကတော့ ဟိုတယ်ဟောင်းကြီးတစ်ခုပါ နေရာ‌ကိုတောင်မသိဘဲလိုက်သွားကြတဲ့သူတို့ ရောက်သွားတဲ့နေရာကလည်း လူသူမနီး ‌ညကြီး၈နာရီလောက်ဆိုတော့ မှောင်မဲနေတဲ့ပတ်ဝန်းကျင်နဲ့ လူတစ်ယောက်မှမရှိတဲ့ဟိုတယ်ကြီးတစ်ခု ဟိုတယ်ထဲပတ်ကြည့်ကြရင်းနဲ့ဒါကဟိုတယ်မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက စိတ်ကျန်းမာရေးလူနာတွေအတွက်ဆောက်ထားခဲ့တဲ့ စိတ္တဇဆေးရုံကြီးဖြစ်နေခဲ့ပါတယ်ဒါ့အပြင် ဒီဆေးရုံကလူနာတွေကိုသရဲပူးနေတယ်ဆိုတဲ့ ကောလာဟလနဲ့ ပြင်းထန်တဲ့နှိပ်စက်မှုတွေလုပ်လို့ ဆေးရုံတစ်ခုလုံးကလူနာတိုင်း အစိမ်းသေသေခဲ့ရတဲ့ဖြစ်ရပ်ဆိုးကိုပါ ထပ်သိခဲ့လိုက်ရတယ် ဖိတ်ကြားခံရတဲ့တစ်ယောက်ချင်းစီကလည်း အတိတ်မှာကိုယ့်ကြောင့်လူသေမှုတွေဖြစ်ဖူးကြတဲ့လူတွေချည်းပဲဆိုတော့ ဒီချောက်ချားဖွယ်ညတစ်ညကို ဆေးရုံထဲလွတ်လမ်းမရှိပိတ်မိနေတဲ့သူတို့ ဘယ်လိုအသက်ရှင်ရာလမ်းကိုရွေးမလဲဆိုတာကိုတော့..( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB /501MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL
movie

Viraaji (2024)