Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ravi Kishan
6.3
Daaku Maharaaj (2025)
Daaku Maharaaj (2025)"ဒါကူမဟာရာ့ဂျ်" ===============================တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Daaku Maharaaj (2025)
5.8
Singham Again (2024)
Singham Again 2024 (IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ.....အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင် ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ်2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့ အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင် မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။ ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက အာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့ အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ...
movie
Singham Again (2024)
4K HEVC
7.2
Sye Raa Narasimha Reddy (2019)
Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb - 7.2/10ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ...
movie
Sye Raa Narasimha Reddy (2019)
7.3
Laapataa Ladies (2023)
Laapataa Ladies 2023 (လွဲခဲ့လေသော ဘူတာ) IMDb 8.4ဖူးစာပါရင်တော့ ရထားလွဲလည်း ဘူတာမှန်မှာပြန်ဆုံနိုင်ပါတယ် ဒီကားကတော့ ဇာတ်လမ်းအစတည်းကဘူတာမှားခဲ့ကြတဲ့ ဖူးစာဘက်တွေအကြောင်း ဟာသလေးနှောပြီးတင်ဆက်ထားတဲ့ ရုံတင်ကားတစ်ကားပါ Box office အနေနဲ့ 216 သန်းရရှိထားပြီး မဆိုးလှတဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ်နေ့ထူးနေ့မြတ်ဖြစ်တဲ့ပွဲတော်ရက်မှာ လက်ထပ်ပွဲလုပ်ကြရင် တစ်သက်လုံးပျော်ရတယ်ဆိုတဲ့အစဉ်အလာနဲ့ ဒီပွဲတော်နေ့ဖြစ်တဲ့ထရီတီယာနေ့မှာ အိမ်ထောင်ပြုကြသူတွေ ကြိတ်ကြိတ်တိုးပေါ့ သျှောင်နောက် ဆံထုံးပါဆိုသလို ယူပြီးလို့ လင်ယောက်ျားရွာကို လိုက်ရမဲ့အချိန်ရောက်တော့လည်း ရထားဘူတာမှာ ကြိတ်ကြိတ်တိုးပေါ့ ရထားတစ်တွဲမှာ မင်္ဂလာစုံတွဲ ၃တွဲလောက်တော့ပါပြီးသားပါပဲဒီထဲမှာဒီပူတို့လည်းပါတာပေါ့ ကြင်စဦး လောလောလတ်လတ်မင်္ဂလာဆောင်ပြီး ဇနီးသည်လေးကို ရွာခေါ်လာဖို့ ဒီရထားပေါ်ပါလာခဲ့တယ် လူတွေများတဲ့ရထားတွဲပေါ်တက်မိပြီး သူတို့ရတဲ့နေရာဘေးမှာ သူ့ရဲ့ဇနီးလောင်းလေးလို ဆာရီအနီ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တူပြီး ပဝါပါမျက်နှာခြုံထားတာတဲ့ နောက်ထပ်သတို့သမီးကလည်းရှိနေပါတယ် တစ်နေ့တာရထားစီးပြီး ညရောက်လို့ရွာရောက်ချိန်မှာတော့ ရထားပေါ်က ကမျောသောပါးဆင်းကြရင်း တွေးနေကြသလို သတို့သမီးမှားသွားပါတော့တယ်နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကြည့်ရှုသူတို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.16GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar ...
movie
Laapataa Ladies (2023)
2023
7.7
Mission Raniganj (2023)
Mission Raniganj (2023) IMDb-7.7/10မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ရုံတင်ကားကြီး တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့ နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။ အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။ အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ...
movie
Mission Raniganj (2023)
2023
4K HEVC
5.7
Aan: Men at Work (2004)
Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie
Aan: Men at Work (2004)
2004
7.2
Tere Naam (2003)
Tere Naam (2003) ဒီဇာတ်ကားလေးကတော့ ဆလမန်းခန်းနဲ့ ဘူမီကာ ချောင်ဝ်လာရဲ့ romance/dramaအမျိုးအစား ဇာတ်တ်ကားလေးတစ်ကားဖြစ်ပါတယ်။ Radhe Mohanဟာအလုပ်မရှိအကိုင်မရှိ လူကြမ်းတစ်ယောက်ဖြစ်ပြီး သူတက်ခဲ့ဖူးတဲ့ ကောလိပ်ကျောင်းကို အမြဲသွားလေ့ရှိတယ်။တစ်နေ့တော့ ကျောင်းကိုရောက်လာတဲ့ Nirjara Bharadwajဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ချစ်ကြိုက်သွားခဲ့တယ်။ ဒါနဲ့ပဲ သူက Nirjaraကို ဖွင့်ပြောဖို့ကြိုးစားတော့တာပေါ့။ ဒါပေမဲ့ Nirjaraက သူ့ကို ငြင်းလိုက်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ۔۔۔۔۔ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွတ်သင့်ပါကြောင်း ۔۔۔۔۔ ဘာသာပြန်တွေကတော့Soe Kalayarနဲ့ Intelligenceတို့ဖြစ်ပါတယ်။ File size…3.1GB / 1.3GB Quality…1080p BluRay / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Soe Kalayr & Intelligence
movie
Tere Naam (2003)
2003
3.9
Marjaavaan (2019)
(Unicode)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။တစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။တစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။(Zawgyi)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ ...
movie
Marjaavaan (2019)
8.1
(Unicode)၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ ...
movie
Manikarnika – The Queen Of Jhansi [2019]
2019
7.5
Batla House (2019)
(Unicode)တကယ်တော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့က ဒေလီမြို့မှာ ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း စက်တင်ဘာလ ၁၉ရက်နေ့ကဒေလီမြို့၊ ဂျမီယာနဂါးအရပ်မှာရှိတဲ့ ဖြစ်ပွားခဲ့တဲ့ Batla House encounter case (Batla House ပစ်ခတ်ဖမ်းဆီးမှု) သို့မဟုတ်Operation Batla House (Batla House စစ်ဆင်ရေး) ကို အခြေခံထားတာပါ။အဲ့ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်သမားလို့ရဲတွေဘက်က ယူဆထားခဲ့တဲ့ Jamia Millia Islamia University (ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်)ကကျောင်းသားငါးယောက်ကို ပိတ်ဆို့ဖမ်းဆီးရင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ အခြေအနေကို ရောက်သွားတယ်။ဒီဖြစ်စဉ်မှာ ကျောင်းသား ၂ယောက်ကို အသေဖမ်းမိတယ် ၊ ၂ယောက်က လွတ်သွားပြီး ၊ ကျန် ၁ ယောက်ကို အရှင်ဖမ်းမိတယ် ။ရဲတွေဘက်မှာလည်း စစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိတစ်ယောက် ကျဆုံးပြီး ...
movie
Batla House (2019)
2019
8.2
Mukkabaaz (2017)
IMDB - 8.2ကဲ အိန္ဒိယရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက်အိန္ဒိယ လက်ဝှေ့ကားကောင်းကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပြီဗျာ။လက်ဝှေ့တင်မဟုတ်ဘူးနော် အက်ရှင်၊ ရိုမန့်၊ ဒရမ်မာ မျိုးစုံကိုပေးစွမ်းနိုင်တဲ့ကားကောင်းလေးတစ်ကားဆို ပိုမှန်ပါလိမ့်မယ်။ငယ်ငယ်ကတည်းက လက်ဝှေ့ပညာပေါ် အရူးအမူးစွဲလန်းပြီးမိုက်တိုင်ဆန်ကို အားကျခဲ့မိတဲ့ လက်ဝှေ့သမားလေးတစ်ယောက်ဟာမာဖီးယားဆန်တဲ့ နည်းပြရဲ့ဖိနှိပ်မှုတွေကြောင့် တိုက်ခိုက်ထွက်ပြေးလာပြီးအာဏာရှင်နည်းပြရဲ့ နောက်ယှက်မှုတွေကြားထဲက ချန်ပီယံဖြစ်အောင်ကြိုးစားထားတဲ့ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိသွားမလားဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် အဆုံးသတ်သွားမလားဆိုတာတော့ဇာတ်လမ်းကြိုမပြောတော့ဘူးနော်။ဇာတ်ကားကောင်းမို့ အမြန်သာဒေါင်းကြည့်လိုက်ကြပါဦးနော် File Size : (1 GB) & (228 MB)Quality :Web DL 720pRunning Time :2hr 05 minFormat : Mp4Genre :Action , Drama ...
movie
Mukkabaaz (2017)
2017