Channel Myanmar

Raquel Xu

Heroes Return ( 2021 ) 5.6
Heroes Return ( 2021 ) ဇာတ်ကြောင်းလေးကတော့ ပီအီးလုပ်ငန်းစုဟာ R hemagglutinin ဆိုတဲ့ သွေးရည်ကြည်ဆေးကို ထုတ်လုပ်ဖို့စမ်းသပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီဆေးဟာ လူရဲ့ရိုးတွင်းချဉ်ဆီထဲက သွေးကိုသုံးပြီး စမ်းသပ်ရတဲ့အတွက်ကြောင့် ဆေးထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်အဲ့ဒီလိုရပ်စဲတာကိုမကျေနပ်နိုင်တဲ့ ဝိသမလောဘသားတစ်စုဟာ လျှို့ဝှက်ပြီး R hemagglutinin ကိုဆက်လက်စမ်းသပ်ဖို့ကြံပါတော့တယ် R hemagglutinin စမ်းသပ်ဖို့အတွက်ဓားစာခံလူတွေများစွာကို ဖမ်းဆီးစမ်းသပ်နေတာကို ရဲ့ရင့်ပြီးတာဝန်ယူစိတ်အပြည့်ရှိတဲ့ စစ်သားဟောင်း ဝူဝေသိသွားချိန်မှာတော့... ဝူဝေတစ်ယောက် မိတ်ဆွေတွေနဲ့ ပူးပေါင်းကာ ဘယ်လိုမျိုးစွန့်စားကယ်တင်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : 2.04 GB / 976 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yamin Ei Encoded by LK
movie

Heroes Return ( 2021 )

The Return of the Sister-in-Law ( 2021 ) 6.1
The Return of the Sister-in-Law ( 2021 ) ကြမ်းတာရမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမဲ့ကားလေးကတော့ 2021ကထွက်ရှိတဲ့ တရုတ်အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်အစ်ကိုဖြစ်သူနဲ့ ရိုးရိုးသားသားနေထိုင်နေတဲ့ မိန်းကလေးချင်းချိန် တစ်နေ့ကိုယ့်အစ်ကိုဖြစ်သူကို ကိုယ့်မျက်သိရှေ့တင်သတ်ပြီး ကိုယ့်ကိုပါစော်ကားသွားတဲ့အခါ ကလဲ့စားချေချင်စိတ်များပြီး လူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားပါတော့တယ်နာမည်ကြီးဂိုဏ်းခေါင်းဆောင် ဟေးဟော်ဟာ တရားမဝင်မူးယစ်ဆေးတွေရောင်းပြီး လူငယ်တွေဘဝကိုဖျက်ဆီးနေသူပါ သူချစ်ရတဲ့ချစ်သူဟာလည်း သူ့ကိုကာကွယ်ရင်း အသတ်ခံလိုက်ရပါ တော့တယ်ချင်းချိန်ဟာ ဟေးဟော်ရဲ့အရင်ချစ်သူနဲ့တစ်ပုံစံထဲတူနေသောအခါ ချင်းချိန်ကိုတိုက်နည်းခိုက်နည်းတွေ ကိုယ်တိုင်သင်ပေးရင်း အနားမှာခေါ်ထားလိုက်ပါရော ဒါပေမဲ့အရင်ထဲက ရိုးသားသူချင်းချိန်ဟာ ဒီလိုမကောင်းမှုတွေထဲ သူဘယ်လိုနေထိုင်မလဲ? လျှိဝှက်ချက်တွေ သိသွားချိန်မှာရော ဘာတွေဆက်ဖြစ်မလဲ? ဓမ္မနဲ့အဓမ္မမှာ ဘယ်ဟာအနိုင်ရမလဲ?ကဲဇာတ်လမ်းလေးထဲစောင့်ကြည့်ရအောင်နော် မှော်တွေသိုင်းတွေမကြိုက်ဘဲ တိုက်တာခိုက်တာ သီးသန့်ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါ Filesize : 1.46 GB / 791 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

The Return of the Sister-in-Law ( 2021 )

Invisible Tattoo ( 2022 ) 6
Invisible Tattoo ( 2022 ) Invisible.Tattoo.2022 လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... နိုင်ငံရေးတွေအကြား အသုံးချခံခဲ့ရတဲ့ တက်တူးထိုးဆရာတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးပါ....သိုင်းလောကသားတွေ သိကြမှာပါ မင်းသားကြီး Vincent Zhaoရဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကွက်တွေအပြင် ကိုယ်ခံပညာအသားပေးပြီး ဘယ်လို ပြောင်မြောက်တဲ့တိုက်ကွက်တွေကို တင်ဆက်ထားမယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ....ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဒေသခံအုပ်စုဖွဲ့လှုပ်ရှားမှုတွေပေါ်လာတဲ့ခေတ်ကိုနောက်ခံထားပြီးရိုက်ထားတာပါ။ ချင်လုံလှုပ်ရှားရေးအဖွဲ့ နာမည်ကြီးလာချိန်မှာ တက်တူးဆရာ အားချန်ကလည်း အဖွဲ့တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်.... ဒီလိုပဲ လော့အရာရှီကလည် ရဲတပ်ဖွဲ့အရာရှိကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး ချင်လုံ အဖွဲ့ထဲ ပါဝင်နေသူဖြစ်ခဲ့တယ်.... ဒီလို အစိုးရရဲတပ်ဖွဲ့နဲ့ ချန်လုံလှုပ်ရှားမှုအဖွဲ့တွေ ယှဉ်ပြိုင်မှုကြားထဲ ဂျပန်တွေပါဝင်ရောက်လာခဲ့တယ်...ဂျပန်သံအမတ် အားချန်ဆီရောက်လာချိန်က စပြီး ချန်လုံအဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့တယ်... သေဆုံးချိန်နဲ့ သေဆုံးတဲ့နေရာတိုင်းကလည်း အားချန်နဲ့ ပတ်သက်နေတာကြောင့် အားချန်သတ်တာလို့ တစ်ဖွဲ့လုံးကတစ်ထစ်ချထင်နေသလို သူမဟုတ်ကြောင်းလည်းသက်သေမပြနိုင်ခဲ့ပါဘူး.... ဇာတ်လမ်းအဆုံးမှာတော့ အားချန်က ဂျပန်သံအမတ်ရဲ့ အသုံးချခံလား ချန်လုံအဖွဲ့ရဲ့ အသုံးချခံဖြစ်ခဲ့တာလားဆိုတာ အံ့အားသင့်စွာ မြင်တွေ့ရမှာမို့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်.... Filesize : 1.15 GB / 670 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , ...
movie

Invisible Tattoo ( 2022 )

Miss Agent 2 ( 2024 ) 5.8
Miss Agent 2 ( 2024 ) Miss Agent (2020) ရဲ့အဆက်ပဲဖြစ်ပါတယ် ပထမကားကိုဒီမှာရှာလို့ရပါတယ် ဒီတစ်ခါ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့မမက အာရှပစိဖိတ်ဒေသရဲ့ ငွေကြေးစနစ်ကို လုံးဝဖျက်ဆီးပစ်မယ့်ရန်ကနေပြီးတော့ လောကကြီးကိုကယ်တင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။အတိတ်ရဲ့ဖြစ်ရပ်ဆိုးကြောင့် အထူးအေးဂျင့်ဖြစ်တဲ့မမက အလုပ်ကထွက်ပြီး သူ့ကိုချစ်တဲ့ယောင်္ကျားနဲ့အိမ်ထောင်ပြုပြီး သာမန်ဘဝလေးနဲ့နေထိုင်နေခဲ့တယ်။ ဖြစ်ချင်တော့ သူ့ယောင်္ကျားက AI နည်းပညာပညာရှင်ဖြစ်နေတဲ့အတွက် မသမာလူဆိုးဂိုဏ်းက ပြန်ပေးဆွဲတာကိုခံရတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘဏ်တွေကနေပြီး ပိုက်ဆံတွေကိုလိုသလိုလုပ်နိုင်တဲ့ AI Program တစ်ခုရဲ့ချို့ယွင်းချက်ကို ပြင်ခိုင်းဖို့ပဲဖြစ်တယ်။ပြန်ပေးဆွဲခံရတဲ့ယောင်္ကျားကိုကယ်ဖို့ တစ်ယောက်ထဲ ဥပဒေမဲ့တဲ့နယ်မြေမှာ စွန့်စားပြီးတော့ ကယ်တင်သွားမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.05 GB Quality : WEB-DL 1080p HEVC  Format : mkv Genres : Action , Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Miss Agent 2 ( 2024 )

Sniper ( 2024 ) 5.7
Sniper ( 2024 ) ဒီတခါမှာ CM ကနေတိုက်ခိုက်ရေးကားကောင်းလေးတကားဖြစ်တဲ့ Sniper ဆိုတဲ့ဇာတ်ကားလေးနဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဘရာဇီးမှာ အိမ်အကြီးကြီးဝယ်ပြီး ကော်ဖီပင်စိုက်ထားတဲ့ခြံကြီးနဲ့ အကြိုက်ဆုံးမြင်းပါရှိမယ့်အိပ်မက်အတွက် စူးရွှယ် သူ့အစ်ကိုနဲ့တခြားသူငယ်ချင်းပါ ၃ ယောက်လုံးကတရုတ်ပြည်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ အကြမ်းဖက်သမားအုပ်စုဖြစ်ကြတာပေါ့။စူးရွှယ် မိန်းကလေးကအမျိုးသမီးကျွမ်းကျင်စန်ိုက်ပါသမား ဖြစ်ပြီး အထူးရဲတပ်ဖွဲ့တွေလာရောက်ဖမ်းဆီးတဲ့အချိန်တိုင်း ထွက်ပြေးနိုင်အောင်လုပ်နိုင်ခဲ့တဲ့အထိကျွမ်းကျင်လှတယ်။ဒီလိုနဲ့အထူးရဲတပ်ဖွဲ့ဝင် စုန့်ညန့်မိန်းကလေးအမြဲတမ်း ထိပ်တိုက်တွေ့ပေမဲ့အမြဲတမ်း ထွက်ပြေးလွတ်မြောက်သွားတာကြောင့် စုန့်ညန့်တစ်ယောက်အခဲမကြေပဲ အဆုံးထိလိုက်လံဖမ်းဆီးဖို့ ကြိုးစားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ မိန်းကလေးစနိုက်ပါတစ်ယောက်ရဲ့ ထူးချွန်ပြောင်မြောက်ပုံတွေကို မြင်တွေ့ရမှာဖြစ်တာကြောင့် ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 974 MB / 533 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Ann Chi Reviewed By Moon Encoded by LK  
movie

Sniper ( 2024 )

Tiger Wolf Rabbit ( 2024 ) 6.5
Tiger Wolf Rabbit ( 2024 ) ကလေးခိုးခံရတဲ့အတွက် ရင်ကွဲနေရတဲ့ အမုန်းတရားတွေနဲ့ပြည့်နေတဲ့ လူ(၃)ယောက်ရဲ့ ကလေးရှာဖွေတဲ့ ခရီးစဉ်အကြောင်းကို ရိုက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘာမှမသက်ဆိုင်တဲ့ သာမန်မိဘ(၃)ယောက်ဟာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုအတွက် အတူဆုံလာခဲ့ကြတယ်။ သူတို့ကတစ်လမ်းလုံးမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မှန်းဆရင်းကနေ တစ်ဖြည်းဖြည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်လာခဲ့ကြတယ်။အများအမြင်မှာတော့ အသက်မဲ့တဲ့အကြည့်တွေနဲ့ ကလေးပျောက်ဆုံးသွားတဲ့ မိဘတွေလို့ထင်ကြပေမယ့် တကယ်တမ်းတော့ သူတို့ဟာ ကိုယ့်သားသမီးအတွက် ခေါင်းမာတဲ့၊ သန်မာတဲ့၊ ဇွဲမလျှော့တဲ့ မိဘတွေဖြစ်ကြောင်းကိုပြသွားခဲ့ပါတယ်။ အခက်အခဲတွေ အန္တရာယ်တွေအမျိုးမျိုးကျော်ဖြတ်ရတဲ့ သူတို့ရဲ့ကလေးပျောက်ရှာတဲ့ခရီးဟာ အဆုံးမှာဘယ်လိုရလာဒ်တွေကစောင့်ကြိုနေမှာလဲ။ဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ချီးကျူးခံရတဲ့ မမZhao Li Ying က ဒီရုပ်ရှင်မှာပါ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုချပြထားပါတယ်။ Filesize : 9.30 GB / 1.97 GB / 846 MB Quality : WEB-DL 4K HEVC,  1080p HEVC , 720p Format : mkv / mp4 Genres : Drama , Crime  Runtime : 2h 6 min Subtitle : Myanmar Subtitle ( ...
movie

Tiger Wolf Rabbit ( 2024 )

4K HEVC
The Whirlwind of Sword and Fairy ( 2022 ) 6
The Whirlwind of Sword and Fairy ( 2022 ) "မသေမျိုးတွေနဲ့ နတ်ဆိုးတွေကြားထဲက မကျေအေးနိုင်သော အငြိုးတရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်"လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီလောက်က မသေမျိုးတွေ နဲ့ နတ်ဆိုးတွေအတွင်းမှာ အချင်းချင်းအပြိုင်အဆိုင် တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ် ရှန်းကျန့်ဂိုဏ်း (မသေမျိုးဓားဂိုဏ်း) က ဘိုးဘေးတွေ နဲ့ နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင် ဧကရာဇ်မင်းယိုတို့ဟာ ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူသေ ကိုယ်သေ တိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင် ဧကရာဇ်မင်းယိုဟာ မရှုမလှနဲ့ အရှူံးဒဏ်ကို ခံစားလိုက်ရပါတော့တယ်အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲ ကျန်းကျီလင်ဟာ ရှန်းကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပါတယ် နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်တဲ့ ဇီချင်းဓားနှစ်သွယ်ဟာလဲ တစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သလို နတ်ဆိုးဘုရင်ဟာလဲ တစ်ဖန်ပြန်ပြီး ထွက်ပေါ်လို့လာခဲ့ပါတော့တယ်နတ်ဆိုးဘုရင်ပြန်လည်ပေါ်ထွက်လာတာနဲ့အတူ ရွာထဲကမိန်းမပျိုလေးတွေကလဲ ထူးထူးခြားခြား ပျောက်ဆုံးလို့ လာခဲ့ပါတော့တယ် နတ်ဆိုးတွေကိုသတ်ပြီး လောကကြီးကိုကယ်တင်ဖို့ ရှန်းကျန့်ဂိုဏ်းက ထျန်းကန်းပေသို ဆိုတဲ့ ဓားသိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပါတော့တယ်ကဲ...ဒါဆိုရင် သူတို့ရှန်းကျန့်ဂိုဏ်း(မသေမျိုးဓားဂိုဏ်း) ကရော အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် နတ်ဆိုးဘုရင်ကို ဘယ်လိုတွေပြန်ပြီးလက်စားချေကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် Filesize : 1.50 GB / 824 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama ...
movie

The Whirlwind of Sword and Fairy ( 2022 )

Hot Blooded Angel ( 2024 ) 5.8
Hot Blooded Angel ( 2024 ) ကိုယ့်ရဲ့ယုံကြည်ရာ နားခိုရာတစ်ခုကိုကာကွယ်ဖို့ကြိုးစားတဲ့ မိန်းကလေးတစ်ယောက်အကြောင်း အက်ရှင်ကားလေးဖြစ်ပါတယ်။ တရုတ်တန်းဆိုတာ အနယ်နယ်အရပ်ရပ်ကတရုတ်တွေအတွက် နွေးထွေးတဲ့နားခိုရာတစ်ခု အားကိုးရာတစ်ခုပဲဖြစ်တယ်။အပေါ်ယံမှာအိမ်ခြံမြေစီမံကိန်းလုပ်ငန်းရှင်လိုလိုနဲ့ မကောင်းမှုတွေ ပြစ်မှုပေါင်းများစွာကျူးလွန်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ တရုတ်တန်းရှိတဲ့နေရာကို မျက်စိကျလိုချင်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ဒုက္ခပေးပါတော့တယ်။အာဏာပိုင်တွေနဲ့ပေါင်းကြံတဲ့ မသမာတဲ့လူမိုက်ဂိုဏ်းသားတွေကို ဒီနတ်သမီးလို့တင်စားခံရတဲ့ကောင်မလေးဟာ ဘယ်လိုရင်ဆိုင်မလဲ….. ရန်ငြိုးတွေကိုအသစ်ရောအဟောင်းပါရောပြီးရှင်းတဲ့အကြောင်းကို မမလှလှတွေရဲ့အက်ရှင်ခန်းများများနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Filesize : 1.14 GB / 616 MB Quality : WEB-DL 1080p , 720p Format : mkv  Genres : Action , Crime , Drama Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Hot Blooded Angel ( 2024 )

Sharp Teeth ( 2024 ) 5.6
Sharp Teeth ( 2024 ) သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ဦးလေးနျိုနဲ့သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေ ရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင် ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေ အဲဒီငါးကြီးနဲ့မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။ ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့ အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့သူငယ်ချင်းအုပ်စုက အရင်တည်းဖို့လုပ်ထားနဲ့ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။ အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ ဟိုတယ်ကို‌သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲ သူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘ ယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 896 MB / 530 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Thriller , Adventure , Mystery Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Sharp Teeth ( 2024 )

The Captives ( 2024 ) 5.8
The Captives ( 2024 ) ၂၁၅၀ခုနှစ်မှာ ကမ္ဘာပေါ်ကို တခြားဂြိုလ်ကပိုးကောင်သားရဲတွေ ဝင်ရောက်ကျူးကျော်လာတဲ့အကြောင်းကို ရိုက်ထားတဲ့ ခေတ်လွန်ဇာတ်ကားဖြစ်ပါတယ်။ ၂၁၅၀ခုနှစ်မှာ တခြားဂြိုလ်ကပိုးကောင်သားရဲတွေဟာ ကမ္ဘာကိုရောက်လာပြီး လူသားတွေကိုတိုက်ခိုက်ခဲ့တယ်။လူသားနဲ့ပိုးကောင်စစ်ပွဲကြီးဟာ နှစ်(၂၀)ကြာတဲ့အထိပြီးဆုံးမသွားသေးပါဘူး။ ဒီပိုးကောင်မျိုးနွယ်ဟာ အရေခွံမာပြီး အားကြီးတဲ့ပြင် မှန်းဆလို့မရတဲ့ ဉာဏ်ရည်တွေရှိတာကြောင့် လူသားတွေဟာသူတို့ကိုအပြီးသတ်နှိမ်နင်းနိုင်ဖို့ခက်ခဲနေပါတယ်။နှစ်လရှည်ကြာလာတာနဲ့အမျှ ပိုးကောင်တွေဟာ ကမ္ဘာမှာနေသားကျပြီး မျိုးရိုးဗီဇတစ်ဆင့်တက် ဆင့်ကဲပြောင်းလဲလာပါတယ်။ ကမ္ဘာကြီးပေါ်မှာရှိတဲ့လူသားတွေမျိုးသုန်းသွားမယ့် အန္တရာယ်ကျရောက်တော့မယ့် အရေးပေါ်အခြေနေကိုရောက်ရှိလာပါပြီ။ ဒီဉာဏ်ရည်ရှိတဲ့ဂြိုလ်သားပိုးကောင်တွေကိုဘယ်လိုအနိုင်ယူနိုင်မလဲ...... ကမ္ဘာကြီးဟာဒီပိုးကောင်တွေရဲ့နယ်ချဲ့ရန်ကနေလွတ်မြောက်နိုင်ပါ့မလား...... Quality : WEB-DL 2160p (4K), 1080p , 720p Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Captives ( 2024 )

One in 89 Murderers ( 2024 ) 5.8
One in 89 Murderers ( 2024 ) သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ ချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက် ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့ မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ်ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါ ငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး ၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့ ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့ လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ် စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါ ဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါ အမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ်ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့... ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Crime Runtime : 1h 27 min Subtitle : Myanmar Subtitle ...
movie

One in 89 Murderers ( 2024 )

Queen of Triads 2 – Infinite Sneak ( 2023 ) 5.9
Queen of Triads 2 – Infinite Sneak ( 2023 ) Queen of Triads 2 ဆိုတဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးက ထုံးစံအတိုင်း ဟောင်ကောင် မူးယစ်ဈေးကွက်လောကကို အခြေခံရိုက်ကူးထားတာပေါ့... ဟောင်ကောင် မူးယစ်ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီး လုပ်ငန်းရှင် ၄ ဦးထဲက ဖေးခွင်း ခေါ် အစ်ကိုခွင်းနဲ့ အစ်ကိုဟောက်တို့ကြားက ယှဉ်ပြိုင်မှုအပိုင်းအစလေးမှာ နှင်းဆီဆိုတဲ့ သူလျိုတစ်ယောက်ဝင် ဂယက်ရိုက်တာကို ကွင်းဆက်မိမိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တင်ဆက်ထားတာပါ...နှင်းဆီ ဆိုတဲ့ နာမည်အတိုင်း လှလည်းလှ ဆူးလည်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ... သူက ဖေးခွင်း လက်မှာ သေခဲ့ရတဲ့ အဖေ ရဲအရာရှိသွေး အပြည့်အဝပါသူမို့ လေ့ကျင့်ရေးမှာလည်း အမှတ်ကောင်းပြီး သူလျို့စစ်ဆင်ရေးအတွက် အရွေးချယ်ခံခဲ့ရသူလေးပေါ့...နှင်းဆီနဲ့ အစ်ကိုခွင်းဟာဆို မိဘကို သတ်ခဲ့တဲ့ သွေးရန်ငြိုးရှိနေသေလိုပဲ... တစ်ချိန်က အစ်ကိုခွင်း လက်အောက်ငယ်သားဖြစ်သူ အစ်ကိုဟောက်ကလည်း တစ်ချိန်က နှင်းဆီကို ကယ်ခဲ့သူဖြစ်နေတာပေါ့...ဒီလိုနဲ့ နှင်းဆီတစ်ယောက် အစ်ကိုဟောက်နားရောက်လာပြီး ဘယ်လို စစ်ဆင်ရေးလှုပ်ရှားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတာမို့ မပျက်မကွက် ကြည့်လိုက်ကြနော်.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : ...
movie

Queen of Triads 2 – Infinite Sneak ( 2023 )

Queen of Triads 3 ( 2023 ) 5.9
Queen of Triads 3 ( 2023 ) တာဝန်ထမ်းဆောင်ရင်း ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့ရဲမေလေးဟာ အ‌ဝေးတစ်နေရာမှာဇာတ်မြှုပ်ပြီး GYMအားကစားခန်းမတစ်ခုဖွင့်ထားပြီး အသက်မွေးဝမ်းကြောင်းနေခဲ့တယ်။သူဟာ လှပသွက်လက်တဲ့ ယောဂဆရာမလေး ရှီးရှီး၊ အလုပ်ကြိုးစားတဲ့ လက်ဟွေ့ဆရာမလေး တုံးနီနဲ့ ခန့်ညားပြီးယောင်္ကျားပီသတဲ့ မုံ့ကျင်းတို့နဲ့အတူ သာမန်ဘဝလေးမှာပဲ အေးအေးချမ်းချမ်းနေထိုင်ခဲ့တယ်။ဒါပေမယ့်လဲ ပြဿနာဆိုတာ အိမ်ပေါက်ဝထိရောက်လာတတ်တာပါပဲ။ ရန်သူတွေဟာအကွက်ချစီစဉ်ပြီးရောက်လာတဲ့အခါ သူတို့တွေဘယ်လိုတုံ့ပြန်ကြမလဲ...... ရန်ငြိုးအဟောင်းနဲ့အသစ်တွေပေါင်းပြီး မမတို့ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကိုအားပေးလိုက်ပါဦး...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Queen of Triads 3 ( 2023 )

Distortion ( 2023 ) 6
Distortion ( 2023 ) (၂၁၅၈)ခုနှစ်မှာ နည်းပညာတွေအရမ်းတိုးတက်နေပြီး လူသားကိုမျိုးစိတ်ကိုအခြေခံဆင့်ပွားတဲ့ Cloneနည်းပညာမွေးဖွားလာခဲ့တယ်။ရွှီကျန့်တို့ကြေးစားတပ်သားအဖွဲ့ဟာ တရားမဝင်မှောင်ခို Cloneသုတေသနစခန်းကို ဝင်ရောက်တိုက်ဖျက်ဖို့ကြိုးစားတဲ့အချိန်မှာ သေနတ်မှန်မစ်ရှင်ကျရှုံးပြီနောက် ထူးဆန်းတဲ့တောကြီးတစ်ခုထဲကိုရောက်သွားပါတယ်။ဘာကြောင့်မှန်းမသိ ရုတ်တရက်တောအုပ်ထဲရောက်သွားတဲ့ အနယ်နယ်အရပ်ရပ်ကလူတစ်စုဟာ ထူးဆန်းသတ္တဝါကြီးနဲ့ကြုံလာရတော့ သေရေးရှင်ရေးပြေးကြရတော့တာပေါ့...... ဒီတောနက်ကြီးထဲမှာ သူတို့ကိုဘယ်လိုအန္တရာယ်တွေကစောင့်နေမလဲ...... သူတို့တွေဟာ ဒီတောနက်ကြီးထဲမှာ အသက်ရှင်နိုင်ပါ့မလား...... ဒီတောထဲရောက်လာရတဲ့အကြောင်းအရင်းရဲ့နောက်ကွယ်မှာဘာရှိနေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Distortion ( 2023 )

Detective Dee : Deep Sea Dragon Palace ( 2020 ) 5.9
Detective Dee : Deep Sea Dragon Palace ( 2020 ) သက္ကရာဇ်(၆၈၈)ခုနှစ်မှာ တထန်ပြည်ကြီးမှာ(၁၀)လကြာအောင် မိုးခေါင်ရေရှားမှုကြီးကြုံတွေ့နေရပါတယ်။ ဝူကျယ်ထျန်းကမိုးခေါ် ဆုတောင်းပွဲကျင်းပဖို့ကွေးရွှီးတိုင်းပြည်ကနဂါးပုလဲကိုဆက်သခိုင်းခဲ့ပါတယ်။ပင်လယ်ရေကြောင်းလမ်းကနေပြီးပို့လာတဲ့အချိန်မှာ ရေသူမျိုးနွယ်တွေရုတ်တရက်ပေါ်လာပြီး အစောင့်တပ်သားတွေကို သတ်ဖြတ်ကာနဂါးပုလဲလုံးကိုလုယူသွားခဲ့ပါတယ်။အဲဒီအချိန်မှာအချစ်ကိုဆုံးရှုံးလိုက်ရလို့အသဲကွဲနေတဲ့ စုံထောက်ကြီးဒီဟာသေရည်တွေသောက်ပြီး ဆောင်ကြာမြိုင်မှာလေလွင့်နေခဲ့ပါတယ်။ မိဖုရားကြီးကနဂါးပုလဲလုံးကိုရှာဖို့ စုံထောက်ကြီးဒီးကိုအချိန်(၃)ရက်သာပေးလိုက်တဲ့အခါဆုတောင်းပွဲအတွက်ကွေးရွှီးကလာတဲ့သူတော်စင်မလေးဟာ သူ့ရဲ့ချစ်ရသူလေးနဲ့ရုပ်အရမ်းတူနေတာကိုတွေ့လိုက်ရတဲ့အခါ. စုံထောက်ကြီးဒီတစ်ယောက် ရေသူမျိုးနွယ်တွေလုယက်သွားတဲ့ နဂါးပုလဲလုံးကို(၃)ရက်အတွင်းဘယ်လိုရှာဖွေမလဲ...... ရေသူမျိုးနွယ်ဆိုတာရဲ့နောက်ကွယ်ကအမှန်တရားဟာ ဘာတွေဖြစ်နေမလဲဆိုတာကိုကြည့်ရှုအားပေးလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Detective Dee : Deep Sea Dragon Palace ( 2020 )

Phantom Wild Flower ( 2022 ) 5.9
Phantom Wild Flower ( 2022 ) Action ကြိုက်သူCMပရိသတ်ကြီးအတွက် ဟောင်ကောင်ဂျက်မ Naked Weapon စတဲ့နာမည်ကြီးကားတွေလိုပဲ မစ်ရှင်အောင်မြင်ဖို့အတွက်အလှအပမာယာတွေနဲ့ တိုက်ခိုက်စွမ်းရည်ပြည့်ဝတဲ့ မိန်းကလေးအထူးတပ်ဖွဲ့အကြောင်းကို ရိုက်ထားတဲ့အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်အိမ်ကတော့ဂျပန်တွေကျူးကျော်ဝင်လာတဲ့ မတည်ငြိမ်တဲ့ခေတ်ကာလကြီးကိုအခြေပြုထားတာပဲဖြစ်ပါတယ်။ လောကကြီးမှာဖက်တွက်စရာမရှိတော့တဲ့ အထီးကျန်မိန်းကလေးတွေ ပြည်သူတွေအေးချမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုပေးဆပ်ဖို့ဝန်မလေးတဲ့ မိန်းကလေးတွေကိုစုစည်းပြီး လျို့ဝှက်လေ့ကျင့်သင်တန်းပေးပြီး လျှို့ဝှက်ပြီးတရားမျှတတဲ့အမျိုးသမီးအထူးတပ်ဖွဲ့ကိုတည်ထောင်ထားဖြစ်ပါတယ်။သူတို့ဟာပန်းလေးတွေလိုပဲ လှပစွာညှို့ငင်ပြီး ရည်မှန်းချက်ကိုရအောင်ယူဖို့နည်းမျိုးစုံနဲ့လုပ်ကိုင်တတ်ကြသူတွေပါ။ မမလှလှတွေရဲ့ကြမ်းကြမ်းရမ်းရမ်း အက်ရှင်တွေအပြင် တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့တပ်ဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းကြားမှာ အချစ်ဆိုတဲ့ချိုမြတဲ့ခံစားချက်လေးဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ...... သူတို့ထင်မှတ်ထားတဲ့တရားမျှတခြင်းဟာ တရားမျှတမှုအစစ်အမှန်ဟုတ်ရဲ့လား...... အချစ်ဆိုတာကရောအချစ်စစ်ဟုတ်ရဲ့လား...... ရှေ့ဆက်ပြီးဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဖန်သားပြင်မှာပဲဆက်လက်ကြည့်ရှုလိုက်ပါနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Phantom Wild Flower ( 2022 )

My Dear Bodyguard ( 2022 ) 6
My Dear Bodyguard ( 2022 ) တရုတ်ဘော်ဒီဂတ် အက်ရှင်ကားတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ဘော်ဒီဂတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် ...... Hang Bin ဟာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ Sherry တို့သားအဖကိုစောင့်ရှောက်ပေးရတဲ့တာဝန်ကျရှုံးခဲ့ပြီး တစ်မိသားစုလုံးသတ်ခံလိုက်ရပါတယ်။Sherryအဖေရဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းဟာလဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့ Hang Bin ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေပါတော့တယ်။ ၁၅နှစ်ကြာပြီးနောက်.....လုပ်ဖော်ကိုင်ဖက်ဟောင်းကြောင့် အဆိုတော်မလေးရဲ့သက်တော်စောင့်ဖြစ်လာဖို့အကြောင်းဖန်လာပါတယ်။အဆိုတော်မလေးဟာအသက်ခြိမ်းခြောက်မှုတွေဆက်တိုက်ခံရပြီး အန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရပါတယ်။ Hang Binဟာအခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ရင်း တရားခံရဲ့ပစ်မှတ်ဟာ တကယ်တော့ အဆိုတော်မလေးမဟုတ်ပဲ သူကိုယ်တိုင်ဆိုတာသိလိုက်ရတယ်။ နောက်ကွယ်ကနေထိန်းချုပ်နေတဲ့သူကဘယ်သူဖြစ်လိမ့်မလဲ..... ဘာကြောင့်များသူ့ကိုအညှိုးထားနေရတာလဲ...... ပဟေဠိတွေအပြည့်နဲ့ပီပြင်တဲ့ ဖိုက်တင်ခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးဖြစ်လို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။ Reviewed By Nu Mon Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Drama Runtime : 1h 22min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

My Dear Bodyguard ( 2022 )

The Legend Of Aquawitch ( 2022 ) 5.9
The Legend Of Aquawitch ( 2022 ) ဟိုး....ကိုယ်မမြင်နိုင်တဲ့ ရေအောက်တစ်နေရာမှာ ကိုယ်တွေမသိနိုင်တဲ့ အရာတွေရှိနေတတ်ပါတယ် ထူးဆန်းထွေလာ/သည်းထိတ်ရင်ဖိုဇာတ်ကားတွေ သဘောကျတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားလေးက အကြိုက်တွေ့စေမှာအသေချာပါပဲရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့......,ချန်အန်းမြို့ရဲ့ ညနက်ယံအချိန်ကာလ..., ချွီကျန်းရေကန်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီးတဲ့နောက် ရေထဲမှ မကောင်းဆိုးဝါးတစ်ကောင်ဟာ လူတွေကို ဝါးမျိုစားသောက်တယ်ဆိုတဲ့ ကိစ္စတစ်ခုဟာ တိုင်းပြည်တစ်ခွင်ပျံ့နှံ့လို့လာခဲ့ပါတော့တယ် တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဟာ ဆောင်းဦးလယ်ပွဲတော်နေ့အချိန်မှာ ထီးနန်းကိုဆက်ခံပြီး ချွီကျန်းရေကန်မှာ မိခင်ဖြစ်သူအတွက် အောင့်မေ့သတိရဖွယ် အခန်းအနားတစ်ခု ကျင်းပဖို့ စီစဥ်ထားတာလဲဖြစ်ပါတယ် အဲ့ဒါကြောင့် ဆောင်းဦးလယ်ပွဲတော်မတိုင်ခင်မှာ တရားရုံးချုပ်ကို ရေထဲကမကောင်းဆိုးဝါးနဲ့ ပတ်သတ်တဲ့အမှုစစ်ဆေးစုံစမ်းဖို့အတွက် အမိန့်ပေးခြင်းခံရပါတယ်အဲ....ဒီလိုနဲ့ , ဆောင်းဦးလယ်ပွဲတော် ညမှာ အိမ်ရှေ့စံရဲ့ လှေဟာ ရေကန်ရဲ့ အလယ်တည့်တည့်ကို ရောက်သွားတဲ့အချိန်မှာတော့ ဧရာမ ရေသတ္တဝါကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ် အဲ့ဒီအချိန်မှာပဲ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ကဘယ်သူဖြစ်မလဲ ဒီကိစ္စကြီးဟာ ကြောက်ဖို့ကောင်းလှတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ ....?❏ သူဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ ❏ နောက်ကွယ်ကြိုးကိုင်သူတွေကိုရော သူအဆုံးသတ်နိုင်ပါ့မလား ❏ ရေမိစ္ဆာကြီးကို သူနှိမ်နှင်းနိုင်ပြီး အိမ်ရှေ့စံနဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်နိုင်ပါ့မလာဆိုတာ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080 , 480p Format : mp4 Genres : Mystery Runtime : 1h 24 min Subtitle ...
movie

The Legend Of Aquawitch ( 2022 )

The Sniper (2021) 6.0
The Sniper (2021)  "နှလုံးရပ်ပြီး ဦးနှောက်သေဖို့အချိန်ဘယ်လောက်လိုမယ်ထင်လဲ ၈မိနစ်၊ မင်းကံထူးတာပဲ မျက်တောင်မခတ်ဘဲ သေချာကြည့်ထား" ဒီလိုမျိုး အပြောခံရပြီး တရားမဝင်လူအင်္ဂါကုန်ကူးမှုမှာ အရှင်လတ်လတ် နှလုံးထုတ်ခံရမလိုဖြစ်ခဲ့တဲ့ ကောင်လေး ကျင်းထိုက်...ကယ်ဆယ်ရေးတရားမဝင်ပြစ်မှုအဖွဲ့အစည်းရဲ့ လူကုန်ကူးမှုနောက်ကွယ်ကကြိုးကိုင်သူ စုန့်ဖားကို ဖမ်းဆီးရမဲ့မစ်ရှင်ကြောင့် လူ့အင်္ဂါကုန်ကူးအကျဉ်းစခန်းမှာ စစ်ဆင်ရေးလုပ်ဖို့ရောက်လာတဲ့ ကျွမ်းကျင်စနိုက်ပါသမားကျင်းမင်...ကယ်ဆယ်ရေးတစ်ခုကြောင့် လူကုန်ကူးအကျဉ်းစခန်းက လွတ်မြောက်လာကာ ကယ်တင်ရှင်လောင်ကျင်းကို အသက်ထက်မကချစ်မြတ်နိုးတဲ့ ကောင်မလေးရှောင်မေ...သူတို့သုံးယောက်စတွေ့ခဲ့ရတဲ့ ဇာတ်ကြောင်းလေးကတော့...ကျင်းမင်ဟာ အထူးစစ်ဆင်ရေးဆင်းနေစဉ် အကျဉ်းစခန်းထဲက ကောင်လေး ကျင်းထိုက်ကို မြင်ပြီး သနားစိတ်ဝင်ကာ မစ်ရှင်ကိုမေ့ထားပြီး လူကိုအရင်ကယ်လိုက်မိတဲ့အတွက် အဓိက ကြိုးကိုင်သူကိုလွတ်သွားခဲ့ပါတယ်နောက်ပိုင်းကယ်ဆယ်လာတဲ့လူထဲက ရှောင်မေနဲ့ ကျင်းထိုက်ကို တပည့်အဖြစ် ပညာကုန်သင်ပေးပြီး ၁၀နှစ်အကြာမှာ သူတို့နှစ်ယောက်ဟာ ပူးပေါင်းလုံခြုံရေးအထူးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိစနိုက်ပါအဖွဲ့ဝင်တွေဖြစ်လာခဲ့ပါတယ်အဲဒီအချိန် စုန့်ဖားတို့အဖွဲ့ကြီးက ပိုမိုကြီးထွားလာပြီး စုန့်ဖားကိုဖမ်းဖို့ဖြစ်လာချိန်မှာတော့ သူတို့ ဆရာတပည့်သုံးယောက် ကံကြမ္မာလှည့်ကွက်တွေနဲ့ ကြုံပြီး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ဆက်ပြီးတော့ ကြည့်ရမှာပါနော်...။File Size__(1.7GB) / (830MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:33:00 Type__Action, Crime, Drama Subtitle__Myanmar ...
movie

The Sniper (2021)

Monster Hospital (2021) 7
Monster Hospital (2021) Monster Hospital (2021)ဒီနေ့မှာ Channel Myanmar ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တဲ့တရုတ်ကားကောင်း တစ်ကားကတော့ Monster Hospital လို့ခေါ်တဲ့၂၀၂၁ ထွက် အသစ်စက်စက် ဇာတ်ကားတစ်ကားပါ။ဇာတ်အိမ်လေးကသုံးလောကမှာ သွေးနှောကညာပျိုတစ်ယောက်ပိုင်တဲ့ ဆေးခန်းတစ်ခုရှိတယ်ပေါ့ဗျာ။ဒီဆေးခန်းရဲ့ သမားတော် ကညာပျိုလေးက မိစ္ဆာတစ်ဝက် လူတစ်ဝက်ဗျ။သူ့ဆေးခန်းကလည်း မကောင်းဆိုးဝါးနဲ့ မိစ္ဆာတွေကိုပဲ ကုပေးတာ။ ဒါပေမယ့် တစ်ရက်လည်းကျရောမော့ဝမ်လို့ခေါ်တဲ့ မိစ္ဆာဆေးလုံးကို ကိုယ်ဝန်လွယ်ထားတဲ့လူယောက်ျားတစ်ယောက် ( ကျင်းကျွီကျွင်း) ဆေးခန်းကို ရောက်လာပါလေရော။ကညာပျိုလေးက သွေးနှောဆိုတော့ ပုံမှန်မိစ္ဆာတွေလို အသက်ရှည်ရှည်မနေနိင်ဘူးတဲ့ဗျာ။ဒါပေမယ့် မော့ဝမ်ကို စားရင်တော့ ရလာဒ်ကတစ်မျိုးပြောင်းသွားမှာပေါ့။ ဒီတော့ရေကန်အသင့် ကြာအသင့်ဆိုသလိုပဲ ကျင်းကျွီကျွင်းကို ကူညီပြီး မော့ဝမ်ကိုမွေးပေးတော့တာပေါ့။အဲဒီနောက်မှာရော သူ့ရဲ့ မူလအစီအစဥ်အတိုင်းမော့ဝမ်ကို စားပြီး အသက်ရှည်ရှည်နေသွားနိုင်မလား?နောက်ပိုင်းမှာ ဒါတွေအားလုံးက နောက်ကွယ်က ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အစီအစဥ်ဖြစ်နေပြီးတော့ကျင်းကျွီကျွင်းကလည်း နယ်ရုပ်တစ်ရုပ်ပဲဆိုတာသိလိုက်ရတဲ့အခါ?ဘာတွေဆက်ဖြစ်ကြမလဲ?ဇာတ်အိမ်လေးက ခိုင်ခိုင်မာမာနဲ့ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာမို့ရုပ်ရှင်ချစ်ပရိတ်သတ်တို့အနေနဲ့ လက်မလွှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။  File size…1.2GB / 640MB Quality…1080p WEB ...
movie

Monster Hospital (2021)

2021