Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raphaël Quenard
6.4
The Fantastic Three (2024) Les trois fantastiques
The Fantastic Three (2024)IMDb Rating (6.4) Coming of Age ရုပ်ရှင်လို့ ပြောလို့ရတဲ့ ပြင်သစ်ရုပ်ရှင်ပါ။ ဒါပေမဲ့ လှပတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူးပေါ့။လှလာမယ်လို့ ထင်ရအောင်လုပ်ရင်း ရက်ရက်စက်စက်ကို ချိုးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ အသက်၁၂အရွယ် ကောင်လေး၃ယောက်ရဲ့ဇာတ်လမ်းပေမဲ့ သူတို့မှာ အသက်၁၂နဲ့မလိုက်တဲ့ ဘဝကြီးကို လွယ်ထားရတဲ့ အကြောင်းကို ပြထားတယ်။သူတို့မြို့လေးရဲ့ အဓိက ပင်မအလုပ်အကိုင်အရင်းအမြစ် စက်ရုံက ဒေဝါလီခံသွားတော့ သူတို့မိဘတွေအလုပ်မရှိကြသလို ကျောင်းရဲ့ စခန်းချခရီးထွက်ဖို့ငွေပေးစရာလည်းမရှိကြဘူး။ဒီငွေကို ရအောင်ကြံရင်း သူတို့ဒုက္ခများနေတာကိုမှ တခြားဒုက္ခတွေပါ နွယ်လာတာကို တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ ကြည့်တော့ကောင်းပေမဲ့ တော်တော်ရက်စက်တဲ့ ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ၁၂နှစ်သားလေးတွေရဲ့ မောလွန်းစရာဘဝကို ပြထားတာမို့ နည်းနည်းတော့ ထူးထူးခြားခြားလေးဖြစ်နေမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.4 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:37:11 Subtitle….Myanmar ...
movie
The Fantastic Three (2024) Les trois fantastiques
2024
7.2
Beating Hearts (2024)
Beating Hearts (2024)IMDb Rating (7.2) လမ်းမှားပေါ်လျှောက်နေတဲ့ လူမိုက်ကောင်လေးနဲ့ သူချစ်ရတဲ့အရိုင်းဆန်သူကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးပါ ။ငယ်ရွယ်တဲ့အရွယ်မှာဆုံခဲ့ကြပေမယ့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဘ၀တစ်ခုလုံးပျက်ခဲ့ရတဲ့ကောင်လေးက အချိန်တစ်ခုအလွန်မှာ သူ့ဘ၀လေးနဲ့သူဖြစ်သွားပြီဖြစ်တဲ့ ချစ်သူကောင်မလေးကိုပြန်ရနိုင်မလားကောင်မလေးကရော ရင့်ကျက်သင့်တဲ့အရွယ်ရောက်နေပေမယ့် ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ကောင်လေးကိုမေ့နိုင်သွားပြီလား မေ့ရောမေ့နိုင်ခဲ့သလား ဒါတွေကိုကြည့်ရမှာဖြစ်ပါတယ် ။လူငယ်ဆန်ဆန်အချစ်ကားလေးတွေကြိုက်သူဆိုရင်တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9.4 GB) / (2.7 GB) / (1.4GB) Quality….Blu-Ray 4K HEVC /Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance , Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin
movie
Beating Hearts (2024)
2024
4K HEVC
6.7
The Second Act aka Le Deuxième Acts(2024)
The Second Act aka Le Deuxième Acts(2024) ဘဝအသစ်စတင်ခြင်းအချစ်ဟာသကားလေးကိုမှကြိုက်တယ်ဆိုတဲ့လူတွေအတွက် ၂၀၂၄ ထွက် ပြင်သစ်ဟာသကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက IMDB - 6.7/10 ရရှိထားတဲ့အပြင် ၂၀၂၄ ခုနှစ်၊ မေလကကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ရုပ်ရှင်အဖြစ်ပြသခြင်းခံထားရတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။မိန်းမကျမ်းကြေပြီး မိန်းမတစ်ကာကိုထည်လဲတွဲနေတဲ့ ရုပ်ချောရေလျှံ ဒေးဗစ်တစ်ယောက်.. သူ့ကိုတမ်းတမ်းစွဲချစ်ပြီး ဖခင်ဖြစ်သူနဲ့ပါ မိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ကို အဆက်အသွယ်ဖြတ်ဖို့လုပ်ပေမယ့် မအောင်မြင်လို့ သူငယ်ချင်းဖြစ်သူ ဝီလီကိုအကူအညီတောင်းခဲ့ပါတယ်။ဝီလီက ဒေးဗစ်လိုရုပ်ချောရေလျှံတစ်ယောက်တော့မဟုတ်ပေမယ့် သူငယ်ချင်းဖြစ်သူကအကူအညီတောင်းလာတာကြောင့် အကူအညီပေးဖို့လက်ခံခဲ့ပါတော့တယ်။အဆက်အသွယ်ဖြတ်ဖို့ကြိုးစားနေတဲ့ ဒေးဗစ်နဲ့ ဖခင်ဖြစ်သူနဲ့ပါမိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ရဲ့ကြားမှာ ဝီလီတစ်ယောက် ဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာကိုရိုက်ကူးထားတဲ့ ပြင်သစ်ဟာသကားလေးတစ်ကားဖြစ်လို့ ကြည်ရှုအားပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Team က ရေးသားပေးထားတာပဲဖြစ်ပါတယ်) File size… 1.4 GB / 640 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie
The Second Act aka Le Deuxième Acts(2024)
7.0
All Your Faces (2023)
ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုအစီအစဉ်များကို ပြစ်မှုကျူးလွန်သူများနှင့် သားကောင်များအကြား ဆွေးနွေးမှုများအတွက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ပံ့ပိုးပေးတဲ့လုံခြုံသောနေရာတစ်ခု ပေးခဲ့တယ်ပါဝင်သူများထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ Chloé , Grégoire၊ Nawelle နှင့် Sabine၊ ဖောက်ထွင်းမှုနှင့် လုယက်မှု သားကောင်များ၊ Nassim၊ Issa နှင့် Thomas တို့က အကြမ်းဖက် လုယက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပြစ်မှုကျူးလွန်သူများဖြစ်ကြတယ်သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie
All Your Faces (2023)
7.1
Junkyard Dog (2023)
Junkyard Dog (2023)ဒီ Comedy, Drama ဇာတ်ကားကတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့တောင်ဘက်က မြို့ငယ်လေးတစ်မြို့မှာ နေထိုင်ကြတဲ့ ဒေါ့နဲ့ မီရာလယ်စ်ဆိုလို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပေါ့။ငယ်မွေးခြံပေါက်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က တော်ရုံစကားမပြော မှုန်မှုန်ကုပ်ကုပ်လေးနေ ဘာဆိုဘာမှဂရုမစိုက်ဘဲနေတတ်တဲ့ Introvert ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အမြဲလိုလို အခြားသူငယ်တွေနဲ့ပျော်ပါးတတ် စကားစမြည်ပြောပြီး ဝေလေဝါးလားနေတတ်သူပေါ့။ နှစ်ယောက်က တောင်နဲ့မြောက်တခြားစီဆိုပေမဲ့ ငယ်ငယ်ကတည်းက အရမ်းကိုချစ်တတ်ကြတဲ့သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ထဲက Introvert ဖြစ်တဲ့ ဒေါ့ဆိုတဲ့သူက အခြားမြို့ကနေခဏတစ်ဖြုတ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီ ဒေါ့ရဲ့ အချစ်ဇာတ်လမ်းက နောက်ဆုံးမှာဘယ်လိုအဆုံးသတ်သွားရမလဲဆိုတာအပြင် အမှန်တကယ်ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေကပဲ ကိုယ်မုန်းတာကိုခံပြီး ကိုယ့်ကိုကူညီပေးတတ်တယ်ဆိုတာကိုပါ ရသအပြည့်နဲ့ခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 760MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - ...
movie
Junkyard Dog (2023)
2023
6.7
Smoking Causes Coughing (2022)
Smoking Causes Coughing (2022)~ IMDb - 6.7/10, RT - 91%, Meta - 74% ~ဒီတစ်ခေါက်တော့ 2022 ကထွက်ရှိထားတဲ့ Smoking Causes Coughing ဆိုတဲ့ ပြင်သစ် ဟာသ Sci-Fi ကားလေးနဲ့ ပိတ်ရက်တွေမှာ ရယ်မောရင်း အပန်းဖြေလိုက်ရအောင်။ကမ္ဘာမြေကို မိစ္ဆာတွေရန်ကနေ ကာကွယ်ပေးနေတဲ့ စူပါဟီးရိုးအဖွဲ့ အဖွဲ့ဖွဲ့စည်းတာ ကြာလာတာနဲ့အမျှ စည်းလုံးမှုလျော့ဆင်းလာတာတွေကြောင့် ခေါင်းဆောင်က စည်းလုံးရေးပိုကောင်းအောင် တစ်ပတ်လောက် အပန်းဖြေခရီးပို့လိုက်တဲ့အခါ ခရီးမှာဖြစ်ပျက်တဲ့အရာတွေကို ဟာသဆန်ဆန် ရီမောရမယ့်ကားလေးပဲဖြစ်ပါတယ်။ သူတို့အနားယူနေတုန်း တဖက်ရန်သူကလည်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာကြောင့် သူတို့ ကမ္ဘာမြေကြီးကို ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ကားလေးပဲဖြစ်ပါတယ်။ Rating ကောင်းတွေရထားတဲ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ဝင်ရောက်ပြသထားနိုင်တဲ့ကားဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Smoking Causes Coughing (2022)
2022