Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ramesh Thilak
8.5
Tourist Family (2025)
Tourist Family (2025)"ခရီးသွား မိသားစု" ================================ရီဗျူးကောင်းတွေရရှိထားပြီး ရုံတင်ရာမှာလည်း အတန်အသင့်အောင်မြင်ခဲ့တဲ့ တမီလ်စကားပြော မိသားစု ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင် ကားတိုင်းကျော် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူနဲ့ မင်းသားကြီး ဆာဆီကူးမားကလွဲရင် တခြား နာမည်ကြီးသရုပ်ဆောင်တွေ တကူးတကမပါသလို ဒါရိုက်တာကလည်း အခုမှ ပထမဆုံးရုပ်ရှင်ကား စရိုက်တဲ့ ဒါရိုက်တာသစ်ဖြစ်ပေမဲ့ ပထမဆုံးရုပ်ရှင်လို့ မထင်ရအောင် အောင်မြင်မှုတွေရရှိထားတာပါ။ဇာတ်လမ်းကတော့.. ငွေကြေးဖောင်းပွမှုတွေ၊ ပြည်တွင်းစစ်တွေကြောင့် ရှင်သန်ရတာခက်ခဲလွန်းလို့ သီရိလင်္ကာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာရတဲ့ သီရိလင်္ကာမိသားစုတစ်ခုကို ဇာတ်အိမ်တည်ထားတာပါ။အိန္ဒိယနိုင်ငံထဲကို ရောက်နှင့်နေတဲ့ ယောက်ဖကို အားကိုးပြီး မိသားစုနဲ့အတူ သီရိလင်္ကာကနေ အရဲစွန့်ထွက်ပြေးလာတဲ့ ဒါ့စ်တစ်ယောက် အခက်အခဲအမျိုးမျိုးကြားကနေ အိန္ဒိယမှာ ရပ်တည်ဖို့ ကြိုးစားကြပုံကို ဒါရိုက်တာက ဟာသဆန်ဆန်ပုံဖော်ပြထားတာပါ။ဟာသဒရာမာဖြစ်ပေမဲ့ ဇာတ်လမ်းက လေးနက်တဲ့အပြင် တောင်းဆိုထားသူတွေလည်း များတာမလို့ CM Bollywood Team ကနေ အကြည်ထွက်ထွက်ချင်း ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… Coming Soon / 2.3 GB / 925 MB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar ...
movie
Tourist Family (2025)
4K HEVC
5.3
Soodhu Kavvum 2: Nadum Naatu Makkalum…(2024)
Soodhu Kavvum 2 (2024) "မမွှေးသင့်သောမီး"အသစ်ထွက်ရှိထားတဲ့ တမီးလ်အက်ရှင်ဟာသဇာတ်လမ်းလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ရပါတယ်၁၉၈၇ ခုနှစ်မှာ ကျင့်ဝတ်စောင့်ထိန်းပြီး အများချစ်ခင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မတော်တဆ ချော်လဲသွားပါတယ်ကံဆိုးပုံကတော့ သူ့တပည့်တစ်ယောက်က ကျမ်းကျိန်တဲ့နေ့မှာ သားကလေးမွေးလို့ သူ့ကို ကလေးနာမည်ပေးခိုင်းရာမှာ ကလေးက သေးပေါက်ချမိလို့ သေးစိုနေတဲ့ကြမ်းပြင်ပေါ် နောက်ပြန်လဲကျမိကာ ကိုမာဝင်သွားခဲ့ပါတယ်နှစ်များစွာအကြာ ပါတီခေါင်းဆောင် သတိပြန်ရလာချိန်မှာတော့ ခုနက ဂြိုဟ်ကောင် ကလေးက အကျင့်ပျက်ခြစားတဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်နေပြီး သူ့ပါတီကလူတွေလည်း သူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ်တစ်ဖက်မှာလည်း ထောင်ကလွတ်လာတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ကိုင်တတ်တဲ့ ဂုရုနဲ့ သူ့ဘော်ဒါတွေက အာဏာပါဝါရှိတဲ့လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ စီစဉ်တဲ့အခါမှာတော့ ....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.2 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Soodhu Kavvum 2: Nadum Naatu Makkalum…(2024)
6.1
Petta Rap (2024)
Petta Rap 2024 အကမင်းသားရဲ့ ချစ်ခရီးအကပိုင်းမှာ အတော်လေးကျော်ကြားတဲ့ တမီလ်မင်းသားကြီး ပရာဘူဒေဗာရဲ့ musical comedy action ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ genreနဲ့ဇာတ်လိုက်ကြီးကို ကြည့်တာနဲ့တင် မြူးမြူးကြွကြွအကတွေ အတော်လေးပါမှာကိုတော့ ထူးထွေပြောဖို့မလိုလောက်ပါဘူး။ဘာလာဟာ ကျောင်းတုန်းက အကမှာဆရာသမားဆိုပေမဲ့ သူဖြစ်ချင်တာကတော့ အကကြယ်ပွင့်မဟုတ်တဲ့ အက်ရှင်မင်းသားတစ်ယောက် ခက်တာက လူရွေးပွဲနဲ့ဘာလာနဲ့က ၃ နဲ့ ၄ လို အကြောင်းတရားချင်းမတိုက်ဆိုင် ဇာတ်ရံတောင်မဟုတ် အပိုလူအနေနဲ့ဘဲ ပါခွင့်ရတဲ့ မောင်ဘာလာတစ်ယောက် စိတ်ပျက်ပျက်နဲ့ ဆူ-ိုက်တော့မယ်အတွေးမှာ ဂျန်နီဆိုတဲ့ ကချေသည်မလေးနဲ့ ဆုံတွေ့ဖို့ ဖြစ်လာတဲ့အခါ...ဂျန်နာကီကလည်း ဘာလာလိုပဲ အကထက်ကို ပေါ့ပ်အဆိုတော်ဖြစ်ဖို့ အားသန်နေတဲ့သူတစ်ယောက်ပါပဲ။ဒီလိုနဲ့တစ်ချိန်က ဇာတ်လမ်းတွေရှိခဲ့ကြဖူးပြီး အိပ်မက်ကိုယ်စီနဲ့လူနှစ်ယောက်ရဲ့ တွေ့ဆုံမှုအောက်မှာ သူတို့ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲနဲ့ ကြုံကြိုက်ဖို့ကံကြမ္မာဖန်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.8 GB / 1.67 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard ...
movie
Petta Rap (2024)
8
Vettaiyan (2024)
Vettaiyan (2024)"မုဆိုး" ===================တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့.. Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့ သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့ အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကို တရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်း အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 3.1 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 43min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vettaiyan (2024)
6.7
Vaayai Moodi Pesavum (2014)
Vaayai Moodi Pesavum (2014) "စကားမပြောရ"IMDb 6.7/10မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ်စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲ ဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲ စကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်နိုင်အောင် ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ်ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ် တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ် တစ်ချို့ကချိုချိုသာသာပြောတယ် တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ် တစ်ချို့ကမလိုအပ်တာတွေပြောတယ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ် ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲ တစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြား ဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ် ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကို စကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ်အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီး စကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ် မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လို ဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size…2.8 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vaayai Moodi Pesavum (2014)
7
Demonte Colony (2015)
Demonte Colony (2015) "ဒီမွန့်စံအိမ်ကြီး"IMDb 7.0တမီးလ် horror ရုံတင်ကားဟောင်းလေးကို တောင်းဆိုမှုလေးတွေရှိနေတာဖြစ်တဲ့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်မကြာသေးခင်ကမှ ဒုတိယကားထွက်ထားတာဖြစ်ပြီး အဲဒီကားကိုလည်း တင်ဆက်ပေးခဲ့ပြီးပါပြီဇာတ်လမ်းအကျဥ်းကတော့ ရုပ်ရှင်ရိုက်ချင်ပေမယ့် ပရိုဂျူဆာရှာမရတဲ့ ရာဂါဗာ၊ အလုပ်မှာအဆင်မပြေတဲ့ စက်ပြင်သမားဆာဂျစ်၊ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဗီမယ်နဲ့ ကြုံရာကျပန်းလုပ်တဲ့ ဆရီနီတို့ ...သူငယ်ချင်းလေးယောက်သား တစ်ညမှာ စိတ်ပြေလက်ပျောက် အရက်သွားသောက်ကြပြီး အိမ်ကိုတန်းမပြန်ဘဲ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီမွန့်စံအိမ်ကြီးကို ရောက်သွားပါတယ် အကောင်းပကတိအိမ်ပြန်ရောက်ခဲ့ပေမယ့် မကောင်းဆိုးဝါးဝိညာဥ်ပါ ကပ်ပါလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ CM ပရိသတ်ကြီး ဆက်လက်ခံစားလိုက်ကြပါဦးဒါပြီးလို့ရှိရင် ဇာတ်အိမ်လည်းပိုကျယ်ပြီး ပိုအောင်မြင်ခဲ့တဲ့ ဒုတိယကားပါ ဆက်လက်အားပေးကြပါဦးခင်ဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Bluri တို့ပဲ ဖြစ်ပါတယ် Demonte Colony 2 2024 ကိုကြည့်ရန် >> Click Here! File size… 1.9 GB / 975 MB Quality…WEB DL ...
movie
Demonte Colony (2015)
7.6
Demonte Colony 2 (2024)
Demonte Colony 2(2024)"ဒီမွန့် စံအိမ်ကြီး အပိုင်း ၂"=============================================IMDb 7.7 ရရရှိထားတဲ့ တမီလ်စကားပြော ရုံတင်ရုပ်ရှင်ကားတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့Demonte Colony ရုပ်ရှင်ရဲ့ တိုက်ရိုက်အဆက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုလည်း ပထမ Demonte Colony ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အာဂ်အဂျေးဂါနန်နာမူသူကပဲ ဆက်လက်ရိုက်ကူးထားတာဖြစ်ပဲ ပထမရုပ်ရှင်မှာရခဲ့တဲ့ သည်းထိတ်ရင်ဖိုသရဲကားဆိုတဲ့အရသာကို ဆက်လက်ပေးစွမ်းနိုင်ဆဲပါပဲ။ဒီ နံပါတ် ၂ မှာတော့ ဆုံးပါးသွားတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းအတွက် ဖြေမဆည်နိုင်သေးတဲ့ ဒယ်ဘီဆိုတဲ့မိန်းကလေးဟာ သဘာဝလွန်အစီအရင်တွေသုံးကာ ခင်ပွန်းဖြစ်သူနဲ့ ဆက်သွယ်ဖို့ကြိုးစားရင်း လူတစ်ယောက်နဲ့တွေ့ကာ ဒီမွန့်စံအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြပုံကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.23 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Demonte Colony 2 (2024)
7.7
Boat (2024)
Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Boat (2024)
Yaavarum Vallavare (2024)
Yaavarum Vallavare (2024) မေ့မရတဲ့တစ်ညတာပူလောင်အိုက်စပ်နွေညတွေရဲ့ ရယ်ရွှင်ဆေးဖြစ်လာစေမယ့် ဇာတ်လိုက်ကျော်ကြီး ယိုဂီဘာဘူပါဝင်တဲ့ drama comedy ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းမှာတော့ အခွဲလေးခုပါဝင်မှာဖြစ်ပြီးတော့ ဘယ်လိုဆက်စပ်သွားမလဲဆိုတာ ရှုစားကြပါဦး။ ကျွန်တော်တို့အားလုံး ဒုက္ခတွေ့ချိန်မှာ ကယ်တင်ရှင်ကို အမြဲမျှော်တတ်ကြပေမဲ့ ကယ်တင်ရှင်ကတော့ အမြဲပေါ်မလာတတ်ပါဘူး။ကိုယ့်မှာ ပြေးကြည့်မှကိုယ်ပဲရှိတဲ့အချိန်တွေမှာ ကိုယ်တိုင်ပဲကယ်တင်ရှင်ဝင်လုပ်ဖို့ဖြစ်လာတဲ့အချိန်တွေ လူတိုင်းမှာ ရှိခဲ့ဖူးမှာပါပဲ။ ဒီဇာတ်ကားလေးကတော့ ကိုယ့်ဘဝရဲ့သူရဲကောင်းက ကိုယ်ဖြစ်နေတဲ့အခိုက်အတန့်လေးတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းလေးမှာ အကျင့်စာရိတ္တကောင်းမွန်မှုနဲ့ ထောင်ဒဏ်လျှော့ရက်ရပြီး ၅ နှစ်အကြာမှာလွတ်မြောက်လာတဲ့လူတစ်ယောက်၊ ၅ နှစ်လုံးလုံး မိသားစုနဲ့တွေ့ခွင့်မရတဲ့သူနဲ့ သူ့ကိုစောင့်ကြည့်နေတဲ့လူတစ်စု နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်တွေနဲ့စစ်ပွဲမှာ တိုက်ပွဲကျသွားတဲ့ စစ်သားနဲ့ ကိုယ်ဝန် ၃ လနဲ့ကျန်နေခဲ့တဲ့သူ့ဇနီးဖြစ်သူ တစ်ဖက်က ပျောက်ဆုံးနေတဲ့အဖေကို လိုက်ရှာနေတဲ့သားတစ်ယောက် နောက်ဆုံးအနေနဲ့ ရုပ်ရှင်အဖွဲ့သားယောင်ယောင်နဲ့ အိမ်မှာရုပ်ရှင်ရိုက်မယ်ဆိုပြီး ရောက်လာတဲ့ အကြံသမားနှစ်ယောက်နဲ့ အိမ်ရှင်သူဌေးမရဲ့သမီးကို ခိုးပြေးချင်တဲ့ဒရိုက်ဘာလေးရဲ့ဇာတ်လမ်းဒီဇာတ်လမ်းလေးခုက အဖြစ်အပျက်လေးခုက တစ်ညတည်းမှာဖြစ်လာတဲ့အခါ ဒီလူတွေ ရဲ့ဘဝမှာ ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…1.7GB / 762MB Quality…WEB DL 1080p / ...
movie
Yaavarum Vallavare (2024)
2024
8.4
Good Night (2023)
Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစုဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie
Good Night (2023)
2023
9.5
Yaanai Mugathaan (2023)
Yaanai Mugathaan (2023)IMDb-9.6/10ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 ...
movie
Yaanai Mugathaan (2023)
2023
6.0
Oh My Ghost (2022)
Oh My Ghost (2022) IMDb 6.1အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက... ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ်မျက်မှောက်ခေတ်မှာတော့...ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့....ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင်File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin
movie
Oh My Ghost (2022)
2022
8.5
Kanam (2022)
Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie
Kanam (2022)
2022
7.4
Nenjuku Needhi (2022)
“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ”ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ...
movie
Nenjuku Needhi (2022)
2022