Channel Myanmar

Rajiv Kachroo

Chhaava (2025) 7.7
Chhaava (2025) Chhaava (2025) "သူရဲကောင်း" IMDb- 7.7/10ဘတ်ဂျက် ရူပီး သန်းထောင့်လေးရာဝန်းကျင်သုံးခဲ့ပြီး Box officeမှာ ရူပီးသန်းရှစ်ထောင်လောက် ပြန်ရခဲ့တဲ့ အိန္ဒိယနန်းတွင်း ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။2025ခုနှစ်ရဲ့ လောလောဆယ်ထွက်ရှိထားတဲ့အိန္ဒိယရုပ်ရှင်တွေမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဆိုလည်း မမှားဘူးပေါ့။ မင်းသားက ဗစ်ကီ မင်းသမီးက ရာ့ရှ်မီးကားတို့ အဓိကပါဝင်ထားကြပါတယ်။ကမ္ဘာကြီးရဲ့ တခြားဘက်ခြမ်းမှာ လူသားတွေ အသက်ရှင်သန်ဖို့အရေး တိုက်ခိုက်နေကြတုန်းမှာ အိန္ဒိယမှာတော့ ဘာသာတရားပေါင်းစုံ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလို့နေခဲ့ပါတယ်။ ဒါပေမဲ့ ၁၆ရာစု ပါနီပတ်တိုက်ပွဲအပြီးမှာ မူဂယ်အင်ပါယာရဲ့အလံဟာ ဒေလီထီးနန်းမှာလွှင့်ထူခဲ့ချိန် ရှိခဲ့ဖူးတဲ့ ငြိမ်းချမ်းမှုကလည်း ပျက်သုန်းခဲ့ရပါတော့တယ်။ရာစုနှစ်နဲ့ချီပြီး မူဂယ်အင်ပါယာကို အနိုင်တိုက်နိုင်တဲ့သူမရှိဘဲ အချိန်အကြာကြီး မင်းဆိုးမင်းညစ်မူဂယ်ဘုရင်တွေရဲ့ ရက်စက်ယုတ်မာတဲ့ အမှောင်ခေတ်မှာ ရှင်သန်ခဲ့ကြရတာပေါ့။မကောင်းမှုတွေ ဆိုးယုတ်မှုတွေ မြင့်တက်လာတဲ့အခါတိုင်းမှာ အဲဒီအရာတွေကနေ ကာကွယ်မဲ့သူက မွေးဖွားလာစမြဲမို့ ချက်တရာပါတီရှီဝါဂျီမဟာရာ့ဂျ်ဆိုတဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ပေါ်ထွက်လာခဲ့ပါတယ်။မူဂယ်တွေ ရှီဝါဂျီကို ဘယ်လိုမှ မသုတ်သင်မရှင်းလင်းနိုင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ရှီဝါဂျီ ဘ၀တစ်ပါးကူးပြောင်းသွားပြီဆိုတဲ့သတင်းနဲ့အတူ မူဂယ်အင်ပါယာကို ပြန်လည်ချဲ့ထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီမှာပဲ မူဂယ်အင်ပါယာကို ပြန်လည်တိုက်ခိုက်ဖို့ သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.4 GB ...
movie

Chhaava (2025)

Sam Bahadur (2023) 8.2
Sam Bahadur (2023) Sam Bahadur 2023 ဆမ်ဗဟာဒူးလ်IMDb-8.2/10ဒီဇာတ်လမ်းလေးဟာ အိန္ဒိယရဲ့ပထမဆုံး အဆင့်မြင့်ဗိုလ်မှူးချုပ်ကြီး ဆမ်နက်ရှောရဲ့ ဘဝဇာတ်ကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ War Drama စစ်ကားလေးပဲဖြစ်ပါတယ်69th Filmfare Awards မှာ ဆန်ကာတင်ရှစ်ဆုအထိပါဝင်ခဲ့ပြီး ဝေဖန်ရေးဆရာများရဲ့ ချီးကျူးမှုပေါင်းများစွာကို ရရှိထားတဲ့ Real life Adaptation ဇာတ်ကားပဲဖြစ်ပါတယ်ကိုလူချောကြီး Vicky Kaushal ယူနီဖောင်းနဲ့ခန့်ခန့်သန့်သန့်မြင်တွေ့ရမှာဖြစ်ပြီး အလှနှစ်ပါး Fatima Sana Shaikh နဲ့ Sanya Malhotra တို့လည်းပါဝင်ထားတဲ့ ရုံတင်ငွေ ၁၂၈ ကုဋေကျော်ရရှိထားတဲ့ကားဖြစ်ပါတယ်ဗိုလ်ချုပ်ကြီး မန်နက်ရှောရဲ့ဘဝဇာတ်ကြောင်းဆိုပေမဲ့ ဗြိတိသျှလက်အောက်ခံဘဝ ဒုတိယကမ္ဘာစစ်ကာလထဲက ဗိုလ်ဖြစ်ခဲ့တဲ့ ဗိုလ်မန်နက်ရှောရဲ့ တိုက်ပွဲပေါင်းများစွာ စစ်ပွဲပေါင်းများစွာကို ကြည့်ရှုရမှာဖြစ်ပြီး အိန္ဒိယရဲ့ ဂန္ဓဝင်ဗိုလ်ချုပ်ကြီးတစ်ယောက် ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ တိုက်ပွဲဇာတ်ဝင်ခန်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်လို့ စစ်ကားကောင်းကောင်းမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Sam Bahadur (2023)

2023
4K HEVC
OMG 2 (2023) 8.0
OMG 2 (2023) OMG 2 (Oh MyGod)အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့ ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ် အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ်OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ တင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါအဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ...
movie

OMG 2 (2023)

2023