Channel Myanmar

Raj B Shetty

Kondal (2024) 5.6
Kondal (2024) Kondal 2024 ပင်လယ်ပြင်ခရီးကြမ်းအက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့် အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့ မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊ မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 3 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Kondal (2024)

Metamorphosis aka Roopanthara (2023) 7.6
Metamorphosis aka Roopanthara (2023) Roopanthara 2024 အသစ်ပြန်လည်မွေးဖွားခွင့်လူတိုင်းမွေးပြီးရင် သေရမှာပဲဆိုပေမဲ့ ဘဝမှာ ပေါက်ဖတ်လိုပဲ ပိုးအိမ်ထဲမှာပဲရှင်သန်မလား လှပတဲ့လိပ်ပြာငယ်လေးအဖြစ် လောကတစ်ခွင်မှာ လှပမလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ လိပ်ပြာလိုဝံ့ကြွားနိုင်မယ့်ဘဝကို ရွေးချင်တာဆိုရင်တော့ ပေးဆပ်ရမယ့် တန်ကြေးနဲ့ အခက်အခဲတွေကတော့ရှိမှာပါပဲ။အခုဒီရုပ်ရှင်လေးထဲမှာတော့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲကိုရင်ဆိုင်နေရတဲ့ လူလေးယောက်အကြောင်း ဇာတ်လမ်းလေးပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ကပ်ဘေးဆိုက်ပြီး ပျက်စီးနေတဲ့‌ကမ္ဘာကြီးမှာ ကြီးနိုင်ငယ်ညှင်းဝါဒက ကြီးစိုးနေတော့ အင်အားကြီးတွေက အားနွဲ့သူတွေကို လက်နက်အားကိုး ဗလအားကိုးနဲ့ အနိုင်ကျင့်နေတာပေါ့။ ဒီလိုနဲ့ အဘိုးကြီးတစ်ယောက်လည်း နေရာလုရင်း အသတ်ခံရခါနီးဆဲဆဲမှာ သူကပုံပြင်ပြောကောင်းသူဖြစ်ကြောင်း သူ့ရဲ့ပုံပြင်နဲ့အသက်ကိုလဲမယ်ဆိုပြီး တစ်ဖက်ကခေါင်းဆောင်ကို ပြောလိုက်တော့တာပေါ့။ဒီလိုနဲ့ပဲ အာရေဗျတစ်‌ထောင့်တစ်ညပုံပြင်ထဲမှာ ဘုရင်ကြီးကို ပုံပြင်ပြောပြသလိုပဲ အဘိုးကြီးကလည်း သေနတ်နဲ့ချိန်ခံထားရင်းနဲ့ပဲ သူ့ရဲ့ အကောင်းဆုံးပါဆိုတဲ့ ဇာတ်လမ်းလေးပုဒ်ကို စပြီးပြောပြပါတော့တယ်။ သူ့အသက်နဲ့လဲနိုင်တဲ့အထိ အဖိုးတန်ပါတယ်ဆိုတဲ့ ဒီဇာတ်လမ်းလေးခုက ဘာဖြစ်မလဲဆိုတာကတော့...(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ Thura ~ BpL ~ ToMo ~ Vတို့ပဲဖြစ်ပါတယ်။) File size…1.5 GB / 754 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 4m Subtitle….Myanmar Subtitle ...
movie

Metamorphosis aka Roopanthara (2023)

Turbo (2024) 6.5
Turbo (2024) Turbo (2024) "ဇိုး" IMDb - 6.5/10ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.8GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Turbo (2024)

2024
Toby (2023) 8
Toby (2023) Toby (2023) "တုနှိုင်းမဲ့မေတ္တာ" IMDb - 8.1/10ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား...လူမိုက်တယောက်ရဲ့သွားရာလမ်းလား...ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 866MB Quality…WEB DL 1080p ...
movie

Toby (2023)

2023
777 Charlie (2022) 9.1
777 Charlie (2022) IMDb - 9.1 / 10လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင်အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌ အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.6Gb / 1.15GB Quality…1080p VOOT WEBDL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Thet Ko
movie

777 Charlie (2022)

2022
Garuda Gamana Vrishabha Vahana (2021) 8.8
Garuda Gamana Vrishabha Vahana (2021) Garuda Gamana Vrishabha Vahana (2021)ဒီတစ်ခါတော့ပရိသတ်ကြီးကို IMDb rating 8.8 အထိရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ရှီဗာနဲ့ဟာရီတို့ဟာမန်ဂလောမြို့ကိုအုပ်စိုးနေတာဖြစ်ပါတယ်။ ရှီဗာဟာ ငယ်စဥ်ကလေးဘဝတည်းကအမေဖြစ်သူမှလည်ပင်းလှီးပြီးရေတွင်းထဲစွန့်ပစ်ခံရသူဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့အသက်ပြန်ရှင်လာသူပါ။ ဟာရီ့အမေမှမွေးစားထားပြီး နှစ်ယောက်သားအတူတကွကြီးပြင်းလာတဲ့သူငယ်ချင်းများဖြစ်ကြပါတယ်။ ဟာရီနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံတတ်တဲ့ရှီဗာက ဟာရီ့ကိုသေနတ်နဲ့ခြိမ်းခြောက်တဲ့ မာကရီဒါရာနန္ဒာကိုသတ်ပြီးနောက်မှာအချိန်နဲ့အမျှ ဘယ်လိုစိန်ခေါ်မှုတွေတွေ့ကြုံလာမလဲ ရဲအရာရှိတွေနဲ့လည်း ဘယ်လိုဆက်နွယ်လာမလဲရာဇဝတ်မှုအတူကျူးလွန်‌‌နေကျ ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ သူတို့ကြား အတ္တ မနာလိုစိတ်တွေကြားဝင်လာတဲ့အခါဘယ်လိုဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖိုစောင့်ကြည့်ရမဲ့ Crime Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်  File size…1.6Gb / 800MB Quality…1080p ZEE5 WebDl / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Haruko & Yunni
movie

Garuda Gamana Vrishabha Vahana (2021)

2021