Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rahul Madhav
5.3
Hunt (2024)
Hunt 2024 (အမဲလိုက်ပွဲ)ဒေါက်တာကီရ်သီဆိုတာကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်သူဖြစ်ပြီးတော့ သဘာဝလွန်စိတ်ပညာနဲ့ ပတ်သတ်ပြီးတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ လေ့လာနိုင်ဖို့အတွက်နာမည်ကြီး သဘာဝလွန်စိတ်ပညာရှင်ကို ဖိတ်ခေါ်ကာ ပို့ချမှုတစ်ခုလုပ်ပေးခဲ့ပါတယ်။ ဒေါက်တာကီရ်သီဟာ မှုခင်းဆေးပညာဌာနမှာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ ပတ်မာနာဘာ ရာမာဆွာမိဆိုတဲ့ အငြိမ်းစားတရားသူကြီးတစ်ယောက်ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတော့တယ်။ အဲဒီလူသတ်မှုကို ဒေါက်တာကီရ်သီက မှုခင်းဆေးပညာရှင်တစ်ယောက်အနေနဲ့ တာဝန်ယူပြီး စစ်ဆေးပေးရပါတယ်။ဒီလို စစ်ဆေးပေးရာကနေမှ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ အမှောင်ထုကြီးရှိနေတာကို သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်တဲ့ ဒေါက်တာကီရ်သီတစ်ယောက် ဒီအမှုကိုကိုင်ထားတဲ့ အရာရှိနဲ့အတူတူ ဘယ်လိုနည်းလမ်းတွေ သုံးပြီးတော့ စုံစမ်းဖော်ထုတ်သွားမလဲ .....ဒီအမှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့အရာတွေ ရှိနေမလဲ .....အမှုမှန်ကိုရော စုံစမ်းဖော်ထုတ်နိုင်ပါ့မလား.....ဆိုတာကို မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေနဲ့အတူတူ ကြည့်ရှုရမဲ့ မလေယာလမ် Thriller ဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle ...
movie
Hunt (2024)
6.4
Tiyaan (2017)
Tiyaan (2017)"ဗျာဒိတ်" ====================၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie
Tiyaan (2017)
5.2
Thrayam (2024)
Thrayam (2024)"လှုပ်လှုပ်ရှားရှား ညလေးတစ်ည" မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ညအချိန်မှာ တချို့က အပျော်ရှာကြသလို တချို့က စီးပွားရှာဖို့ရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ် ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို့ သောကများနေတဲ့ လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ .....အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ် File size…1.4 GB / 750 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ V ~ ToMo
movie
Thrayam (2024)
6.4
Kumari (2022)
Kumari 2022 (ကူမာရီ) IMDb - 6.4/10ယခုတစ်ခါမှာတော့ အမုန်းတွေ အာဃာတတွေနဲ့ မျိုးဆက်တစ်ခုလုံးအပေါ်မှာ အငြိုးထားပြီး ကျိန်စာတွေတိုက်ခဲ့တဲ့ မလေယာလမ် ဟော်ရာဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဟိုးအရင်တစ်ချိန်တုန်းက ကာဟီရန်ဂတ်မိသားစုဆိုတာရှိပါတယ်။ ဒီမိသားစုကိုတော့ သူတို့နယ်မြေမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရွာသားအားလုံးကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ သခင်ကြီးသူပန်က အုပ်ချုပ်နေပါတယ်။သူတို့ရွာရဲ့ ဘေးနားမှာ အီလီမာလာတောဆိုတာလည်းရှိနေပါတယ်။ ဒီတောကိုတော့ အီလီမာလာချာသန်ဆိုတဲ့ နတ်ဘုရားတစ်ပိုင်းက အုပ်ချုပ်နေတာပေါ့။အီလီမာလာချာသန်မှာ သူသဘောကျရတဲ့ လူသားကလေးလေး ချိုကန်ဆိုတဲ့ မိဘမဲ့လေးတစ်ယောက်ရှိပါတယ်။ ချိုကန်ကတော့ တောထဲမှာပဲ တစ်ကိုယ်တည်းနေထိုင်ပြီး ရွာက ခိုင်းတာလေးတွေ လိုက်လုပ်ပြီး အသက်ဆက်နေရသူပေါ့။ ချိုကန့်ကို သခင်ကြီးသူပန်ရဲ့ ဇနီးဖြစ်သူက သဘောကျတဲ့အတွက် အစားအသောက်များခေါ်ခေါ်ကျွေးမွေးလေ့လည်းရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ သခင်ကြီးတို့ပိုင်တဲ့ ရေကန်မှာ ရေချိုးတယ်ဆိုပြီး ချိုကန့်ကို သခင်ကြီးသူပန်က သတ်လိုက်ပါတော့တယ်။ ဒီအချိန်မှာပဲ ချိုကန့်ကိုချစ်မြတ်နိုးတဲ့ ချာပန်က ကာဟီရန်ဂတ်မိသားစုကို ကျိန်စာတိုက်ပြီး ဘေးဥပဒ်ဖြစ်အောင်ပြုလုပ်လိုက်ပါတော့တယ်။ဒီနောက်ပိုင်းမှာတော့ ကာဟီရန်ဂတ်မိသားစုဟာ နတ်ဘုရားတွေကို ပြန်လည်ပူဇော်ပသရင်းနဲ့ ဒီကျိန်စာကနေ လွတ်မြောက်ဖို့ ကြိုးစားလာခဲ့ကြတာပေါ့။ဒီလိုနဲ့ မျိုးဆက် ၁၂ဆက်မြောက်ကျော်လွန်လာတဲ့အခါမှာတော့ အဲဒီမိသားစုမှာတော့ သားအကြီး အချူသန်နဲ့ သားအငယ် ဒူရူဗန်ဆိုပြီးတော့ ရှိပါတယ်။ သားအငယ်ကိုတော့ လူတွေက ရူးနေတာဆိုပြီး ပြောကြပါတယ်။ဒီလိုနဲ့ သားအငယ် ဒူရူဗန်ကို ကူမာရီဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ချပေးလိုက်ပြီး ကူမာရီ သူတို့မိသားစုကို ...
movie
Kumari (2022)
Palayam PC (2024)
Palayam PC (2024) "တာဝန်"အသစ်ထွက်ရှိလာတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားမှာဆိုရင် အမှုစုံစမ်းစစ်ဆေးရေးကိုချည်း အသားပေးတာမဟုတ်ဘဲ ရဲတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဘဝကိုလည်း ဟာသဆန်ဆန်ပုံဖော်ထားတာ တွေ့ရမှာပါချန်ဒရေတာဆိုတဲ့ ရဲအရာရှိတစ်ဦးဟာ ဘာမှမမက်မမောဘဲ အစွဲအလမ်းခံယူချက်သိပ်မရှိတဲ့လူဖြစ်ပြီး ဟီးရိုးရဲတွေနဲ့ ဆန့်ကျင်ဘက်ပါပဲရဲဆိုပေမဲ့ ဇနီးသည်အတွက် ဈေးခြင်းတောင်းဆွဲဈေးဝယ်ပေးလိုက်၊ သားဖြစ်သူကိုအချိန်ပေးလိုက်နဲ့ အေးအေးလူလူ ရှိလှတဲ့ chill guy တစ်ဦးပါဒါ့အပြင် တွေ့ကရာလူကိုလည်း ပိုက်ဆံအလကားပေးရလောက်အောင် သဘောကောင်းပြီး ညဂျူတီပုံမှန်ထမ်းဆောင်နေတဲ့ ဘဝကနေ တကယ့်တာဝန်ကြီးကြီးတစ်ခုအဖြစ် အမျိုးသမီးတစ်ယောက်ကို ကာကွယ်ပေးရဖို့ဖြစ်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.8 GB / 977 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Palayam PC (2024)
7
Porattu Nadakam (2024)
Porattu Nadakam 2024ပိုရာတာပြဇာတ်လေးထဲက ဂိုပါလာပူရာ ရွာကလေးကို အခြေပြုပြီး ရွာလေးထဲက ရပ်ရေးရွာရေး ဘာသာရေးယုံကြည်မှုတွေနဲ့ လယ်ယာစိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်စားသောက်ကြတဲ့ ဒီရွာသားတွေရဲ့ အခက်အခဲတွေကို ဟာသလေးတွေနဲ့အတူ ရသစုံလင်စွာ ခံစားရမယ့် ၂၀၂၄ခုနှစ်ထွက် ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂိုပါလာပူရာရွာကလေးမှာ နိုင်ငံရေးပါတီတွေက အချင်းချင်း တကျက်ကျက် ထိကပါး ရိကပါးလုပ်လိုက်ကြ ရန်ဖြစ်လိုက်ကြ။နယ်ခံရွာသားတွေအနေနဲ့လည်း လယ်ယာစိုက်ပျိုးရေးမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဘာမှမဖြစ်ထွန်း အကုန်ပျက်စီးပြီး လယ်ယာချေးငွေတွေ မဆပ်နိုင်လို့ သတ်သေတဲ့ လယ်သမားတွေ ဒုနဲ့ဒေးပါ။ဒါကိုကျန်ရစ်တဲ့ မိသားစုဝင်က ဆပ်ရတာပေါ့။ ဒီအဖြစ်ဆိုးထဲက မလွတ်တဲ့လူကတော့ ကျွန်တော််တို့ ဇာတ်လိုက်ကြီး အာဘူပါပဲ။ ဖခင်ဖြစ်သူ သတ်သေသွားလို့ စိတ်ထိခိုက်နေတဲ့ မိခင်နဲ့အတူ ဇနီးနဲ့ကလေးတို့ကိုပါ တာဝန်ယူထားရတဲ့လူပါ။အကြွေးဆပ်စရာမရှိလို့ အိမ်ရှိတဲ့ ကြက်ကိုထုတ်ရောင်းရင်း ဘဏ်ကိုမဖြစ်စလောက် အကြွေးဆပ်ရင်း ဘဏ်ကသူ့ကို အကြွေးဆပ်ဖို့ အချိန်တစ်လတိုးပေးလိုက်ပါတယ်။ ရယ်စရာကောင်းတာက အာဘူ့ရဲ့ ဇာတာက သူဌေးဖြစ်မယ့်ဇာတာလို့ဟောထားတော့ ဇာတ်လိုက်ကြီး ဘယ်လိုရုန်းကန်ပြီး ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ) File size… 2.4 GB ...
movie
Porattu Nadakam (2024)
6.5
Geethanjali Malli Vachindi (2024)
Geethanjali Malli Vachindi (2024) "ဂီသန်ဂျာလီ ပြန်လာခန်း"IMDb 6.6 ရထားတဲ့ တေလဂူး ဟော်ရာကားလေး တင်ဆက်ပေးလိုက်ပါတယ် ကြမ်းသင့်ရင်ကြမ်း ဖောက်သင့်ရင် ဖောက်တဲ့ ဟာသကားလေးမို့ ရုံးပိတ်ရက်မှာ ပရိသတ်ကြီးအပန်းပြေစေမှာ အသေအချာပါပဲကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန် အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်...မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ် တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါတစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု - ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့ ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် ....ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ... ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB ...
movie
Geethanjali Malli Vachindi (2024)
2024
6.3
Ayalaan (2024)
Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie
Ayalaan (2024)
2024
7.9
Samara (2023)
Samara (2023) "ဇာတ်ရှုပ်" =====================IMDb 8.6အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ...။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.1GB ...
movie
Samara (2023)
2023
6.6
King of Kotha (2023)
King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo, Zwe, Alex, ...
movie
King of Kotha (2023)
2023
4K HEVC
6.3
Kaduva (2022)
ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြပြီး မင်းသားPrithviraj Sukumaranပါဝင်သရုပ်ဆောင်ထားပြီး မင်းသားVivek Oberoiပါဝင်အာားဖြည့်ထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။“ကျား” လို့အဓိပ္ပါယ်ရတဲ့အမည်နဲ့ ကတ်ဒူဗာ ကူရီရာချန်ဟာ မဟုတ်မခံစိတ်ရှိသူတစ်ယောက်.. အမှန်တရားဘက်ကအမြဲရပ်တည်ပေးတတ်သူ...ပါလာမြို့တစ်မြို့လုံး ကလေးအစ လူကြီးအဆုံး မသိသူမရှိတဲ့ သူရဲကောင်းတစ်ဦးပါ။တစ်နေ့မှာတော့ အကျင့်ပျက်တဲ့ ဖာသာတစ်ဦးကို ပညာပေးဖို့အကြောင်းဖန်လာခဲ့ရင်း မြို့မှာတာ၀န်ကျနေတဲ့ ရဲအရာရှိ ဂျိုးဆက်ချန်ဒီနဲ့တွေ့ဆုံအချင်းများကြတဲ့အခါ သူတို့နှစ်ဦးကြားမှာ အငြိုးအတေး အဖုအထစ်တွေရှိလာပါတော့တယ်...။အငြှိုးထားတတ်တဲ့အရာရှိဂျိုးဆက်တစ်ယောက် ကူရီရာချန်အပေါ် ဘယ်လိုလက်စားချေမှာလဲ...။ ရန်ပွဲတစ်ခုကနေအစပြုခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူကများ အနိုင်ရသွားမလဲ... မတရားမှု တွေအတွက်ကော အမှုမှန်ပေါ်ပေါက်လာမှာလား ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ရင်ခုန်ရမှာပါ။ File size…2.8GB / 1.4GB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ Oeliuj~ Honeyey ~ Yunni ~ Kevin Ag
movie
Kaduva (2022)
2022
8.3
Twenty One Hours (2022)
ဒီတစ်ခေါက်မှာလည်း သိပ်မကြာခင်က ထွက်ထားတဲ့မာလာရာလမ်း ရုပ်ရှင် 12th man လို စုံထောက်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တောင်ပိုင်း ကန်နာဒါးက ရိုက်ကူးထားပြီးမှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လှည့်ကွက်မျိုးစုံနဲ့ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်း...မိန်းကလေးတစ်ယောက် အိမ်ပေါ်ကဆင်းလာတာကိုကူညီပေးဖို့ ဝန်ကြီးတစ်ယောက်ရဲ့အသိကို အကူအညီတောင်းပြီးဝန်ကြီးကတဆင့် ရဲစခန်းမှာ ခဏထိန်းထားပေးဖို့ ရဲတစ်ယောက်ကိုသွားခေါ်ခိုင်းခဲ့ရမှအစပြုပြီး မိန်းကလေးလဲပျောက်ရဲကလည်း အလီဘိုင်နဲ့ သူမသိကြောင်းချေပနိုင်ချိန်မှာတော့... မိန်းကလေးကိုပြန်တွေ့ပါ့မလား.. မိန်းကလေးရဲ့နောက်ကြောင်းနဲ့အမှုမှန်ပေါ်ဖို့အတွက် ဘယ်လိုများ စုံစမ်းထောက်လှမ်းကြသလဲဆိုတာဆွဲဆောင်မှုကောင်းကောင်းနဲ့ ကြည့်ရမယ့် ရုပ်ရှင်တကားဖြစ်ပါတယ်...မထင်မှတ်တဲ့လှည့်ကွက်တွေ စေ့စပ်သေချာတဲ့အမှုအသွားအလာတွေနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ကားလေးမို့ လက်မလွှတ်ဖို့ ညွှန်းလိုက်ပါတယ်အညွှန်းကို Lwin Htoo Aung မှရေးသားပေးပြီးဘာသာပြန်ကတော့ Sai Thurein Lynn နဲ့ Lwin Htoo Aung ပဲဖြစ်ပါတယ် File size…1.58G / 712MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ...
movie
Twenty One Hours (2022)
2022
7.2
12th Man (2022)
12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni
movie
12th Man (2022)
8.6
Thani Oruvan(2015)
ဒီတစ်ခါတော့IDM8.6အထိရရှိထားတဲ့ဘောလိဝုဒ်ကားတစ်ကားနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ဇာတ်ကားလေးက၂၀၁၅မှာထွက်ရှိထားတဲ့THANI ORUVAN ကားလေးပါ။ ဇာတ်ကားလေးကအက်ရှင်ကားတစ်ကားဖြစ်ပြီးရဲတစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုဖော်ညွန်းထားလို့လို့စုံထောက်ကားတွေကြိုက်တဲ့သူတွေအတွတ်ကြည့်သင့်တဲ့ကားလေးပါ။မီးလ်သရမ်ဆိုတဲ့IPS အရာရှိရဲတစ်ယောက်ဟာရာဇဝတ်မှုတွေကိုသူ့ရဲ့သူငယ်ချင်းရဲအရာရှိတွေနဲ့အတူတူလျို့ဝှက်ဖော်ထုတ်ပေးနေတာပါ။တစ်ရက်မှာအမှုတစ်ခုကိုလိုက်ရင်းနဲ့မထင်မှတ်ဘဲသူလျို့ဝှက်စုံစမ်းထားတဲ့ အမှုတွေနဲ့ဆက်စပ်တဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကိုသိရှိသွားပါတယ်။အဲ့ဂိုဏ်းကိုချူပ်ကိုင်နေတဲ့သူတွေဟာလည်းနှယ်နှယ်ရရလူတွေမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တွေအစိုးရဌာနအကြီးအကဲတွေကိုယ်တိုင်ဖြစ်နေပါတယ်။ အဲ့ဂိုဏ်းရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ဆီဒါက်ရှ်ဆိုတဲ့သိပွံပညာရှင်တစ်ယောက်ဟာဆေးဝါးတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သူ့လက်အောက်ငယ်သားကိုရှင်းပစ်ခဲ့ပြီးအဲ့ဆေးဝါးကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆီဒါက်ရှ်ဟာအဲ့ဆေးဝါးကိုခလေးငယ်တွေနဲ့စမ်းသပ်ခဲ့ပြီးခလေးငယ်တွေသေဆုံးမှုတွေလည်းဖြစ်လာပါတယ်။မီးလ်သရမ်ကလည်းနောက်ဆုံးသူလိုက်ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးအဲ့ခလေးငယ်တွေသေဆုံးမှုရဲ့နောက်ကွယ်မှာရှိနေတဲ့ဆီဒါက်ရှ်ကိုဖမ်းဆီးဖို့ကြိုးစားလာပါတယ်။ဆီဒါက်ရှ်ရဲ့နောက်မှာလည်းဝန်ကြီးတွေပါတီခေါင်းဆောင်တွေရှိနေတဲ့အတွတ်သူ့အနေနဲ့ဘယ်လိုဖမ်းဆီးနိုင်မှာလဲ။ဒါမှမဟုတ်ဆီဒါက်ရှ်ကဘဲ မီးလ်သရမ်ဆိုတဲ့IPSအရာရှိကိုဒုက္ခရောက်အောင်ပေးနိုင်မလားဆိုတာဇာတ်လမ်းပြီးတဲ့အထိရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကို Crystal Light ပါFile Size…(849MB) Quality…HD-Rip 720p Format…mp4 Duration…02:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Crystal Light
movie
Thani Oruvan(2015)
2015