Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raghubir Yadav
6.6
Bhool Chuk Maaf (2025)
Bhool Chuk Maaf (2025)"တဝဲလည်လည် အချစ်" ======================================ဟာသကားကောင်းကောင်းကြည့်ချင်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ ဟင်ဒီစကားပြောအသစ်ထွက် ရုံတင်ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာတော့ Stree ရုပ်ရှင်တွေနဲ့ HIT remake မှာ ပါဝင်ခဲ့တဲ့ မင်းသား ရာ့ဂျ်ကူးမားရောင်က အဓိကပါဝင်ထားတာပါ။ဇာတ်လမ်းကတော့.. ရန်ဂျန်နဲ့ တီတလီတို့ဟာ အချင်းချင်း မတည့်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်ခုကနေ ပေါက်ဖွားလာတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။သူတို့နှစ်ယောက်ဟာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့ကြပေမဲ့ လမ်းတဝက်မှာတင် မိဘတွေက မိသွားပြီး တီတလီ့အဖေက ရန်ဂျန်သာ နှစ်လအတွင်း အစိုးရအလုပ်ရှာနိုင်ရင် တီတလီနဲ့ ပေးစားမယ်လို့ ရာဇသံပေးလိုက်ပါတယ်။ပုဂ္ဂလိကအလုပ်ထက် အစိုးရအလုပ်က ပိုဂုဏ်သိက္ခာရှိတဲ့ အိန္ဒိယမှာ နှစ်လအတွင်းအစိုးရအလုပ် ရဖို့ဆိုတာ မြွေကို လမ်းလျှောက်သင်ပေးရသလို မဖြစ်နိုင်သလောက်ပါပဲ။နဂိုကတည်းက အလုပ်မရှိတဲ့ ရန်ဂျန်တစ်ယောက် တီတလီ့ကို အဆုံးရှုံးမခံနိုင်တဲ့အတွက် ဘုရားမှတပါးအားကိုးစရာမရှိဆိုပြီး ဘုရားမှာကတိပေးကာ အလုပ်ရပါစေလို့ သစ္စာပြုဆုတောင်းခဲ့ပါတယ်။အဲဒီလို သစ္စာပြုပြီးနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ရသွားခဲ့ပေမဲ့ ဘုရားကိုပေးခဲ့တဲ့ကတိကို မတည်မိတဲ့အတွက် မင်္ဂလာမဆောင်ခင်အချိန်ထဲမှာပဲ စက်ကွင်းမိကာ တဝဲလည်လည်ဖြစ်နေတဲ့အခါမှာတော့...။ဘုရားကို ဘာကတိပေးခဲ့တာလဲ၊ အချိန်စက်ကွင်းထဲမှာ ဘယ်လိုတလွဲတွေလုပ်မိမှာလဲ၊ အချိန်စက်ကွင်းထဲကနေ ထွက်နိုင်သွားမှာလားဆိုတာတွေကို ရယ်ရယ်မောမော ကြည့်ရှုခံစားကြရမယ့် ဟာသရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood ...
movie
Bhool Chuk Maaf (2025)
6.4
Mod – The Turn (2011)
Mod (2011) “တောင်ပေါ်မြေမှ လွမ်းမောဖွယ်” Genre – Drama, Romance, Thriller၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အိန္ဒိယအချစ်ဒရမ်မာကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။မင်းသားနေရာမှာတော့ မင်းသားတစ်ဖြစ်လဲ အစီအစဉ်တင်ဆက်သူ Rannvijay Singha ပါဝင်ထားပြီး မင်းသမီးနေရာမှာတော့ မျက်နှာဝိုင်းဝိုင်းပြည့်ပြည့်နဲ့ ကုလားချောမချောပဲ Ana De Armas လို ညို့ငင်အားနဲ့ အတော်လှပတဲ့ Ayesha Takia ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ တောင်ပေါ်မြို့လေးတစ်မြို့မှာ သီချင်းတွေဆိုပြီး အသက်မွေးဝမ်းကြောင်းနေတဲ့ ဖခင်ဖြစ်သူနဲ့အတူ Ananya ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ ဖခင်ဖြစ်သူက အရက်စွဲလို့ အကြွေးတွေ ပတ်လည်ဝန်းရံပြီး နာရီလေးတွေကို ပြင်ပေးနေရတဲ့ အပြင်ဆရာမလေးပေါ့။တစ်ရက်ကျ လူတစ်ယောက် ဘာစကားမှမပြောပဲ နာရီလေး ရေဝင်လို့ဆိုပြီး လာလာပြင်တယ်။ တစ်ရက်ပြင်ပေးလိုက်ပေမဲ့ နောက်တစ်ရက်ကျ ဒီအတိုင်းပဲ ပြန်ရောက်လာပြန်တယ်။ အဲဒါနဲ့ စိတ်မရှည်လို့ အတင်းမေးကြည့်တော့မှ အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်ဖြစ်နေပြီး တစ်စထက်တစ်စ ခင်မင်လာကာ အချစ်ကြိုးသွယ်မယ့်အချိန်ကျမှ ဒီ ထူးဆန်းတဲ့လူရဲ့ နောက်ကြောင်းရာဇဝင်တွေကို သိလိုက်ရတဲ့ Ananya တစ်ယောက် ဘယ်လိုမျိုးတွေ ဆက်ပြီး ကြုံဆုံရမလဲဆိုတာကို ...
movie
Mod – The Turn (2011)
7.1
Minus 31: The Nagpur Files (2023)
Minus 31: The Nagpur Files(2023) IMDb - 7.2/10အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 845MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Minus 31: The Nagpur Files (2023)
2023
6.9
Kathal (Kathal: A Jackfruit Mystery) [2023]
Kathal 2023 *************IMDb 7/10 ဒီနေ့ တင်ဆက် ပေးမှာကတာ့ မင်းသမီးချော ဆန်ယာမလိုဟ်တရာက ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆာင်ထားပြီး Netfilxကနေ တင်ဆက်ထားတဲ့ Kathal ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ကထာလ် ဆိုတာ အိန္ဒိယလို ပိန္နဲသီးကိုခေါ်တာတဲ့။ ဇာတ်ကားနာမည်အတိုင်းပါပဲ။ ပိန္နဲသီးပျောက်ရှာပုံတော်ပါ။ထက်ထက်မြက်မြက် ရဲမေ မာဟင်မာတစ်ယောက်။ ကပ်ဖားတတ်တဲ့ အထက်လူကြီးတွေရဲ့ ဖိအားပေးမှုနဲ့ MLA ရဲ့ ပိန္နဲသီးပျောက်ကို လိုက်ရှာပေးရတော့တာပါပဲ။ပိန္နဲသီးကရိုးရိုး ပိန္နဲသီးတော့မဟုတ်ဘူးဗျ။ MLA ခမျာ CM ကိုလာဘ်ထိုးအချိုသတ်ဖို့ ပိုးမွေးသလို ဥထားတဲ့ မလေးရှားဖြစ် ပိန္နဲသီး၊ နာမည်တောင်ပေးထားသေး အန်ကယ်ဟုန်ဂ်တဲ့လေ။ပေါ့ပေါ့ပါးပါးနဲ့ ရီရီမောမောကြည့်ရင်း နောက်ဆုံး ပိန္နဲသီးသူခိုးကိုရှာတွေ့သွားမလား။ ဒါမှမဟုတ် ဒီကိစ္စက ဒီလောက်ရိုးရှင်းပါ့မလား၊ ဒါတွေကို ပိတ်ရက်မှာကြည့်ရှုရင်း ခဏအပန်းဖြေလိုက်ကြပါဦးဗျာ။ Crime/Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာ မလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတာ့ HM,Bpl,ThaikSan,Yunniနဲ့ Cherry တို့ပဲ ဖြစ်ပါတယ်။ File size…2.69GB / 1.24GB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard ...
movie
Kathal (Kathal: A Jackfruit Mystery) [2023]
2023