Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raghu Babu
7.8
Unstoppable(2023)
Unstoppable (2023) IMDb 7.8ဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း၃ယောက်ရှိပါတယ် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် တိုင်ပင်စရာမလို တက်တက်ကြွကြွနဲ့ အောင်မြင်အောင်လုပ်တတ်ကြတဲ့ လူငယ် ၃ယောက်ပေါ့တစ်နေ့...သူတို့သုံးယောက် ငွေရှာဖို့ ဖြတ်လမ်းနည်းသုံးခဲ့မိတယ် အဲဒါကတော့ သူတို့၃ယောက်ထဲက ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက လာတင်တောင်းပါတယ် တင်တောင်းငွေက သိန်း၂၀နဲ့ ရွှေတွေဆိုတော့ ဒီ၃ယောက်က သိန်း၂၀နဲ့ IPL လောင်းကြမယ်ပေါ့ နိုင်ရင် ၁၀ဆို ၂၀ဖြစ် ၂၀ဆို ၄၀ဖြစ်ဆိုပြီး သူဌေးဖြစ် ခွေးဖြစ် လောင်းဖို့ကြံရာကနေ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ နာမည်ကိုက Unstoppable ဆိုတော့ကာ သူတို့ဘယ်လောက်အထိ မရပ်တန့်နိုင်ဖြစ်ကြမလဲဆိုတာ Plot Twist တွေနဲ့ ဆက်လက်ရှုစားလိုက်ကြပါရှင်အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ပျော်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Zwe Yan~V~Cherry~BpL~Moon တို့ပဲ ဖြစ်ပါတယ်) File size…2.5GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe ...
movie
Unstoppable(2023)
2023
4.4
Badrinath (2011)
Badrinath 2011 -----------------------------ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Badrinath (2011)
8.3
Dhamaka (2022)
Dhamaka (2022)IMDb-8.1/10ရုံတင်ငွေသန်း ၆၀ တောင်အမြတ်ရထားတဲ့ ဟာသအက်ရှင်အရောလေးနဲ့ ညိုကီတို့လည်း Are we dating the same girl? ဂရုဖွဲ့ဖို့လိုနေကြောင်းပြထားတဲ့ကားလေးပါ2022 ခုနှစ်ထွက် အောင်မြင်ပြီးလူကြိုက်များခဲ့တဲ့ တေလဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကြီး Ravi Teja ကနှစ်ကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်ရှင်အာနန့်ဒ်နဲ့ မကြာခင်ကမှ အလုပ်ပြုတ်ထားတဲ့ ဂျစ်ကန်ကန်ကောင်ဆိုးလေး ဆွာမီ၊ ရုပ်ချင်းဆင်ပြီး ကံကြမ္မာချင်းမတူကြတဲ့ ဆွာမီ နဲ့ အာနန့်ဒ်တို့ဟာ မတူညီကြတဲ့ပြဿနာတွေကိုဖြေရှင်းရင်ဆိုင်ရင်း တစ်နေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်ကြဖို့ အကြောင်းဖန်လာပါတော့တယ်။တစ်ဖက်မှာလည်း ပရာနာဗီဆိုတဲ့ မိန်းမလှလေးက ရုပ်ချင်းဆင်နေတဲ့ လူနှစ်ယောက်ကိုမှ မထင်မှတ်ဘဲချစ်မိနေပြီး နှစ်ယောက်ကြားမှာ ရွေးချယ်ရခက်နေတဲ့သူလေးပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ အာနန့်ဒ်တစ်ယောက်ကုမ္ဗဏီရဲ့ စီးအီအို ဖြစ်လာမယ့်အချိန်မှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေက သူတို့တွေရဲ့ဘ၀ကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပါတယ်။ သီချင်းတွေကလည်းမြူးကြွတယ် အားတက်စေတယ်၊ စကားပြောခန်းတွေက ပညာသားပါတယ် ဆိုတော့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ File size…3.1GB / 1.4GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ ...
movie
Dhamaka (2022)
2022
8.5
Cheppalani Undhi (2023)
Cheppalani Undi 2022IMDb-8.6/10လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ်အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ်တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Sai ThuRein
movie
Cheppalani Undhi (2023)
2023
5.4
Ranga Ranga Vaibhavanga (2022)
Comedy, Drama, Romanceရီရှီနဲ့ ရာဒါဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်တည်း အချိန်အတူတူမွေးလာကြတဲ့သူတွေပေါ့ သူတို့ရဲ့အဖေတွေကလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အရင်းခေါက်ခေါက်တွေသူတို့ကလည်း ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ကြီးပြင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ အရမ်းချစ်ကြတဲ့သူတွေပေါ့ဒါပေမယ့် ချစ်ကြပေမယ့် မာနချင်းပြိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လို့လာခဲ့တယ် အဲဒါကတော့ သူတို့ အလယ်တန်းမှာ ကိစ္စတစ်ခုကြောင့် တစ်ယောက်ပါးတစ်ယောက် ရိုက်လိုက်မိရာက နင်စကားမပြောရင် ငါလည်းမပြောဘူးဆိုပြီး ဖြစ်သွားကြပြီး ကြီးတဲ့အထိ စကားမပြောဘဲ နေလာကြတာ ကောလိပ်ရောက်တဲ့အထိပါပဲရင်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့အချစ်တွေနဲ့ ရှိကြပေမယ့် မာနတွေကြောင့်သာ သူတို့ဝေးကွာနေခဲ့ကြတာပေါ့အဲဒီလိုနဲ့ အဲဒီလိုအရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ မာနတွေ ပြိုကွဲသွားစေမယ့်အရာက ဘာဖြစ်မလဲ အခေါ်အပြောမလုပ်ကြတဲ့ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်စကားစပြောတဲ့သူ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ မိသားစုဘဝ ဟာသလေးတွေနဲ့ပါ အချစ်ရိုမက်တစ်ရသကို အပြည့်ခံစားပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.9GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Sora
movie
Ranga Ranga Vaibhavanga (2022)
2022
6.3
A1 Express (2021)
ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ်Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ...
movie
A1 Express (2021)
2021
5.1
F3: Fun and Frustration (2022)
ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။ File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie
F3: Fun and Frustration (2022)
2022
7.3
Dear Comrade (2019)
IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ...မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။"သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" ...
movie
Dear Comrade (2019)
2019
4K HEVC Web-DL
6.9
Zombie Reddy (2021)
Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ File size…4GB / 1.4Gb ...
movie
Zombie Reddy (2021)
2021
6.9
Bheeshma (2020)
ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie
Bheeshma (2020)
2020
8.1
Manikarnika – The Queen Of Jhansi [2019]
(Unicode)၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ ...
movie
Manikarnika – The Queen Of Jhansi [2019]
2019
1
2
Previous