Channel Myanmar

Rachitha Mahalakshmi

Thalli Manasu (2025)
Thalli Manasu (2025) Thalli Manasu 2025 (ဖတဆိုးလေး ဂါနက်ရှ်) IMDb - 5.9/10လျှပ်စစ်မီတာရုံးမှာ အလုပ်လုပ်တဲ့ ဂျာနာကီရမ်ဟာ မိန်းမဖြစ်သူ ဂျိုသီနဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ၊ သူတို့မှာ ချစ်စရာကောင်းတဲ့ ဂါနက်ရှ်ဆိုတဲ့ သားလေးတစ်ယောက်လည်း ပိုင်ဆိုင်ထားပါသေးတယ်။တစ်နေ့မှာတော့ ဂျာနာကီရမ်တစ်ယောက် မီတာရုံးမှာအလုပ်လုပ်တဲ့သူပီပီ လမ်းတစ်နေရာမှာ ဓာတ်ကြိုးက ရေထဲကျပြီး လျှပ်စစ်ဝင်နေတာကို သိလိုက်ရတဲ့အတွက် လူတွေ အန္တရာယ်မဖြစ်ဖို့အရေး တားဖို့လုပ်ရင်းကနေ ကံဆိုးစွာနဲ့ ဓာတ်လိုက်သေဆုံးသွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲ ဖခင်မဲ့သွားတဲ့ သားဖြစ်သူ ဂါနက်ရှ်ကို မိခင်ကြီး ဂျိုသီတစ်ယောက် ကြိုးစားရုန်းကန်ရင်းနဲ့ ပျိုးထောင်ပေးလာခဲ့ပါတယ်။ဂျိုသီတစ်ယောက် သားဖြစ်သူ ဂါနက်ရှ်ကို တစ်ယောက်တည်းကြိုးစားပြီး ဘယ်လိုပုံစံတွေနဲ့ ပျိုးထောင်သွားမလဲ .......သူတို့မိသားစုရဲ့ ကံကြမ္မာက နောက်ပိုင်းမှာရော ဘယ်လိုတွေဖြစ်လာဦးမလဲ .........ဖတဆိုးလေး ဂါနက်ရှ်တစ်ယောက်ရော ဘဝကို ဘယ်လို ကြိုးစားဖြတ်သန်းသွားမလဲ ..... ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.6 GB / 1.3 GB Quality…WEB DL 1080p ...
movie

Thalli Manasu (2025)

Ranganayaka (2024) 3.8
Ranganayaka (2024) Ranganayaka (2024)"ကြေးမုံပြင်တစ်ချပ်ပေါ်က ပုံရိပ်" =========================================ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ ကန်နာဒါစကားပြောရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် ထူးခြားရုံတင်မကဘဲ ရုပ်ရှင်ရဲ့ အကြောင်းအရာကိုက ထူးဆန်းနေတာပါ။ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ မာတာဂုရုပရာဆတ်ဟာ ဆန်ဒယ်ဝုဒ်လို့ခေါ်တဲ့ ကန်နာဒါရုပ်ရှင်လောကထဲက ဆရာကြီးတစ်ပါးဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူ မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တီဗွီအစီအစဉ်တစ်ခုမှာ အိပ်ငွေ့ချ အင်တာဗျူးခံရတဲ့ နာမည်မကြီးတကြီး ဒါရိုက်တာတစ်ယောက် အင်တာဗျူးခံရင်း သူ့ရဲ့ အတွေ့အကြုံတွေ၊ ခပ်ရွဲ့ရွဲ့ အတွေးအခေါ်တွေ၊ သေခြင်းတရားကို ချဉ်းကပ်ပုံတွေ၊ဘဝအပေါ်အမြင်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြသွားတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ထူးခြားချက်အနေနဲ့ အင်တာဗျူးခံရတဲ့ ဒါရိုက်တာနေရာမှာ ဒီရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာဂုရုပရာဆတ်ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ယောက် နောက်ဆုံးအသက်သွင်းသွားတဲ့ အနုပညာလက်ရာတစ်ခုကိုပရိသတ်တွေ စီးမျောခံစားနိုင်ဖို့ ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေက ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1min Subtitle….Myanmar Subtitle ...
movie

Ranganayaka (2024)

Fire (2025) 6.7
Fire (2025) Fire (2025) "ကာစီ"အသစ်ထွက်ရှိတဲ့ တမီးလ်စကားပြော မှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ကာယကုထုံးဆရာဝန် ကာစီက အသိမိတ်ဆွေကြားမှာ ဖော်ရွေကူညီတတ်တဲ့လူအဖြစ် သိကြပြီး လူနာတွေအတွက်လည်း မေတ္တာရှင်တစ်ယောက်ပါမီနာခ်ရှီဆိုတဲ့ လူနာတစ်ယောက်နဲ့ သူ့မိသားစုကိုလည်း အစစအရာရာ ကူညီခဲ့တာကြောင့် ဘုရားလိုကြည်ညိုခံရတဲ့အထိပါပဲ ဒီလောက် သဘောကောင်းတဲ့လူက ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ အခါမှာ အမှုစုံစမ်းရေးရဲတွေအတွက် အစရှာထုတ်ဖို့ခက်တဲ့ ပဟေဠိတစ်ပုဒ် ဖြစ်လာပါတော့တယ်ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို အများကြီးပြောမနေတော့ဘဲ ပရိသတ်တို့ကပဲ အားပေးလိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Yunni ~ Zwe Yan ~ Cym တို့ပဲ ဖြစ်ပါတယ် File size… 1.9 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Yunni ~ Zwe Yan ~ Cym 
movie

Fire (2025)