Channel Myanmar

Rachel Nichols

P2 (2007) 5.9
P2 (2007) P2 (2007)P2 (2007) ဇာတ်ကားဟာ ကြည့်ဖူးသူမှန်သမျှနီးပါး သဘောကျ ကြိုက်နှစ်သက်ကြတဲ့ Underrated Christmas horror ကားကောင်းတစ်ကားပါ။ ကြည့်ဖူးသူတွေပြန်ကြည့်သင့်သလို မကြည့်ရသေးတဲ့လူတွေလည်း လုံး၀မြည်းစမ်းကြည့်သင့်တဲ့ Hidden Horror Movie Gems တွေထဲကတစ်ခုပါပဲ။ဇာတ်လမ်းကတော့....အိန်ဂျလာဘရစ်ချ်ဟာ မန်ဟက်တန်မြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံကြီးမှာအလုပ်လုပ်တဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ခရစ်စမတ်ညနေမှာတော့ အလုပ်တွေမပြီးပြတ်လို့တစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။သူ့အစ်မ အိမ်မှာ မိသားစုညစာအတူစားဖို့ချိန်းထားတာလည်းရှိတဲ့အတွက် ဖြတ်စရာကိစ္စတွေကိုအမြန်ဖြတ်ရင်း ရုံးခန်းကထွက်ဖို့ လုပ်တဲ့အချိန်မှာ ရုံးခန်းတွေကိုလိုက်ပိတ်နေတဲ့ လုံခြုံရေးတစ်ဦးနဲ့ဆုံတဲ့အတွက် အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ရုံးခန်းအဆောက်အအုံကြီးရဲ့မြေအောက် ကားပါကင်ကိုရောက်တဲ့အချိန်မှာတော့ သူ့ကားစက်မနိုးနိုင်တာကိုသိလိုက်ရတဲ့အချိန်မှာ ကားပါကင်စောင့်လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ရုံးပေါ်ပြန်တက်ပြီး တက္ကစီစောင့်ဖို့ကြိုးစားခဲ့ပေမယ့် အဆောက်အအုံကြီးရဲ့ ပင်မဂိတ်တံခါးကလည်း သော့ခတ်ထားတဲ့အတွက် အိန်ဂျလာတစ်ယောက်မြေအောက်ကားပါကင်ဆီပြန်ဆင်းလာရတဲ့အချိန်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုကိုကြုံလိုက်ရပြီးသတိလစ်သွားပါတော့တယ်။ပြန်လည်သတိရလာမယ့် သူ့အတွက် ကြိုဆိုနေမှာကတော့ သေရာပါစိတ်ဒဏ်ရာရသွားစေမယ့် ခြောက်ချားဖွယ်အတွေ့အကြုံတွေ၊ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ညတစ်ညပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(2.1 GB )/(1 GB)  Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Alias
movie

P2 (2007)

2007
Rage (2014) Tokarev 5.0
Rage (2014) Tokarev  Rage (2014)IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.5 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:38:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Rage (2014) Tokarev

2014
Charlie Wilson’s War(2007) 7.1
Charlie Wilson’s War(2007)  "ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့...ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး...တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်...ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်...မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ...သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်...""အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ""သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ...မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ...ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်...ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်""မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်...အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်..."ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်...ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်...ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ... ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်...ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်....ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ...
movie

Charlie Wilson’s War(2007)

2007
Raze(2013) 5.7
Raze(2013) Raze(2013)============Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲမြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်းချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာတွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကိုသွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။(ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

Raze(2013)

G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1
The Amityville Horror (2005) 6.0
The Amityville Horror (2005) CM Fan တွေ အတွက် Deadpool မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇတ်လမ်းကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဂျော့ နဲ့ ကပ်သီ တို့ဟာ ညားခါစ အကြင်လင်မယားတွေ ဖြစ်ပေမယ့် ကပ်သီ ဘက်က ပါလာတဲ့ မယားပါ သားသမီး တစ်ချို့ကို ဂျော့က ကြည်ဖြူစွာ လုပ်ကျွေးနေခဲ့ပါတယ်...မကြာသေးတဲ့ အချိန်အတွင်းမို့ ကလေးတွေကတော့ ဂျော့ ကို သိပ်မကြည်ဖြူသေးဘူးပေါ့... မိသားစု များလာတဲ့အခါ ကိုယ်ပိုင်အိမ်လေးနဲ့နေချင်လာလို့ အိမ်ပွဲစားကနေ တဆင့် စျေးသက်သာတဲ့ အိမ်ရှာတဲ့အခါမှာ မြို့အစွန် တစ်နေရာမှာ ပေးရတဲ့ စျေးထက်မတန်တဆ ကို တန်နေတဲ့ ၂ ထပ်အိမ်ကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါတယ် အိမ်ပွဲစားကတော့ ဒီအိမ်မှာ လူသေဖူးတယ်ဆိုတဲ့ သတင်းလောက်ကလွဲလို့ ဘာမှ ရေရေ ရာရာ မပြောပေမယ့် ကပ်သီ က အရမ်းလိုချင်နေတာမို့ ...
movie

The Amityville Horror (2005)

2005