Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rachel Leung
5.9
The Last Dance (2025)
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအရ အားလုံးက ရှေးလူကြီးတွေက ပြောတယ်ဆိုတာနဲ့ မှန်မှန်မှားမှား ဇွတ်ယုံကြည်တဲ့လူတစ်စုရဲ့ အမူအကျင့်လေးတချို့ကို အခြေခံရိုက်ကူးထားတဲ့ကားလေးပါ...ဒီကားလေးထဲမှာ ကပ်ဘေး ကိုဗစ်အပြီးမှာ အားလုံးက ငွေကြေးရော အလုပ်အားလုံး ခက်ခဲနေကြတာပေါ့... ဒီအချိန်မှာ မင်္ဂလာဆောင်စီစဉ်သူလုပ်ခဲ့တဲ့သူကနေ ဈာပနစီစဉ်သူအဖြစ် ပြောင်းလဲသွားရတော့တာပေါ့...ဒီအချိန်မှာ ငွေရှာဖို့နဲ့ စိတ်ချမ်းသာစေဖို့ ကြားမှာ ဘဝနေနည်းနဲ့ ရှင်သန်ရေးတို့ကြား အတော်လေး အနေခက်ခဲ့ပုံကို ပုံဖော်တင်ဆက်ထားတာပါ... တစ်ဖက်မှာလည်း အလောင်းပြင်ပြီး နတ်ဆရာရဲ့ ရှေးရိုးအယူတွေကြားက ကြေကွဲနေတဲ့ မိသားစုအရေးကိစ္စလည်း ပါဝင်နေပြန်တယ်... ကဲ အားလုံးပဲ ဟောင်ကောင်ရိုးရာ ဈာပနပွဲစီစဉ်ပုံလေးကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် Filesize : 1.38 GB / 805 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
The Last Dance (2025)
6
In Broad Daylight ( 2024 )
Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်... အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့အတွက် လက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖို့ကြိုးစားရင် တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ...ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူက တရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို.... အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး... ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲ စီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ...ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြို့ လူအိုရုံ (မသန်စွမ်းဂေဟာ) မှာ မသန်စွမ်းတဲ့ လူအိုတွေကို မြို့လယ်ကောင် နေရာလွတ်ထဲ ကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေ အေဝမ်းမီဒီယာကို ရောက်လာလို့ ဒီသတင်းကိုလိုက်ဖို့အတွက် ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့ မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့...သူက ကနေဒါကလာတဲ့ အဖိုးရဲ့ မြေးမလေး၊ လူအင်အားမလောက်ငှတဲ့ လူအိုရုံမှာ စေတနာ့ဝန်ထမ်းလေးအနေနဲ့ ကူပေးမယ်ဆိုပြီး သတင်းလိုက်ခဲ့ရာကနေ.... ဒီဂေဟာမှာ လူအိုတွေတင်မကဘဲ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေ၊ ကိုယ်လက်မသန်စွမ်းသူတွေပါ ရှိနေတာကိုသိခဲ့တယ်...လူနာ ၈၀ ဝန်းကျင်ရှိပေမယ့် စောင့်ရှောက်သူက ၂ ဦးပဲ ရှိနေတာပါ တွေ့ခဲ့တဲ့အပြင်... တစ်ဖက်မှာလည်း နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေကလည်း ဒိတ်လွန်တွေတဲ့... ဘာကြောင့်မှန်းမသိပေမယ့် လဝက်မှာလည်း ၆ လောင်းလောက်ကို သေဆုံးမှုဖြစ်သေးတယ်... ကဲ ရှောင်ချီတစ်ယောက် ဒီရှုပ်ထွေးလှတဲ့သတင်းကို ပြီးဆုံးအောင်လိုက်နိုင်ပါ့မလား... သတင်းလိုက်လို့ အမှန်တိုင်းပေါ်လာရင်ရော အဆုံးသတ်ကောင်းနိုင်မှာလား.... Filesize : 1.14 GB ...
movie
In Broad Daylight ( 2024 )
6.3
A Light Never Goes Out (2023)
A Light Never Goes Out (2022)======================IMDb - 6.3/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ LED ဆိုင်းဘုတ်ခေတ်မစားခင်ခေတ်က အဏုမြူချောင်းတွေနဲ့ဆိုင်းဘုတ်တွေနဲ့ ဟောင်ကောင်မြို့လမ်းပေါ်ကို အလင်းရောင်စုံပေးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးပြထားတဲ့ ဟောင်ကောင်ဒရာမာကားကောင်းလေး A Light Never Goes Out ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဟောင်ကောင်ရဲ့ ဥပဒေအသစ်ကြောင့် လမ်းမပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်တွေ အစားထိုးလာတာကြောင့် အဏုမြူဆိုင်းဘုတ် ဘေလ်တစ်ယောက် စီးပွားရေးဆုတ်ယုတ်လာပြီး နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် အတိတ်ကအမှတ်တရတွေကို သတိရရာကနေ အလုပ်ရုံအသွား ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့တွေ့ဆုံခဲ့ပြီးနောက် ဘေလ်တစ်ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိကြောင်းသိလိုက်ရပါတယ်ခင်ပွန်းသည်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တာကြောင့် ဟွမ်တစ်ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရလေးတွေပါ စုမိသလိုဖြစ်လာပါတယ်အမှတ်တရတွေမှာ ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတာလေးကို ကြည့်ရှုသူကို မျိုးစုံရသပေးနိုင်အောင် ရိုက်ပြထားတဲ့ ဒရာမကားကောင်းလေးပဲဖြစ်ပါတယ်( ...
movie
A Light Never Goes Out (2023)
Ready or Not 2 ( 2023 )
မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie
Ready or Not 2 ( 2023 )