Channel Myanmar

R. Madhavan

Kesari Chapter 2: The Untold Story of Jallianwala Bagh (2025) 8.2
Kesari Chapter 2: The Untold Story of Jallianwala Bagh (2025) Kesari Chapter 2: The Untold Story of Jallianwala Bagh 2025 (ဂျယ်လီယန်ဝါလာဘာ့ဂ်သတ်ဖြတ်မှု)မင်းသားကြီး အရှေးကူးမားပါဝင် သရုပ်ဆောင်ထားတဲ့အပြင် Student of the Year 2 နဲ့ Pati Patni Aur Woh လို ရိုမန့် ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးလေး အာနန်ယာပန်ဒေးပါဝင်ထားပြီး သမိုင်းကြောင်းကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ ရုံတင်ကားကြီး ထွက်ရှိလို့လာပါပြီ။2019မှာ ထွက်ရှိခဲ့တဲ့ Kesari ဇာတ်လမ်းရဲ့ Spiritual Sequel အနေနဲ့ Chapter 2 ဆိုပြီး ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Kesari မှာတော့ မွတ်ဆလင်များနဲ့ဖြစ်ခဲ့တဲ့ ၁၉ရာစုဝန်းကျင်က စစ်ပွဲကို အခြေခံထားခဲ့ပြီး ယခု Kesari Chapter 2 မှာတော့ ဂျယ်လီယန်ဝါလာဘာ့ဂ် သတ်ဖြတ်မှုအကြောင်းကို အခြေခံထားပြီး ပန်ဂျပ်တို့ရဲ့ တော်လှန်လှုပ်ရှားပုံတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ရှန်ကရန်နာရ်ဆိုတဲ့ ရှေ့နေဟာ ဗြိတိသျှအုပ်ချုပ်ရေးဘက်မှာ အရမ်းကို အားကိုးရတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူနာမည်ကြီးတဲ့ တခြားအချက်ကတော့ လိုက်တဲ့အမှုတိုင်းကို ...
movie

Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)

4K HEVC
Rang De Basanti (2006) 8.3
Rang De Basanti (2006) Rang De Basanti (2006)IMDb Rating (8.1) / Rotten Tomatoes (89%)ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ ...
movie

Rang De Basanti (2006)

2006
Test (2025) 5
Test (2025) Test (2025) "ဘ၀လက်ရည်စမ်းပွဲ"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့...။‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။) File size… 1.9 GB / 972 MB Quality…WEB ...
movie

Test (2025)

Hisaab Barabar (2025) 6.1
Hisaab Barabar (2025) Hisaab Barabar (2025)"အကြွေ" =========================Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီး ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့ မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့ ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့ ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊ ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊ စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊ အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊ ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင် လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ကွယ်က scam တွေကို ...
movie

Hisaab Barabar (2025)

Guru (2007) 7.7
Guru (2007) Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Guru (2007)

2007
Dhokha: Round D Corner (2022) 8.1
Dhokha: Round D Corner (2022) Dhokha: Round D Corner (2022) Crime, Thriller IMDb 8.2/10 (5K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးဟာလည်း 3 Idiots ထဲမှာ အမီရ်ခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မာဒဗန်းရဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက ယာထရာသ်နဲ့ ဆန်ချီးဆိုတဲ့ လင်မယားနှစ်ယောက်ကို မှီတည်ပြီးဇာတ်အိမ်တည်ထားတယ်...။တစ်ရက် သူတို့လင်မယားနှစ်ယောက်စကားများကြရာမှာ ဆန်ချီးက ကွာရှင်းပေးဖို့ပြောလာတယ်...။ခဏကြာတော့ သူတုိ့အိမ်ထဲကို ဆန်ချီးတစ်ယောက်တည်းရှိနေစဉ် အကြမ်းဖက်သမားက ဝင်ဆီးပါတော့တယ်...။ကယ်တင်ဖို့ရောက်လာကြတဲ့ရဲတွေကို မာထရာသ်က ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိနေလို့ အမြန်ဆုံးကယ်တင်ပေးပါလို့ ပြောတယ်...။အိမ်ထဲရောက်နေတဲ့ အကြမ်းဖက်သမားကိုတော့ ဆန်ချီးဟာ သူ့ယောက်ျားမာထရာသ်က အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူမပိုင်ဆိုင်သမျှကိုလိုချင်လို့ သူ့ချစ်သူစိတ်ရောဂါအထူးကုဆရာဝန်မနဲ့ပေါင်းပြီး သူ့ကိုအရူးဆေးတိုက်နေတယ်..ဒါကြောင့် အမြန်ဆုံးမိမိကိုသတ်လိုက်ပါတော့လို့ တောင်းဆိုပြန်တယ်...။ကဲ..ဘာဆက်လုပ်ရမလဲ သိတယ်မလားဇာတ်လမ်းရဲ့အသွားအလာကို ကြည့်ရင်း ဘယ်သူဟာ အမှန်အတိုင်းပြောနေတာလဲ ဘယ်သူဟာလှည့်စားနေတာလဲဆိုတာကို ဝေဖန်သုံးသပ်ကြတော့နော်... File size…1.74GB / 834MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & OeliuJ & HayMan
movie

Dhokha: Round D Corner (2022)

2022
Nishabdham(2020) 5.5
Nishabdham(2020) Nishabdham(2020)အညွှန်း*************************3 idiots ဇာတ်ကားထဲက ဖာရ်ဟန်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး R. Madhavan ၊ ဘာဟူဘာလီမင်းသမီး Anushka Shetty တို့ သရုပ်ဆောင်ထားတဲ့ Horror,Mystery,Thriller ကားလေး ထွက်လာလို့ဘောလိဝုဒ် ၊ တောလိဝုဒ် ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း အမေရိကန်နိုင်ငံ ၊ အနောက်ကမ်းရိုးတမ်းမှာရှိတဲ့ Seattle မြို့အစွန်... လူသူအရောက်အပေါက်နည်းလှတဲ့ တောအုပ်တစ်ခုဘေးက အိမ်တစ်အိမ်... အချိန်က အမှောင်ကြီးစိုးတဲ့ မဟူရာည... မှိန်ပြပြထွန်းညှိထားတဲ့ မီးအိမ်ရဲ့ အလင်းရောင်နဲ့ အတူ... ခပ်ငြိမ့်ငြိမ့် တီးလုံးသံကို အားပြုပြီး စည်းချက်ညီတဲ့ စုံတွဲအကလေးနဲ့ ချစ်သူနှစ်ဦး ပျော်မြူးနေချိန် မြေအောက်ခန်းထဲက လျှပ်စစ် မီးသီး တစ်ခုခုဖြစ်နေသံကြားလိုက်ရတယ်။ မြေအောက်ခန်းထဲမှာ ပစ္စည်းအပျက်တချို့ရယ်၊ ပန်းချီတချို့ရယ်ကလွဲပြီး တခြား ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ။ ပီတာတစ်ယောက် ရီဝေဝေနဲ့ ဆင်းကြည့်ခဲ့တယ်။ ချစ်သူဖြစ်တဲ့ မလီဆာဟာ အောက်ထပ်က အော်သံတစ်ခုကို ကြားလိုက်ရတယ်။ ပီတာကို လိုက်လံကြည့်ရှုခဲ့ရာမှာတော့ ပီတာဟာ နံရံမှာ လက်နှစ်ဖက်ကို ချွန်ထက်တဲ့အရာတွေနဲ့ ပူးရိုက်ထားပြီး သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေတာကို မြင်လိုက်ရပါတော့တယ်။ မလီဆာလည်း အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ တွေဝေနေချိန် သူလည်း အလစ်တိုက်ခံလိုက်ရတယ်။ ဒီအိမ်က တစ္ဆေခြောက်တယ်လို့ ...
movie

Nishabdham(2020)

Zero (2018) 6.1
Zero (2018) ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan,မင်းသမီးချော Anushka Sharma, Karina Kaif စသည်တို့အပြင်နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။Rating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄ဝနားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ်ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက်မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ နဲ့ ကိုတင်မျိုးလွင် ပါ)File Size : (1.20 GB) Quality : WEB-DL 720p Running Time : 2h 44min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie

Zero (2018)

2018
Savyasachi (2018) 7.6
Savyasachi (2018) အာရွန် ဟာ မွေးဖွားလာကတည်းက ထူးခြားတဲ့သူပါ မိခင် ၀မ်းဗိုက်ထဲတွင် စတင် လွယ်စဉ်ကတည်းက အမွှာပူးဖြစ်ခဲ့သော်လဲ မွေးဖွားလာခဲ့သောအခါ အာရွန် တစ်ယောက်ထဲသာ ဖြစ်ခဲ့ပါတယ် ဆေးပညာလောကတွင် ဖြစ်ခဲသော ဖြစ်တက်သော အစဉ်အလာ တစ်ခုဖြစ်ပြီး တစ်ခြား အမွှာတစ်ယောက်အား တစ်ယောက်က စုပ်ယူသွားတာ ဖြစ်ပြီး ၂ ကိုယ် တစ်စိတ် နဲ့ အသက် ၂ခု ရှိတဲ့ သူ ဖြစ်ကြောင်း ငယ်စဉ်က ဆရာဝန်တွေက အာရွန်ရဲ့ မိဘတွေကို ရှင်းပြခဲ့ပါတယ်... အာရွန် ဟာ ဆိုးလဲ ဆိုးသူ တော်လဲ တော်တဲ့သူ လို့ အာရွန် နဲ့ ပတ်သက်မိသူတွေက ပြောဆိုကြပါတယ် တစ်ရက်မှာတော့ အာရွန် နဲ့ ပက်သက်ခဲ့မိသူတွေ ခရီးသွား ကားတစ်စီးပေါ်တွင် ဆုံမိရာကနေ စကားစပ်မိရင်း တစ်ချိန်ထဲ တစ်နေရာထဲမှာ အာရွန် ကို သိတဲ့သူတွေ ဘာကြောင့်ဆုံမိခဲ့သလဲ ဆိုတာ အထူးအဆန်းဖြစ်နေပါတယ်... ဒီလိုနဲ့ လမ်းတစ်နေရာမှာ ကားက ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ကျသွားသော အခါမှာတော့.... ရုပ်ရှင်ကားကို Hein Thet Naing မှ ဘာသာပြန်ပေးထားပါတယ်
movie

Savyasachi (2018)

2018