Channel Myanmar

Priyanshu Chatterjee

Chintu Ji (2009) 5.5
Chintu Ji (2009) Chintu Ji (2009) "ချင်တူတို့ရွာ" IMDb - 5.5/10ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတာက အရင်ခေတ်အိန္ဒိယရဲ့ဂန္ဓဝင်မင်းသားကြီးလို့တင်စားကြတဲ့ ရာ့ဂျ်ကပူးရဲ့သားဖြစ်သူ၊လက်ရှိနာမည်ကျော်ဘောလိ၀ုဒ်မင်းသား ရန်ဘီးကပူးရဲ့အဖေဖြစ်သူ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ရီရှီကပူးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟာဒတ်ဘာဟီဒီဆိုတဲ့ လူမသိသူမသိ အေးချမ်းတဲ့ရွာငယ်လေးတစ်ခုရှိတယ်။ရွာအစည်းအဝေးမှာ ဘေးနားကရွာက နာမည်ကျော်တွေထွက်တဲ့အတွက် တော်တော်များများသိကြပြီး သူတို့ရွာလေးကို ဘယ်သူမှမသိတဲ့အတွက် နာမည်ကျော်ဖို့ ဆွေးနွေးကြတာပေါ့။ဒီမှာပဲ သားဖွားဆရာမအိုကြီးတစ်ယောက်ကထပြီး သူတို့ရွာကလည်း နာမည်ကျော်တစ်ယောက်ထွက်တယ်ဆိုတော့ ဘယ်သူလဲမေးကြတာပေါ့။ဒီမှာပဲ ဓာတ်ပုံထုတ်ပြတဲ့အချိန် နာမည်ကျော်မင်းသား ရီရှီကပူးဖြစ်နေတာကြောင့် ရီရှီကပူးကို သူတို့ရွာဆီဖိတ်ခေါ်ဖို့ လုပ်ကြရော။မင်းသားကလည်း နိုင်ငံရေးလောကထဲဝင်မဲ့အချိန်ဆိုတော့ မဲဆန္ဒရှင်တိုးဖို့အရေး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ရွာကလေးဆီကို ရောက်လာတဲ့အချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size… 2.1 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Chintu Ji (2009)

12th Fail (2023) 9.2
12th Fail (2023) 12th Fail (2023) "ရိုးဂုဏ်"IMDb - 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ...
movie

12th Fail (2023)

2023
4K HEVC
Bhoothnath (2008) 6.4
Bhoothnath (2008) Boothnath(2008) IMDb - 6.4/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဟောလီးဝုဒ်ရဲ့နာမည်ကျော်တွေဖြစ်တဲ့ အမီတာဘဂျမ်း၊ရှာရွတ်ခန်းနဲ့ဂျုဟီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့Boothnathဆိုတဲ့ ဟာသသရဲကားပဲဖြစ်ပါတယ်အိမ်ကြီးတစ်အိမ်ကိုပြောင်းလာကြတဲ့ အာဒိတျတို့မိသားစုမှာ အာဒိတျဟာအလုပ်ကိစ္စကြောင့်ခရီးထွက်သွားချိန်မှာတော့ ထိုအိမ်မှာဇနီးဖြစ်သူအန်ဂျလီနဲ့သားဖြစ်သူဘန်ကူးတို့သာ ကျန်ခဲ့ပါတော့တယ် တစ်ညမှာတော့ဘန်ကူးဟာ ရေခဲမုန့်ဆင်းစားရင်း သရဲဖြစ်သူနာသ်နဲ့ စတင်တွေ့ဆုံချိန်မှ‌တော့ သရဲနဲ့ကလေး သူတို့နှစ်ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ နာသ်ဆိုတဲ့သရဲရဲ့နောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိခဲ့မလဲဆိုတာ ဟာသဇာတ်နှောကာခံစားချက်အပြည့်နဲ့ ကြည့်ရှု့ကြရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.13GB / 1.3GB Quality…1080p BluRay / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie

Bhoothnath (2008)

2008