Channel Myanmar

Priyanka Nair

Karnika (2024)
Karnika (2024) Karnika 2024 ကာနီကာတက်ကြွတဲ့အမ်မူဆိုတဲ့ စာရေးဆရာမလေးဟာ တစ်နေ့မှာ အကြောင်းအရင်းမသိရဘဲ စကားနည်းပြီး အခန်းအောင်းနေတတ်တဲ့ မိန်းကလေးဖြစ်သွားပါတယ်။အဲဒီလိုငြိမ်သွားတဲ့ အမ်မူတစ်ယောက် ပြန်ပြီးတော့ တက်ကြွလာအောင်လုပ်လိုက်တာကတော့ သူ့အိပ်မက်ထဲမှာ ထပ်တလဲလဲပေါ်လာတဲ့ ကာနီကာဆိုတဲ့မိန်းကလေးအဲဒီအိပ်မက်ကို ထပ်တလဲလဲမက်နေတဲ့ အမ်မူတစ်‌ယောက် ကာနီကာနဲ့ ပူဗာရှီစံအိမ်ကြီးရဲ့ ဇာတ်လမ်းကို ဝတ္ထုရေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ဇာတ်သိမ်းရေးပြီးချိန်မှာ ဇာတ်လမ်းရဲ့ဇာတ်သိမ်းကို ဘဝင်မကျတဲ့အတွက် ပူဗာရှီစံအိမ်ကို ကိုယ်တိုင်သွားမယ်ဆိုပြီး အမ်မူတစ်‌‌ယောက်တည်း စံအိမ်ကြီးဆီ ခရီးထွက်လာခဲ့ပါတော့တယ်ပူဗာရှီစံအိမ်ဆိုတာကလည်း ပုံမှန်မဟုတ်တဲ့သေဆုံးခြင်းနဲ့ လူသေမှုနှစ်ခုဖြစ်ထားတဲ့ပဟေဠိတွေနဲ့စံအိမ်ဆိုတော့ အမ်မူအဖေရော သူ့သူငယ်ချင်းတွေပါ စိုးရိမ်နေကြပေမဲ့ အမ်မူကတော့ ဘေးကင်းကင်းနဲ့ပြန်ရောက်လာတော့ စိတ်သက်သာရာရသွားကြပါတယ်။ဒါပေမဲ့ ပူဗာရှီစံအိမ်ကပြန်လာပြီး နောက်တစ်ရက်ညမှာပဲ အမ်မူတစ်ယောက် သေလုမျောပါး တိုက်ခိုက်ခံလိုက်ရချိန်မှာတော့....ပူဗာရှီစံအိမ်ကြီးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ။ကာနီကာကရော ဒီစံအိမ်ကြီးမှာ ဘာတွေဖြစ်ခဲ့လဲ။ ဒီဇာတ်လမ်းကိုရေးသားတဲ့အမ်မူကရော ဘာတွေဆက်စပ်နေလို့ ဒီလိုတိုက်ခိုက်ခံရတာလဲဆို အတူရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Zwe ~ Ma Htoo ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 1.9 GB / 900 ...
movie

Karnika (2024)

Vaazhai (2024) 7.5
Vaazhai (2024) Vaazhai (2024)"လေဟုန်ခွင်းငှက်ငယ်" ===============================ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.26 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vaazhai (2024)

Kaduva (2022) 6.3
Kaduva (2022) ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြပြီး မင်းသားPrithviraj Sukumaranပါဝင်သရုပ်ဆောင်ထားပြီး မင်းသားVivek Oberoiပါဝင်အာားဖြည့်ထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။“ကျား” လို့အဓိပ္ပါယ်ရတဲ့အမည်နဲ့ ကတ်ဒူဗာ ကူရီရာချန်ဟာ မဟုတ်မခံစိတ်ရှိသူတစ်ယောက်.. အမှန်တရားဘက်ကအမြဲရပ်တည်ပေးတတ်သူ...ပါလာမြို့တစ်မြို့လုံး ကလေးအစ လူကြီးအဆုံး မသိသူမရှိတဲ့ သူရဲကောင်းတစ်ဦးပါ။တစ်နေ့မှာတော့ အကျင့်ပျက်တဲ့ ဖာသာတစ်ဦးကို ပညာပေးဖို့အကြောင်းဖန်လာခဲ့ရင်း မြို့မှာတာ၀န်ကျနေတဲ့ ရဲအရာရှိ ဂျိုးဆက်ချန်ဒီနဲ့တွေ့ဆုံအချင်းများကြတဲ့အခါ သူတို့နှစ်ဦးကြားမှာ အငြိုးအတေး အဖုအထစ်တွေရှိလာပါတော့တယ်...။အငြှိုးထားတတ်တဲ့အရာရှိဂျိုးဆက်တစ်ယောက် ကူရီရာချန်အပေါ် ဘယ်လိုလက်စားချေမှာလဲ...။ ရန်ပွဲတစ်ခုကနေအစပြုခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူကများ အနိုင်ရသွားမလဲ... မတရားမှု‌ တွေအတွက်ကော အမှုမှန်ပေါ်ပေါက်လာမှာလား ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ရင်ခုန်ရမှာပါ။ File size…2.8GB / 1.4GB Quality…1080p TRUE WEB DL AAC5.1CH  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Thet Ko ~ Oeliuj~ Honeyey ~ Yunni ~ Kevin Ag
movie

Kaduva (2022)

2022
12th Man (2022) 7.2
12th Man (2022) 12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni  
movie

12th Man (2022)