Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Priyanka Chopra Jonas
5.7
Anjaana Anjaani (2010)
Anjaana Anjaani (2010) "သူစိမ်းများ" IMDb - 5.7/10၂၀၁၀ကထွက်ရှိခဲ့တဲ့ ရန်ဘီးကပူးနဲ့ ပရီယန်ကာချိုပရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇင်ဘာလ ၃၁ရက်နေ့ည ၁၂နာရီအတိမှာ သတ်သေဖို့ဆုံးဖြတ်ခဲ့ကြတဲ့ လူနှစ်ယောက်။ သတ်သေဖို့ဆိုတာက အဖော်ရယ်အပေါင်းရယ် လိုလားမသိပေမဲ့ ကံကြမ္မာက သတ်သေဖို့ဆိုတဲ့ အကြောင်းတရားတစ်ခုပေါ်မှာ သူတို့နှစ်ယောက်ကိုဆုံစည်းစေခဲ့တယ်။ သတ်သေဖို့ရက်ကို သူတို့ဆုံးဖြတ်ခဲ့ကြတဲ့နေ့က ဒီဇင်ဘာလ ဆယ့်တစ်ရက်နေ့။ကြားထဲကရက်နှစ်ဆယ်မှာ သူတို့တွေ မလုပ်ဖြစ်လိုက်တဲ့၊ လုပ်ဖို့အကြောင်းမတိုက်ဆိုင်ခဲ့တဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။အမှောင်ထုဆီကို တွန်းပို့လိုက်တဲ့ ကံကြမ္မာက သူတို့နှစ်ယောက်ကို မျှော်လင့်ချက်အလင်းရောင်ဆီ ပြန်ပြီးခေါ်ဆောင်လာမှာလား။သူတို့ဆုံးဖြတ်ချက်အတိုင်းပဲ အဆုံးသတ်သွားမှာလားဆိုတာကို ဒီအချစ်ဇာတ်လမ်းလေးမှာ ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Zwe Yan ~ Star ~ ToMoတို့ပဲဖြစ်ပါတယ်။) File size… 3.6 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Zwe Yan ~ Star ~ ...
movie
Anjaana Anjaani (2010)
4
Love Story 2050 (2008)
Love Story 2050 (2008) "အချစ်ဇာတ်လမ်း ၂၀၅၀"2008ခုနစ်ကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ နတ်ဖလစ်သတင်းထောက်စီးရီး Scoop (2023)ထဲက မင်းသားကြီး ဟာမန်ဘာဝီဂျာ ငယ်ရွယ်နုပျိုစဉ်အခါက မင်းသမီးချော ပရီရန်ကာချိုပရာနဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာရန်ဆိုတာ သန်းကြွယ်သူဌေးကြီး မစ္စတာမယ်ဟိုတရာရဲ့ တစ်ဦးတည်းသောသားတစ်ယောက်။ စီးပွားရေးလုပ်ငန်းတွေကိုပဲ အာရုံစိုက်နေတဲ့ သန်းကြွယ်သူဌေးကြီးရဲ့သား မိတဆိုးလေး မောင်ကာရန်ကတော့ မိဘမေတ္တာကို ငတ်မွတ်နေရှာသူပေါ့။တစ်နေ့ စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ ဆာနာဆိုတဲ့ အမျိုးသမီးငယ်လေးနဲ့တွေ့ပြီး နေရာတိုင်း လူတိုင်းဆီမှာ ဆာနာရဲ့ပုံရိပ်တွေပဲ မြင်နေရတဲ့ထိ စွဲလန်းသွားခဲ့တယ်။ ခင်မင်မှုလေးရဖို့ကိုတောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးမှ အဖြစ်ဆိုးတစ်ခုကြောင့် ဆာနာကိုဆုံးရှုံးလိုက်ရာကစ အချိန်ခရီးသွားပြီး ချစ်သူကိုပြန်ခေါ်ဖို့ကြိုးစားရာမှာ ၂၀၅၀ခုနစ်က မွမ်ဘိုင်းကိုရောက်လို့သွားပါတော့တယ်။ ၂၀၀၈ခုနစ်က ခေတ်လွန်ရုပ်ရှင်ဆိုပေမဲ့ အဆင့်တစ်ခုထိရှိတဲ့အတွက် တင်ဆက်ပေးလိုက်တာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…4.4 GB / 2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….3h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Love Story 2050 (2008)
6.6
Aitraaz (2004)
Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie
Aitraaz (2004)
6.7
Waqt (2005)
Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie
Waqt (2005)
2005
6
Shootout at Wadala (2013)
Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie
Shootout at Wadala (2013)
2013
6.9
Fashion (2008)
Fashion (2008) "အိပ်မက်များဆီသို့..." IMDb - 6.9/10ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.5GB Quality…BluRay 1080p /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie
Fashion (2008)
2023
5.7
36 China Town (2006)
36 China Town (2006) Comedy, Mystery, Thriller IMDb 5.7/10 (4.9K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ရှာဟစ်ကပူး..အရှေးခန်နားနဲ့ မင်းသမီး ကရီနားကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးဟာသ သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာနဲ့ ပရေရှ်ရာဝလ်တို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်...လောကမှာ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး ငွေဟာဘုရားသခင်ပဲ ငွေရှိမှအရာအားလုံးပြည့်စုံတာဆိုတဲ့လူအတွက် ခုခံချေပမပြောချင်ပေမယ့် ဒီပိုက်ဆံဟာပဲ လူ့ဘဝသက်တမ်းတစ်လျှောက်လုံးကို စုတ်ပြတ်သပ်သွားအောင် လုပ်နိုင်တဲ့အပြင် လူ့အသက်ကိုပါ ရန်ရှာလာတဲ့ပုံကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...ဇာတ်ကားအညွှန်းကိုပြောရမယ်ဆိုရင်...အရမ်းချမ်းသာတဲ့ ကာစီနိုပိုင်ရှင်မလေး ဆိုနီယားကိုမှီတည်ပြီးပြောရမှာပဲ...သူ့မှာ ၁နှစ်ခွဲအရွယ်ပဲရှိသေးတဲ့ သားလေးတစ်ယောက်ရှိပါတယ်..အမေတစ်ခု သားတစ်ခုမို့ သူ့သားလေးကို အသက်သမျှချစ်မြတ်နိုးပါတယ်...ဒါပေမဲ့ သူ့ရဲ့သားလေးပျောက်ဆုံးသွားတာ ရက်တော်တော်ကြာခဲ့ပါပြီ...တစ်ရက်တော့ သတင်းစာထဲမှာ ကြေညာထားတဲ့ သားဖြစ်သူကို ပြန်တွေ့ရင် ဆုတော်ငွေ ၂၅ သိန်းချီးမြှင့်မယ်ဆိုတဲ့သတင်းနဲ့အတူ သူ့သားကို ပြန်ရှာတွေ့တဲ့ အတွဲတစ်တွဲဟာ သားဖြစ်သူကိုပြန်ပေးဖို့အိမ်ကိုလာပါတော့မယ်...အဲ့ဒီနေ့ညမှာတင်ပဲ ဆိုနီယားအသတ်ခံလိုက်ရပါတယ်...။အသတ်ခံရတဲ့ညအတွင်းမှာ သူမရဲ့နေအိမ်ထဲကို ကိုယ်ပိုင်အကြံအစည်တွေနဲ့ ဝင်ထွက်သွားလာခဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်...။ကဲ..လူသတ်တရားခံဟာ ဘယ်သူဖြစ်မလဲ...။ဒီကားရဲ့ဇာတ်လမ်းလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို တစ်ကားလုံး ရင်ဖိုစေမယ့်အပြင် ပဟေဠိတွေကြားထဲက ဟာသလေးတွေလည်းပါတာမို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်... File size…2.05GB / 1GB Quality…1080p ...
movie
36 China Town (2006)