Channel Myanmar

Priyanka Arul Mohan

Nilavuku En Mel Ennadi Kobam (2025) 6.0
Nilavuku En Mel Ennadi Kobam (2025) Nilavuku Enmel Ennadi Kobam (2025)"လမင်းလေးရယ် ဘာကြောင့်ထားခဲ့" ===========================================================တမီလ်မင်းသားကြီး ဒနွတ်ရှ် ဒါရိုက်တာလုပ် ရိုက်ကူးထားတဲ့ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီနှစ်တွေထဲမှာ အိန္ဒိယ အချစ်ဟာသ ရုပ်ရှင်တွေ အများကြီးထွက်ထားပေမဲ့ ဒီရုပ်ရှင်လေးကတော့ တစ်ခါကြည့်ရုပ်ရှင်မျိုးမဟုတ်ဘဲ အချိန်ပေးရကြိုး သေချာပေါက်နပ်စေမယ့် ရုပ်ရှင်ကောင်းလေးပါ။ဇာတ်လမ်းကတော့ ပရာဘူဆိုတဲ့ စားဖိုမှူးလေးဟာ မိန်းကလေးတစ်ယောက်ကြောင့် အသည်းကွဲပြီး ဘဝကို ရေစုန်မျှောနေပါတယ်။သားဖြစ်သူ လနဲ့ချီပြီး အဲဒီလို မသာမယာဖြစ်နေတာကို ကြည့်မနေနိုင်တဲ့ မိဘနှစ်ပါးက ပရာဘူကို အတင်းအကျပ် မိန်းမပေးစားဖို့စီစဉ်ပါတယ်။အဲဒီလိုနဲ့ အိမ်ထောင်ဖက်သွားတွေ့တဲ့အချိန် တွေ့ရတဲ့မိန်းကလေးက ပရာဘူရဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းကောင်မလေးတစ်ယောက် ဖြစ်နေပါတယ်။ခင်မင်စ ရှိတဲ့အတွက် ပရာဘူနဲ့ အဲဒီသူငယ်ချင်းမလေး ရင်းနှီးစပြုနေတုန်းမှာပဲ ပရာဘူရဲ့ ရည်းစားဟောင်း အချစ်ဦးဆီကနေ မမျှော်လင့်ထားတဲ့ ပါဆယ်တစ်ခု ရောက်လာပါတယ်။ပရာဘူတစ်ယောက် သူငယ်ချင်းမလေး အဆင်ပြေသွားမှာလား၊ ရည်းစားဟောင်း ပို့လိုက်တဲ့ပစ္စည်းက ဘာလဲ၊ဘယ်လိုအကြောင်းတွေအကြောင့် ပရာဘူ ရှေ့မဆက်နိုင်ဖြစ်နေရလဲဆိုတာတွေကို မင်းသားကြီး ဒနွတ်ရှ်ရဲ့လက်ရာ ဒီရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ ...
movie

Nilavuku En Mel Ennadi Kobam (2025)

Saripodhaa Sanivaaram (2024) 7.6
Saripodhaa Sanivaaram (2024) Saripodhaa Sanivaaram (2024) "စနေကောင်"IMDB 7.6 တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ "ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.04 GB / 1.55 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Saripodhaa Sanivaaram (2024)

Captain Miller (2024) 7.2
Captain Miller (2024) Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie

Captain Miller (2024)

2024
4K HEVC
Don (2022) 7.6
Don (2022) Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးက‌တော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie

Don (2022)

2022
Etharkkum Thunindhavan (2022) 8.2
Etharkkum Thunindhavan (2022) Etharkum Thuninthavan 2022ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်‌ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ...တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)  File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni
movie

Etharkkum Thunindhavan (2022)

2022
Doctor(2021) 8.5
Doctor(2021) တကယ်လည်း ကြမ်း၊ သည်းထိပ်ရင်ဖိုစရာလည်း ​ကောင်း၊ရုံတင်တုန်းကလဲ အတော်လေးရေပန်းစား ပေါက်ခဲ့ပြီးရုံတင်ရက်၂၅ရက်အကြာမှာ အိန္ဒိယရူပီ ၁၀၀Crsထိရထားတဲ့ နာနီရဲ့ ဒီရုပ်ရှင်ကားကတော့ရုပ်တည်ကြီးနဲ့ တကယ်ခွီရတဲ့ ​Tamil Action - Comedyကားသစ်တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်MDb rating 8.5ရ​တာနဲ့တန်​အောင် တကယ်ကြည့်​ပျော်ပြီးဇာတ်အစအဆုံး အချိန်၂နာရီခွဲကုန်မှန်းမသိ ကုန်​စေမယ့်ကားလို့ညွှန်းဆိုပါ​ရ​စေ အညွှန်း********စစ်တပ်ဆရာဝန်တစ်​ဦးဖြစ်တဲ့ ဗာရွန်ဟာ ဘုကလန့်လည်းကျ၊စကားကို တည့်တိုးပဲ​ပြောတတ်ပြီး စိတ်ပိုင်းဆိုင်ရာထက်လက်​တွေ့ပိုင်းကို ပိုဦးစား​ပေးလို့ Emotional Dead manရယ်လို့အမည်​​ပေးခံရသူရယ်ပါဒီလူဂွစာကြီးဟာ လူတကာကိုဘု​တော​ပေမဲ့ ဇနီး​လောင်းကို​တော့သည်းသည်းလှုပ် ချစ်ရှာပါတယ်၊ သူချစ်ရတာနဲ့ တန်​အောင်ကိုသူ့ရဲ့ဇတ်ဇတ်ကြဲဇနီး​လောင်း​လေး ပတ်မီနီကလည်း တင်​တောင်းတဲ့​​နေ့မှာတင် ငြင်းလွှတ်လိုက်ပါတယ်ဗာရွန်ခမျာ ရည်းစားငြင်းခံရလို့မှ မပြီး​သေးခင် ခယ်မလောင်းလျာပြန်​ပေးဆွဲခံရတဲ့ကိစ္စကြောင့် မ​တော်လိုက်ရတဲ့ ဇနီးသည်မိသားစုနဲ့အတူ ပြန်​ပေးဆွဲသူ​တွေကို လိုက်လံရှာ​ဖွေရင်း လူကုန်ကူးနဲ့ကိုယ်အင်္ဂါရောင်းဝယ်​ရေး ကွန်ယက်ကြီးထဲ ပတ်သတ်မိသွားတဲ့အခါဘုကလန့်ဗာရွန်နဲ့ ဇတ်ဇတ်ကြဲ ပတ်မီနီတို့နှစ်​ယောက် ဘယ်လိုအလွဲ​တွေဖြစ်ကြမလဲ၊ ညီမဖြစ်သူကို​ရော ပြန်ရှာ​တွေ့ပါမလား၊သူတို့ရင်ဆိုင်​နေရတဲ့ ဂိုဏ်း​တွေက ဘယ်​လောက်​တောင်များလဲဆိုတာကို အတည်​ပေါက်နဲ့ ရယ်လည်းရယ်ရ၊ စိတ်လှုပ်ရှားဖို့လည်းကောင်း​အောင် ရိုက်ကူးတင်ဆက်​ပေးထားတဲ့Tamilကား​ကောင်း တစ်ကားပဲဖြစ်ပါတယ်File size…1.34GB ...
movie

Doctor(2021)

2021
HEVC 1080p 5.1