Channel Myanmar

Priya Sreejith

Narayaneente Moonnaanmakkal (2025) 6.0
Narayaneente Moonnaanmakkal (2025) Narayaneente Moonnanmakkal (2025)"လွမ်းငွေ့" =======================================ဘဝဆိုတာ တသမတ်တည်းမရှိသလို ကြိုတင်ခန့်မှန်းလို့လည်းမရပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်တန်ရင်ခွဲခွာကြရမှာ ဓမ္မတာပါ။ဘဝရဲ့ ပုံမှန်လည်ပတ်နေတဲ့ ပုံသေနည်းတွေအရ မွေးကတည်းက အတူရှိလာတဲ့ မွေးချင်းတွေ၊ မိဘတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိခွင့်ရတဲ့သူတွေဆိုတာလည်း အင်မတန်ရှားပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း ငယ်ငယ်ကတည်းက အတူရှိခဲ့ကြတဲ့ ညီအစ်ကိုသုံးယောက်၊ အရွယ်ရောက်လာတဲ့အခါ တစ်ယောက်တစ်နေရာစီ လွင့်သွားကြတယ်။ကိုယ့်အသိုက်ကိုယ်ဆောက်ကြတယ်။ အဲဒီလိုနဲ့ နှစ်တွေအကြာကြီးကြာတဲ့အချိန်မှာ သူတို့ရဲ့မွေးသမိခင်ကြီးရဲ့ နောက်ဆုံးအချိန်ရောက်လာလို့ ညီအစ်ကိုသုံးယောက်လုံး မိသားစုကိုယ်စီနဲ့ မွေးရပ်မြို့လေးကိုပြန်လာကြတယ်။စကားတွေပြောကြတယ်။ အရက်အတူတူသောက်ကြတယ်။ သူတို့ရဲ့ သားသမီးတွေ အချင်းချင်း မိတ်ဖွဲ့ကြတယ်။အဲဒီလိုနဲ့ ကြည့်ရှုခံစားသူတွေက ညီအစ်ကိုသုံးယောက်ရဲ့ဘဝတွေကို တတိယလူရှုထောင့်ကနေ တဖြည်းဖြည်း မြင်လာရတယ်။ ဒီရုပ်ရှင်လေးဟာ ဇာတ်လမ်းဇာတ်အိမ် ရိုးရှင်းတယ်လို့ထင်ရပေမဲ့ အကွေ့အဝိုက်လေးတွေလည်းပါပြီး ပရိသတ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်နိုင်စွမ်းရှိပါတယ်။ရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ရိုက်ထားတဲ့ဒါရိုက်တာကတော့ အင်ဒီးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေမကြာခဏရတတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကို တင်ဆက်သွားပုံတွေ၊ရုပ်ရှင်ဓာတ်ပုံတွေတော်တော်လှတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပြီး အချိန်ပေးရကြိုးနပ်စေမယ့် ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်လို့ မာဆလာရုပ်ရှင်ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်...။ File size…1.3 GB / 700 ...
movie

Narayaneente Moonnaanmakkal (2025)

Vaazha: Biopic of a Billion Boys (2024) 7.4
Vaazha: Biopic of a Billion Boys (2024) Vaazha - Biopic of a Billion Boys(2024) "အပယ်ခံသူငယ်ချင်းများ"IMDb 7.4ပရိသတ်တို့အတွက် မလေယာလမ် coming-of-age ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်လိုက်ပါတယ်လူတိုင်းခံစားနားလည်နိုင်မယ့် ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁၀ ဆ ပြန်ရထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ပတ်ဝန်းကျင်က ဖယ်ကျဥ်ထားတဲ့ သူငယ်ချင်းငါးယောက် ကျောင်းသားလူငယ်ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ...ကျောင်းစာလည်းမတော်သလို ကျောင်းအုပ်ရုံးခန်းကို အိမ်ဦးကြမ်းပြင်လို ထပ်ချည်တလဲ သွားနေရတဲ့ သူတို့ဘော်ဒါတွေ အချစ်ကို စတင်ထိတွေ့တာစလို့ ကျောင်းရန်ပွဲတွေအလယ်နဲ့ ...ငယ်ရွယ်စဥ်ကလေးဘဝမှသည် ကြီးကောင်ဝင်တဲ့ လူပျိုအရွယ်၊ ဒီမှတစ်ဆင့် လူလတ်ပိုင်းအထိ ပြောင်းလဲရင့်ကျက်လာပုံ၊ အချစ်၊ အလွမ်းအလီလီတို့အဆုံး တွေ့မြင်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 2.6 GB/ 1.13 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vaazha: Biopic of a Billion Boys (2024)

Golam (2024) 7.7
Golam (2024) Golam ( ဂိုလမ် ) 7.7/10 · IMDbအလုပ်ရှင်သူဌေးကို လုပ်ကြံကြမယ့် ဝန်ထမ်းတွေအကြောင်းဇာတ်ကားဖြစ်ပြီးသည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း- ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာ အလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့် အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်..ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ... Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင် လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့် လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိ ဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ) File size… 1.7GB / 715MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Golam (2024)

2024