Channel Myanmar

Premji Amaran

Vallamai (2025) 5.3
Vallamai (2025) Vallamai (2025)"ရတက်" ====================အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မှုခင်းဒရာမာရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာ ဒီနေ့ရဲ့ ခေတ်စနစ်တွေကို မီးမောင်းထိုးပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းကတော့.. ဆာရာဗာနန်ဆိုတဲ့ လူတစ်ယောက်၊ ဇနီးသည်ဆုံးသွားပြီးတဲ့နောက်မှာ သမီးလေးကိုခေါ်ပြီး မြို့ကိုတက်လာခဲ့တယ်။သမီးလေးအတွက် ပိုကောင်းတဲ့ဘဝရချင်တာရော၊ ရွာကလူတွေသနားတာကို မခံချင်တာရောကြောင့်ပေါ့။ အဲဒီလိုနဲ့ ချန်နိုင်းမြို့ကြီးကိုရောက်လာတယ်။သုံးဘီးဆရာတစ်ယောက်ကျေးဇူးနဲ့ အိမ်ခန်းသေးသေးလေးရော၊ အလုပ်လေးတစ်ခုရော ရှာလို့ရသွားတယ်။အဲဒီလိုနဲ့ မျှော်လင့်ချက်တွေနဲ့ ရောက်လာတဲ့ ဆာရာဗာနန်တစ်ယောက် မြို့ပြရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတုန်းမှာ သူတို့သားအဖရဲ့ ဘဝကို ကပြောင်းကပြန်ဖြစ်စေမယ့် ကိစ္စတစ်ခုနဲ့ကြုံရပြီး အရူးမီးဝိုင်းဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vallamai (2025)

Dinasari (2025) 5.7
Dinasari (2025) Dinasari (2025)"နေ့တိုင်း" =====================တမီလ်မင်းသား ဆရီကန့်ရဲ့ အသစ်ထွက်ရှိထားတဲ့တမီလ်စကားပြော အချစ်ဟာသ ဒရာမာ ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရှက်သီဟာ အင်မတန်မှ ဇီဇာကြောင်ပြီး လောဘကြီး ကပ်စေးနည်းတဲ့ လူပျိုကြီးပါ။သူယူတဲ့မိန်းမက သူ့ထက် လစာကောင်းရမယ်ဆိုပြီး တလွဲစံကြီးထားထားတဲ့အတွက် အိမ်ထောင်ဖက်ရှစ်ယောက်တွေ့တာတောင် ရှစ်ယောက်လုံးကို ငြင်းထားတဲ့ အကြောတင်းလူပျိုကြီးပေါ့။အဲဒီလိုနဲ့ သူ့ကို လေးလအတွင်း မိန်းမ မရရင် နောက် ၇ နှစ်ထိ မိန်းမရကိန်းမရှိတော့ဘူးလို့ ဗေဒင်ဆရာက ဟောလိုက်တဲ့အတွက် သူ့ရဲ့မိသားစုကသူ့ကို မိန်းမအတင်းပေးစားဖို့ကြံနေတုန်းမှာပဲ ရုပ်ချော၊ဘော်ဒီမိုက်၊ လစာကောင်းတဲ့ အမေရိကပြန် မိန်းကလေးတစ်ယောက် ရှက်သီ့ဘဝထဲကို ဝင်လာတဲ့အခါမှာတော့.. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Dinasari (2025)

The Greatest of All Time (2024) 6.7
The Greatest of All Time (2024) The Greatest of All Time (2024) [ထင်ပေါ်ကျော်ကြား ပြိုင်စံရှား]TRUE WEB DL Quality UpdateGenre – Action, Thriller, Sci-fi IMDB – 6.7/10မင်းသားကြီး ဗီဂျေးရဲ့ ၂၀၂၄ ခုနှစ် ရုံတင်ကား အသစ်စက်စက်ကြီးကို ကြည့်လို့ရတဲ့ ကွာလတီကောင်းကောင်းနဲ့ ထွက်ရှိလာတဲ့အတွက် အားလပ်ရက်လေးမှာ အပန်းဖြေရအောင် CM ကနေ အမြန်ဆုံး ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်၊ဇာတ်လမ်းအကျဉ်းလေးကတော့ ဂန်ဒီဆိုတာက တစ်ဖက်မှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ငဖိုက်၊ တစ်ဖက်မှာကျ ကိုယ်ဝန်သည်ဇနီးနဲ့ သားလေးနဲ့ အိန္ဒိယခရီးသွားလာရေး ကုမ္ပဏီက ဟန်ဆောင်ပန်ဆောင်ဝန်ထမ်းလေးဆိုပြီး မိန်းမ မသိအောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူပေါ့။မိသားစုသိရင် အန္တရာယ်များမှာဆိုလို့ ဖုံးကွယ်ထားရတော့ မိန်းမဖြစ်သူနဲ့ တကျက်ကျက်ပေါ့လေ။ ဒီလိုနဲ့ နောက်ထပ် စစ်ဆင်ရေးတစ်ခုက ထိုင်းနိုင်ငံမှာ ထမ်းဆောင်ရမှာကို မိသားစုကိုပါ အလည်အပတ်ခေါ်ပြီး သွားလိုက်တဲ့ဂန်ဒီတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ အဲဒါကြောင့် အရာအားလုံးကနေ အနားယူပြီး အေးချမ်းစွာ ...
movie

The Greatest of All Time (2024)

Sathiya Sothanai (2023) 7.6
Sathiya Sothanai (2023) Sathiya Sothanai (2023) "အမှန်တရားရဲ့တိုက်ပွဲ" IMDb 8.6/10၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ "A Jackfruit Mystery" ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ... ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ ...
movie

Sathiya Sothanai (2023)

2023
Custody (2023) 8.1
Custody (2023) Custody(2023) IMDb 8.1/10 Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာ လေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်း လူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီး လူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက် အချစ်ရေးနဲ့ အမှန်တရားကြားမှာ ဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင် ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ် ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင် ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်း သရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်) File size…10.5GB / 3.45GB / 1.4GB Quality…4k HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~chiclon3~Thaik San~Bpl~ Yunni~ Zwe ...
movie

Custody (2023)

2023
4K HEVC
Prince(2022) 4.6
Prince(2022) Prince (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hero (2019), Doctor (2021) ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ မင်းသား ရှီဗားကာသီကေယန်းရဲ့ အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားမှာ မင်းသားက ကျောင်းဆရာ.. ကျောင်းဆရာဆိုလို့ မြတ်ဆရာတော့ မထင်လိုက်နဲ့နော် အတန်းချိန်မှာ စာမသင်ဘဲ အတန်းလစ်ပြီး ရုပ်ရှင်သွားသွားကြည့်တတ်တဲ့ကျောင်းဆရာ...ကျောင်းသားတွေကို စာမေးပွဲမှာ စာခိုးချခွင့်ပြုတဲ့ ကျောင်းဆရာ...။ပေါ့တီးပေါ့ဆနိုင်လွန်းတဲ့ ဆရာပေါ့ဗျာ...။အဲ...သူ စာသင်တဲ့ကျောင်းကို အင်္ဂလိပ်စာသင်ဖို့ဆိုပြီး ကျောင်းဆရာမလေး တစ်ယောက်ရောက်လာတယ်... သူကတော့ ဗြိတိသျှသူလေး ဂျက်ဆီကာပေါ့နော်...။ဘာမှသေချာအောင်မလုပ်နိုင်တဲ့ ဒီကျောင်းဆရာလေးဟာ အခုသူ့အချစ်ကို ရေရာသေချာစေဖို့ ဆရာမကိုပဲ အသည်းစွဲအောင်ချစ်မိပြီ ဆိုပါပြီခင်ဗျာ...။ဆရာမလေးကလည်း မောင်နဲ့သာဆိုရင် ဆိုပြီးစိတ်ယိုင်စပြုလာနေပါပြီ...။အဲ့မှာပဲ ဒါရိုက်တာက ရက်စက်ပါပြီ..ဘယ်လိုရက်စက်တယ်လို့ထင်လဲမင်းသားအဖေက ဗြိတိသျှကို မုန်းတယ် မင်းသမီးအဖေက အိန္ဒိယသားတွေကို မုန်းတယ် ဆိုတော့ သူတို့နှစ်ဦးကို နှစ်ဖက်မိဘတွေက သဘောမတူကြဘူး...။ကဲ..အချစ်အတွက်ဆို ဓါးတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကိုဖြတ်ရဖြတ်ရဆိုတဲ့သူများ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားသောတပန်ဆင်လို့ရပါပြီနော်.. File size…2.5GB /1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM ~ Sora ~ Taylor ...
movie

Prince(2022)

2022
Massu Engira Maasilamani (2015) 5.9
Massu Engira Maasilamani (2015) Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB  / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Massu Engira Maasilamani (2015)

2015
Manmatha Leelai (2022) 6.0
Manmatha Leelai (2022) Manmatha Leela (2022)IMDb 6/10 ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်ပြီး Romance/Comedy/ Thriller အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းက ဖြစ်ရပ်နှစ်ခုကိုယှဉ်ပြီးရိုက်ပြထားတာပါ ရာနဲ့ ဆာသရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ တစ်ချိန်တည်းမှာပဲလုပ်မိကြတဲ့အမှားတွေကိုယှဉ်ပြထားပါတယ် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဆာသရာက ဒိတ်ဒိတ်ကြဲနာမည်ကြီးသူတစ်ယောက်ပါရာကတော့သာမန်လူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ မိန်းကလေးနှစ်ယောက်နဲ့ပတ်သက်မိသွားပါတယ် ရာတို့အတွဲကလိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာသွားတွေ့တဲ့အချိန်မှာ မထင်မှတ်တာတွေဖြစ်ပေါ်လာပါတော့တယ် အချဉ်ဖမ်းမယ်လို့ရည်ရွယ်ပြီး ဘယ်သူမှမရှိချိန်ကောင်မလေးအိမ်ကိုလိုက်သွားခဲ့တဲ့ ရာတစ်ယောက် ဘယ်လိုတွေကြုံတွေ့ရမလဲ တစ်ချိန်တည်းမှာပဲ ဆာသရာ့ဆီ ညဘက်မိုးရွာနေချိန်အိမ်လိပ်စာမှားပြီး အလန်းစား ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက် သူရောဘာတွေဆက်ဖြစ်သွားမလဲ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့အခါ သူတို့တွေဘယ်လိုကြံကြံခံသွားမလဲ ဟာသခန်းတွေကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပိုင်းတွေပါဝင်တာကြောင့် စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်   File size…1.96GB / 950MB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey & Yunni & GuuGuu
movie

Manmatha Leelai (2022)