Channel Myanmar

Preity Zinta

Kal Ho Naa Ho (2003) 8.0
Kal Ho Naa Ho (2003) Kal Ho Naa Ho (2003) "ကယ်တင်ရှင်"ရှာရွတ်ခမ်း၊ ဆေ့ဖ်အလီခန်းနဲ့ မင်းသမီး Preity Zinta တို့ပါဝင်ထားတဲ့ နာမည်ကြီး အချစ်ရုပ်ရှင်ကားလေးကို ကွာလတီအသစ်နဲ့ တဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ဟာ အိန္ဒိယနိုင်ငံမှာ မသိသူမရှိလောက်အောင် ဝင်ငွေအကောင်းဆုံး ဟင်ဒီရုပ်ရှင်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပြီး မင်းသား ရှာရွတ်ခမ်းကို ကျော်ကြားလာစေခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူးခေတ်ဟောင်း အမေရိကန်သီချင်း Pretty Woman ကို ဟင်ဒီလို စတိုင်လ်ပြောင်းသီဆိုထားတဲ့ သီချင်းနဲ့ အကခန်းဟာလည်း နာမည်ကြီးပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်မှာနေတဲ့ မျက်မှန်လေးနဲ့ ဖတဆိုးလေး နိုင်နာရဲ့ မိသားစုလေးဟာ စီးပွားရေးမကောင်းသလို အိမ်တွင်းရေးကလည်း အဆင်မပြေလှပါဘူးမနက်ခင်းတိုင်း ရန်ဖြစ်သံတွေနဲ့ ဖြတ်သန်းရတဲ့ဘဝမှာ နိုင်နာရဲ့ ယောကျ်ားလေးသူငယ်ချင်းဖြစ်သူ ရိုဟစ်ကြောင့်ပဲ ပူပန်မှုတွေ ခဏတာမေ့ပျောက်ရတယ်တစ်ရက်မှာတော့ သူတို့အိမ်နားကို အာမန်ဆိုတဲ့ တက်တက်ကြွကြွကောင်လေးတစ်ယောက် ပြောင်းလာချိန်မှာ ရိုဟစ်၊ အာမန်၊ နိုင်နာဆိုတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမှာလဲသိပြီးသားဆိုရင်လည်း နောက်တစ်ခေါက်ပြန်လည်ကြည့်ရှုခံစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ...
movie

Kal Ho Naa Ho (2003)

2003
Chori Chori Chupke Chupke (2001) 5.5
Chori Chori Chupke Chupke (2001) Chori Chori Chupke Chupke 2001 (ချစ်ခြင်းလှည့်ကွက်)CMကနေပြီးတော့ Bollywood ပရိသတ်ကြီးအတွက် အဟောင်းထဲကနေ ကောင်းနေဆဲဖြစ်တဲ့ ဆာလ်မန်ခန် နဲ့ ရာနီမူကာဂျီတို့ရဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရာ့ဂျ်နဲ့ ပရီယာတို့ဟာ လက်ထပ်ထားခါစ ဇနီးမောင်နှံအသစ်စက်စက်လေးပေါ့။အိမ်ထောင်ရေးအဆင်ပြေခဲ့ပြီး ပရီယာတစ်ယောက် ကိုယ်ဝန်ရခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကလေးဟာ ပျက်ကျခဲ့ပြီး ပရီယာတစ်ယောက် ထပ်မံ ကိုယ်ဝန်ဆောင်ဖို့အတွက် မဖြစ်နိုင်တော့ဘူးဖြစ်သွားခဲ့ရပါတယ်။ဒီလိုနဲ့ မျိုးဆက်လိုချင်တဲ့ ရာ့ဂျ်တို့ဟာ ကလေးလိုချင်လွန်းလှတဲ့အတွက် အငှားကိုယ်ဝန်ဆောင်နဲ့မွေးဖို့အတွက် လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ပြည့်တန်ဆာတစ်ယောက်ဖြစ်တဲ့ မာဒူဘာလာနဲ့ ချိတ်ဆက်မိရင်း ရာ့ဂျ်နဲ့ ပရီယာတို့ရဲ့ ရင်သွေးလေးကို မာဒူဘာလာတစ်ယောက် မွေးဖွားပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနေလာရင်း တဖြည်းဖြည်းနဲ့ ရာ့ဂျ်တစ်ယောက် မာဒူဘာလာ့အပေါ်မှာ သံယောဇဉ်ဖြစ်မိရင်း ချစ်မိသွားရာကနေ ရာ့ဂျ်၊ ပရီယာနဲ့ မာဒူဘာလာ တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်း ပေါ်ပေါက်လာပါတော့တယ်။ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ဘယ်လိုများ အဆုံးသတ်သွားမလဲ ....... ရာ့ဂျ်တစ်ယောက် မိန်းမဖြစ်သူနဲ့ သူ့ရင်သွေးကို လွယ်ပေးထားရတဲ့ ချစ်ရသူ ဘယ်သူ့ကိုရွေးချယ်သွားမလဲ ...... ဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး။ ဇာတ်လမ်းလေးဟာ အချစ်ဒရာမာဟာသ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြည်နူးတာလေးတွေကြည့်ရင်း ဟာသလေးတွေနှောရင်း စိတ်အမောပြေစေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ...
movie

Chori Chori Chupke Chupke (2001)

Heroes (2008) 5.7
Heroes (2008) Heroes (2008) သူရဲကောင်းများဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားကြီးဆယ်လ်မန်ခန်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရောမင်းသားအနေနဲ့ပါ ရိုက်ကူးသရုပ်ဆောင်ထားတဲ့ heroes ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျ..နိုင်ငံသားတွေဆီက အမြင်ကောင်းတွေရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလို ဒီဇာတ်ကားနဲ့ပဲ ဇာတ်ညွှန်းဆရာ Aseen Arora က Flimfare Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်လမ်းဆုအတွက် ၊ အယ်လီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vastal Sheth က Stardust Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် လျာထားစရာရင်းဝင်ခဲ့ပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ရုပ်ရှင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ အယ်လီနဲ့ဆမ်မီတို့ဟာ ပေါက်ကရတလွဲတွေလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဒီလိုနဲ့ သူတို့တွေဘွဲ့ယူဖို့အတွက် ရုပ်ရှင်တစ်ကားကိုရိုက်ကူးဖို့လိုအပ်လာကြတဲ့အခါမှာတော့ "အိန္ဒိယတပ်မတော်သို့ မဝင်သင့်တဲ့အကြောင်းအရင်းများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary တစ်ခုရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။အဲဒီနောက်မှာတော့ သူတို့ဟာ သတင်းအချက်အလက်တွေစုဆောင်းဖို့အတွက် စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်မိသားစုတွေကို စာပို့ရမယ့်တာဝန်ကိုယူပြီး ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့ကြပါတယ်။ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ အိမ်မှာနေ အမေဆဲမယ့် အယ်လီနဲ့ဆမ်မီတို့ ဒီခရီးတလျှောက် ဘာတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ခဲ့မလဲ?အိန္ဒိယတပ်မတော်ကိုမဝင်ရမယ့်အကြောင်းပြချက်တွေရော ဒီခရီးစဉ်အပြီးမှာ ပိုမိုခိုင်လုံလာနိုင်မလား? စစ်ပွဲအတွင်း ကျဆုံးစစ်သည်တို့ရဲ့မိသားစုတွေဘက်ကရော ဘာတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ကြည့်ရှုခံစားပေးကြပါဦးဗျ။(ဇာတ်ကားနဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားတာဖြစ်ပါတယ်) File size…2.89 GB / 1.45 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 19min Subtitle….Myanmar ...
movie

Heroes (2008)

Yeh Raaste Hain Pyaar Ke(2001) 4.0
Yeh Raaste Hain Pyaar Ke(2001) Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Yeh Raaste Hain Pyaar Ke(2001)

2001
Lakshya (2004) 7.9
Lakshya (2004) Lakshya (2004)===================================မြန်မာစာတန်းထိုးမြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။ ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို "ရည်ရွယ်ချက် ၊ ရည်မှန်းချက်"လို့ အဓိပ္ပာယ်ရပြီး တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။ မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ...
movie

Lakshya (2004)

2004
Veer-Zaara (2004) 7.9
Veer-Zaara (2004)   IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
movie

Veer-Zaara (2004)

2004
HEVC 1080p 5.1
Kabhi Alvida Naa Kehna (2006) 6.1
Kabhi Alvida Naa Kehna (2006)  ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော""ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ"အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
movie


2006
Kya Kehna (2000) 5.9
Kya Kehna (2000) မင်းသမီးချော Preity Zinta ပါဝင်တဲ့ ဒရာမာ ရိုမန့် အမျိုးအစား မိသားစု ပညာပေး ရုပ်ရှင်ကားလေးဖြစ်ပါတယ်.. ဇတ်လမ်း ပုံစံကတော့ ပရီယာ ဆိုတဲ့ ကျောင်းသူလေး ဟာ အိမ်ရဲ့ အချစ်တော်လေး ဖြစ်ပြီး အကို ၃ ယောက် နှင့် အဖေ အမေ နှင့် အတူ နွေးထွေး လှသော မိသားစုလေးမှာ နေထိုင်နေသူဖြစ်ပါတယ်.. ပရီယာ ကို တစ်ဖက်သက် ချစ်နေတဲ့ ငယ်ပေါင်းသူငယ်ချင်း အာဂျေး ဆိုတဲ့ သူငယ်ချင်းလေးလဲ ရှိနေပြန်ပါတယ်.. တစ်ရက်မှာတော့ ပရီယာ ဟာ အထက်တန်း အောင်မြင်ပြီးစီးလို့ သက္ကသိုလ် တက်ရမယ့် အချိန်မှာ ကျောင်း ရဲ့ လူချောလေး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တဲ့ ရာဟူးလ် နဲ့ ချစ်ကြိုက်ခဲ့ပါတယ်... ရာဟူးလ် ဟာ ရှုပ်ပွေတက်သူ ပီပီ မိန်းကလေးတိုင်းကို အပျော်ကြံရုံသက်သက်ပဲ ချစ်တက်သူပါ အဲ့ဒီလို လူကိုမှ ပရီယာ ...
movie

Kya Kehna (2000)

2000