Channel Myanmar

Prasad Oak

Phullwanti (2024) 7.8
Phullwanti (2024) Phullwanti 2024 ကချေသည်မလေးဖူလ်ဝမ်တီIMdb - 7.8/10၁၈ ရာစု အနုပညာထွန်းကားမှု အထွတ်ထိပ်ကိုရောက်နေတဲ့ခေတ်မှာ အင်ဒိုစတန်တစ်ခွင်မှာ ဒိတ်ဒိတ်ကြဲကျော်ကြားတဲ့ ကချေသည်တစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့နာမည်ကတော့ ဖူလ်ဝမ်တီပါ။ဖူလ်ဝမ်တီကို လက်တွေ့မြင်ဖူးတဲ့သူမရှိပေမဲ့ သူ့ရဲ့ဟိုးလေးတကျော် ဂုဏ်သတင်းတွေနဲ့အတူ အနုပညာကို ကိုးကွယ်ပြီး တော်ရုံဖျော်ဖြေဖို့ ခေါ်လို့မရတာကလည်း ဖူလ်ဝမ်တီကို လူတွေအကြားမှာ ပိုပြီးတော့ ရေပန်းစားစေတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မရနိုင်တဲ့မနွမ်းပန်းကိုမှ လှမ်းဆွတ်ချင်ကြတာ သဘာဝဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။ဒါပေမဲ့ ဖူလ်ဝမ်တီကလည်း ခေသူတော့မဟုတ် ၊ ဒေလီဧကရာဇ်မင်းရဲ့ ချီးမြှောက်မှုကိုတောင်မှ ငြင်းဆန်ဝံ့တဲ့သူမျိုး အနုပညာရဲ့တန်ဖိုးကို ထိပါးတယ်ထင်ရင် ရှင်ဘုရင်ကိုတောင် ချွင်းချက်ထားမယ့်သူမျိုးမဟုတ်ပါဘူး။ဒီလိုနဲ့ ဖူလ်ဝမ်တီတစ်ယောက် ပက်ရှ်ဝါတိုင်း ပူနဲကိုလာပြီးတော့ ဖျော်ဖြေဖို့ လာရောက်ဖိတ်ခေါ်မှုနဲ့အတူ ပူနဲကို ရောက်လာချိန်မှာတော့ နေရာတိုင်းက ပုရိသတို့ရဲ့ ပါးစပ်ဖျားမှာ ဖူလ်ဝမ်တီဆိုတဲ့နာမည်က ပျံ့လွင့်နေတာပေါ့။ဒါပေမဲ့ ရုတ်တရက် ရှာစထရီဆိုတဲ့သူ ရောက်လာချိန်မှာ ပြည်သူတွေရဲ့အာရုံက ဖူလ်ဝမ်တီဆီကနေ ရှာစထရီဆိုသူဆီ ရုတ်တရက်ပြောင်းလဲသွားခြင်းနဲ့အတူ ဒီရှာစထရီအပေါ် သူ့ရဲ့စိတ်ဝင်စားမှုတွေ တိုးလာချိန်မှာတော့...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်) File size…2.1 GB / 0.98 GB Quality…WEB DL ...
movie

Phullwanti (2024)

Dharmaveer 2 (2024) 7.1
Dharmaveer 2 (2024) Dharmaveer 2: Mukkam Post Thane (2024)"စံပြ ၂" ========================================အိန္ဒိယနိုင်ငံရေးမှာ လွှမ်းမိုးမှုကြီးခဲ့တဲ့ နိုင်ငံရေးသမားကြီး အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်း အပိုင်းနှစ်ကို စီအမ်ကနေ ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ဓမ္မဝီရလို့ နာမည်ရခဲ့တဲ့ အာနန်ဒီဂေဟာ အိန္ဒိယနိုင်ငံရေးလောကမှာ အင်မတန်လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အိန္ဒိယရဲ့ လက်ရှိ မျက်မှောက်ခေတ်ရွေးကောက်ပွဲတွေအထိ သူ့ရဲ့ လွှမ်းမိုးမှုတွေ ကျန်ရှိနေဆဲပါပဲ။ဒီ ဓမ္မဝီရ အပိုင်းနှစ်မှာလည်း ပထမပိုင်းတုန်းကလိုပဲ အာနန်ဒီဂေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေ၊ လွှမ်းမိုးမှုကြီးပုံတွေကို ထပ်မြင်ရမှာဖြစ်ပြီး ရုပ်ရှင်တစ်ခုတည်းနဲ့ အလုံးစုံအောင်မပြနိုင်ခဲ့တဲ့ ဓမ္မဝီရခေါ် အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni ~ KKKZ တို့ပဲဖြစ်ပါတယ်။) File size… 2.2 GB  / 1.06 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe ...
movie

Dharmaveer 2 (2024)

Dharmaveer (2022) 7.9
Dharmaveer (2022) Dharmaveer Mukkam Post Thane (2022) "စံပြ"IMDb 7.9မာရသီစကားပြော ကိုယ်​ရေးအတ္ထုပတ္တိရုပ်ရှင်တစ်ပုဒ်ကို ရှုစားရမှာပါသတင်းထောက်မလေးက 'အာနန်ဒီဂေ' ဆိုသူ နိုင်ငံရေးသမားတစ်ယောက် ကွယ်လွန်ခြင်းနှစ် ၂၀ ပြည့် အောက်မေ့သတိရအခမ်းအနားအတွက် သတင်းတင်ဆက်ပေးရဖို့ ဖြစ်လာတယ်ဒီသတင်းအတွက် ဘောလိဝုဒ်ပါတီတစ်ခုကို သွားရမယ့်အရေးကို ဆုံးရှုံးလိုက်ရတာကြောင့် ဘာမှန်းမသိတဲ့ ဒီလူ့ကို နေရင်းထိုင်ရင်းတင်းနေပါလေရောအဲဒီမကျေနပ်ချက်တွေကို သုံးဘီးသမားက ကြားတဲ့အခါ ကိုယ်မသိတဲ့လူကို သိအောင်လုပ်ဖို့ ဂူးဂဲလ်ကအချက်အလက်တွေနဲ့ မပြည့်စုံနိုင်ကြောင်း၊ သူတို့အရပ်ကပြည်သူတွေရဲ့နှလုံးသားထဲမှာ အာနန်ဒီဂေဟာ အမြဲရှိနေတဲ့အကြောင်း၊ သိချင်ရင် သူတို့လူတွေကို မေးမြန်းသင့်ကြောင်း ပြောလာပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဆုံးပါးသွားတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝဇာတ်လမ်း၊ ပြည်သူတွေက သူကိုဘာလို့ဒီလောက်တန်ဖိုးထားကြလဲဆိုတာကို ဆက်လက်ကြည့်ရှုအားပေးရအောင်ပါအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni မှ ဖြစ်ပါတယ် File size… 2.9 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 56m Subtitle….Myanmar ...
movie

Dharmaveer (2022)

Blackout (2024)
Blackout (2024) Blackout 2024 ကံခေလွန်းတဲ့မီးပြတ်ညဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့ crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက် ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့ သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက် တခြားသူတွေကိုဘယ်လိုပဲ‌ဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။ ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့် စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့ အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.1GB / 867MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Blackout (2024)

2024