Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pragathi Mahavadi
6.9
Nenu..Sailaja (2016)
Nenu Sailaja ( 2016 ) အချစ်ရှာသူဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၆ ခုနှစ်ထွက် IMDb 6.5/10 ရရှိထားတဲ့ အချစ်ဟာသကားလေးပါ..ဇာတ်လမ်းအကျဉ်းကတော့..ဟာရီလို့အမည်ရတဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ DJ တစ်ဦးဖြစ်ပြီး သူဟာ ငယ်စဉ်ကလေးဘဝ ကျောင်းစတက်တဲ့နေ့ကတည်းက တိတ်တခိုးချစ်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ ဖွင့်မပြောလိုက်ရခင်မှာပဲ သူတို့နောက်တစ်နေရာကိုပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ နောက်ထပ်မိန်းကလေးတွေနဲ့ပတ်သက်ပြီး တူညီတဲ့အမှားမလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်ခဲ့ပါတော့တယ်။အဲဒါကြောင့် သူသဘောကျတဲ့မိန်းကလေးကိုတွေ့လိုက်တိုင်း သေချာပေါက်ဖွင့်ပြောတော့တာပဲ။ ကံမကောင်းစွာနဲ့ သူဖွင့်ပြောလိုက်တိုင်း အငြင်းချည်းခံရပါတော့တယ် ဆောရီး ဟာရီ ဆောရီး ဟာရီ ဆောရီး ဟာရီ ဒါဟာ မိန်းကလေးတိုင်းရဲ့သူ့အပေါ်တုံ့ပြန်စကားပါပဲ။ဒါကြောင့် သူ့ဘဝမှာ နောက်ထပ်အချစ်ဆိုတဲ့စကားလုံးမရှိတော့ဘူးလို့ ကြွေးကြော်လိုက်တဲ့အချိန်မှာပဲ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။နာမည်မသိ လိပ်စာမသိတဲ့ကောင်မလေးကို အချစ်မရှိကြွေးကြော်ထားတဲ့ ကိုဟာရီတစ်ယောက်ထပ်ကြွေသွားဦးမလား.. ဘယ်လိုအလွဲတွေထပ်ကြုံရဦးမလဲဆိုတာကို ဟာသဆန်ဆန်ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာဖြစ်လို့ ပျော်ရွှင်စွာကြည့်ရှုခံစားပေးပါဦးခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.2 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nenu..Sailaja (2016)
7.6
Awe! (2018)
Awe! (2018) "ဆန်းဆန်းပြားပြား" IMDb - 7.6/10ထူးခြားတဲ့ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ ထူးခြားတဲ့ဇာတ်ကောင်တွေကို ထူးထူးခြားခြားရိုက်ကူးတင်ဆက်ထားတဲ့ တလေဂူးရုပ်ရှင်။တောင်ပိုင်မင်းသမီးချောတွေဖြစ်တဲ့ ကာဂျယ်လ်အက်ဂ်ဝယ်လ်နဲ့ ရက်ဂျီနာကာဆန်ဒရာတို့ပါဝင်ထားကြပါတယ်။မိဘတွေကိုပြန်တွေ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချိန်ခရီးသွားစက်တီထွင်ဖို့မျှော်လင့်နေတဲ့ ရှီဗာ။ ဘီးတပ်ကုလားထိုင်ခုံနဲ့ အနာဂတ်က သူပါဆိုပြီးရောက်လာတာက ပါဗသီဆိုတဲ့အမျိုးသမီးတစ်ယောက်။ ရွှေငါးတစ်ကောင်နဲ့ ဘွန်ဇိုင်းပင်ဆီက အကြံယူပြီး စားဖိုမှူးလုပ်စားနေတဲ့ နာလာ။ မူးယစ်ဆေးစွဲနေတဲ့ ကော်ဖီဖျော်တဲ့သူ မီရာ။ရှေးရိုးစွဲမိဘတွေကို ဘ၀လက်တွဲဖော်နဲ့မိတ်ဆက်ဖို့ဆိုပြီး မိတ်ဆက်ပေးဖို့လုပ်တဲ့ လိင်တူချစ်သူ ရာဒါ။ စသဖြင့် စရိုက်အသီးအသီး ပုံစံအစုံစုံနဲ့ ဇာတ်ကောင်တွေကို ဇာတ်အိမ်တစ်ခုမှာဖွဲ့စည်းလိုက်တဲ့အခါ။ ထင်မှတ်မထားတဲ့အကြောင်းအရာတွေနဲ့ ကြည့်ပျော်မဲ့ရုပ်ရှင်မို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size… 1.7 GB / 834 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Awe! (2018)
5
Viswam (2024)
Viswam 2024ဒီတစ်ခေါက် 2024 ခုနှစ်ထွက် ဘောလိဝုဒ်ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတဲ့ လူတစ်စုက ကလေးငယ်လေးတစ်ယောက်ကို လိုက်လံရှင်းလင်း သတ်ဖြတ်ကြမယ့်စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းအကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဂျာလာလူဒင်ကာရက်ရှီဆိုတဲ့လူက ဦးဆောင်ပြီး သူတို့လမ်းမှာ အဟန့်အတားဖြစ်လာမယ့် ဝန်ကြီးတစ်ဦးကို အဲဒီဝန်ကြီးရဲ့ညီဖြစ်သူနဲ့ပေါင်းသတ်လိုက်ပါတယ်။သူတို့အဲဒီလို ဒုစရိုက်မှုကျူးလွန်နေတာကို မတော်တဆ ကလေးမလေးတစ်ယောက်ကမြင်သွားခဲ့ပါတယ်။ဂျာလာလူဒင်တို့လည်း ဒီမျက်မြင်သက်သေကလေးမလေးကို သတ်ဖို့လုပ်ကြတော့တာပေါ့။ ထိတ်လန့်နေတဲ့ ဒီကလေးမလေးကို သူ့အဘိုးဖြစ်သူတို့က သက်သာရာသက်သာကြောင်း ဘုရားကျောင်းလိုက်ပို့တဲ့အချိန်မှာ သူ့ကိုသတ်ဖို့လိုက်လာတဲ့ လူမိုက်အုပ်စုနဲ့တွေ့ပါတော့တယ်။ဒီကလေးမလေးနဲ့ သူတို့မိသားစုကို ကယ်တယ်ပေးသွားမယ့် ကယ်တင်ရှင်က ဘယ်သူဖြစ်ပြီး ဘယ်လိုအကြောင်းအရာများနဲ့ပေါ်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 3.5 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Viswam (2024)
6.9
Tiragabadara Saami (2024)
Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း”Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြော အိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလို ပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီ ပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှ လွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့ ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File ...
movie
Tiragabadara Saami (2024)
Double iSmart (2024)
Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie
Double iSmart (2024)
Bhola Shankar (2023)
Bhola shankar (2023) ===================ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ မိန်းကလေးတွေ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ ...ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး...။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ ) File size…4.4GB / 2.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar ...
movie
Bhola Shankar (2023)
2023
8.4
Hello.. Meera..!(2023)
Hello Meera (2023) IMDb 8.4/10Survival Movie ကြိုက်သူတွေ သဘောကျကြမှာပါ။ Survival Movie တွေထဲမှာ ကျွန်တော် သဘောကျမိတာ မနှစ်ကမှ ထွက်တဲ့ Fall(2022)မှာ မိန်းကလေးနှစ်ယောက် တာဝါပေါ်မှာ ဒုက္ခတွေရောက်ကြတာလေ။ နောက်ပြီး The Swallows(2016) ပင်လယ်ထဲမှာ ငါးမန်းတကောင်နဲ့ ဗျာများရတဲ့ စော်လေးလေ။ ကျွန်တော်က FA မို့လားမသိ ရုပ်ရှင်တွေထဲ စော်ခပ်လန်းလန်းလေးတွေ ဒုက္ခရောက်တာ မြင်နေရရင် ရင်တမမနဲ့ ကြည့်ရတာ သဘောတွေကိုကျနေရော။နောက်ဆုံးမှာတော့ အဆင်ပြေစေချင်တဲ့စိတ်လေးလည်း ရှိပါတယ်လေ။ အခုတင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးထဲမှာလည်း ကောင်မလေးတယောက် ဘယ်လိုတွေ ဒုက္ခရောက်မလဲ ကြုံလာတဲ့ ဒုက္ခကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ဇာတ်လမ်းအကျဉ်း မီရာဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။ သူ့မင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံ သွားယူဖို့ တယောက်တည်း ကားတစီးနဲ့ သွားတဲ့အချိန်မှာ သူ့ရဲ့ EX ပေါ့ (EX ဆိုတာ ကောင်းကျိုးပေးတတ်တဲ့ အမျိုးမဟုတ်ဘူးလေ)။အဲဒီ EX က Suicide လုပ်ပါရော၊ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့ လူသေမှုကို လူသေစေမှုအဖြစ် ...
movie
Hello.. Meera..!(2023)
2023
4.4
Badrinath (2011)
Badrinath 2011 -----------------------------ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Badrinath (2011)
5.4
Ranga Ranga Vaibhavanga (2022)
Comedy, Drama, Romanceရီရှီနဲ့ ရာဒါဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်တည်း အချိန်အတူတူမွေးလာကြတဲ့သူတွေပေါ့ သူတို့ရဲ့အဖေတွေကလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အရင်းခေါက်ခေါက်တွေသူတို့ကလည်း ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ကြီးပြင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ အရမ်းချစ်ကြတဲ့သူတွေပေါ့ဒါပေမယ့် ချစ်ကြပေမယ့် မာနချင်းပြိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လို့လာခဲ့တယ် အဲဒါကတော့ သူတို့ အလယ်တန်းမှာ ကိစ္စတစ်ခုကြောင့် တစ်ယောက်ပါးတစ်ယောက် ရိုက်လိုက်မိရာက နင်စကားမပြောရင် ငါလည်းမပြောဘူးဆိုပြီး ဖြစ်သွားကြပြီး ကြီးတဲ့အထိ စကားမပြောဘဲ နေလာကြတာ ကောလိပ်ရောက်တဲ့အထိပါပဲရင်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့အချစ်တွေနဲ့ ရှိကြပေမယ့် မာနတွေကြောင့်သာ သူတို့ဝေးကွာနေခဲ့ကြတာပေါ့အဲဒီလိုနဲ့ အဲဒီလိုအရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ မာနတွေ ပြိုကွဲသွားစေမယ့်အရာက ဘာဖြစ်မလဲ အခေါ်အပြောမလုပ်ကြတဲ့ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်စကားစပြောတဲ့သူ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ မိသားစုဘဝ ဟာသလေးတွေနဲ့ပါ အချစ်ရိုမက်တစ်ရသကို အပြည့်ခံစားပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.9GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Sora
movie
Ranga Ranga Vaibhavanga (2022)
2022
5.1
F3: Fun and Frustration (2022)
ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။ File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie
F3: Fun and Frustration (2022)
2022