Channel Myanmar

Pooja Chopra

Jahaan Chaar Yaar (2022)
Jahaan Chaar Yaar (2022) Jahaan Chaar Yaar (2022) “ယောက်ျားတို့အဝေး”Genre – Comedy, Dramaတစ်အိမ်လုံးမှာ ယောက္ခမဖြစ်သူကလည်း ခိုင်းစား၊ ယောက်မဖြစ်သူကလည်း ခိုင်းစား၊ ကလေးတွေကလည်း ခိုင်းစား၊ ယောက်ျားဖြစ်သူကလည်း အိမ်ဖော်ငှားရင် ငွေကုန်တယ်ဆိုပြီး မိန်းမဖြစ်သူကို ခိုင်းစားလို့ နေ့စဉ် ပင်ပန်းပြီး စိတ်ညစ်နေရတဲ့ ရှီဗန်ဂီ။မိန်းမတွေ မကောင်းကြောင်း ပွစိပွစိပြောတတ်တဲ့ ယောက်ျားဖြစ်သူက လက်ပါတဲ့အတွက် အမြဲတမ်း ယောက်ျားဖက်က အမျိုးတွေနဲ့ ထထသတ်နေရပြီး အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ဆာကီနာ။ ယောက်ျားဖြစ်သူက ညညဆို မိုးချုပ်မှ ပြန်လာပြီး အရင်လို ဆက်ဆံရေးမရှိပဲ ဖောက်ပြန်နေတဲ့အပြင် ယောက္ခမကပါ ကြုံရင်နှိပ်ကွပ်ချင်နေလို့ စိတ်ပျက်နေတဲ့ နီဟာ။စတဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ရက်ကျ သူတို့တွေရဲ့ သူငယ်ချင်းဖြစ်တဲ့ မန်စီဟာ လောကကြီးမှာ အသက်ကြာကြာမရှင်ရတော့လို့ သေခါနီးအချိန်လေးမှာ ဒီ သူငယ်ချင်း ၃ ယောက်နဲ့ တွေ့ချင်ပါတယ်ဆိုပြီး ပလာတာတွေရိုက်ပြီး Ladies only ဘော်ဒါတသိုက် ခရီးတွေထွက် ကဲကြ စွန့်စားခန်းထွက်ကြတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသဒရမ်မာကားလေး ...
movie

Jahaan Chaar Yaar (2022)

Fashion (2008) 6.9
Fashion (2008) Fashion (2008) "အိပ်မက်များဆီသို့..." IMDb - 6.9/10ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.5GB Quality…BluRay 1080p /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie

Fashion (2008)

2023
Commando (2013) 6.0
Commando (2013)   ဒီတခါတော့ Bollywoodပရိတ်သတ်တွေအတွက် အလန်းစား စတန့်တွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းလေးကို တင်ဆက်ပေးထားပါတယ်။ ဒီကားတွေရဲ့ မင်းသား ဗီရွတ်ဂျမာဝဲလ်က စတန့်ခန်းတွေကို ကိုယ်တိုင်ကြိုးစားသရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိန္ဒိယစစ်တပ်ရဲ့ အထူးတပ်သားတွေဟာ လေ့ကျင့်ရေးဆင်းရင်း မုန်တိုင်းမိပြီး တရုတ်နယ်စပ်မှာ လေယာဉ်ပျက်ကျခဲ့ပါတယ်။ တပ်သားတွေထဲက ကရန်ဟာ တရုတ်စစ်တပ်ရဲ့ ဖမ်းစီးခြင်းကိုခံခဲ့ရပြီး တရုတ်အစိုးရကလည်း သူ့ကို စပိုင်တယောက်လို့ထင်ပြီး အမျိုးမျိုးညဉ်းပန်းနှိပ်စက်ပြီး စစ်ကြောပါတော့တယ့် တဖက်မှာလည်း အိန္ဒိယအစိုးရက နိုင်ငံရေးပြသနာတွေတက်မှာစိုးလို့ သူ့ကို မကယ်တော့ပါဘူ့း တရုတ်လက်လွတ်မြောက်ဖို့ ကြိုးစားခဲ့ရတယ့် ကွန်မန်ဒို တပ်သားကရန်ဟာ နယ်စပ်မှာ ဂိုဏ်းစတားတယောက်လက်က ထွက်ပြေးနေရတယ့် မိန်းကလေးတယောက်ကို ကူညီပေးလိုက်ရင်း ပြသနာအကြီးအကျယ်တတ်ပါတော့တယ်။ ဂိုဏ်စတားတွေလက်ထဲက မိန်းကလေးကို ကရန်တယောက် ဘယ်လိုကယ်တင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးပဲ ကြည့်လိုက်ပါတော့ အက်ရှင်ကြိုက် ပရိတ်သတ်တွေအနေနဲ့ လက်အလွတ်မခံသင့်ပါဘူ့း (ဘာသာပြန်သူကတော့ ကို စည်သူအောင်ပဲဖြစ်ပါတယ်) File Size : 900 MB Quality :  Bluray 720P Running Time : 1hr 54minutes Format : Mp4 Genre :    Action, Crime,Drama Encoder : Thanhtike Zaw
movie

Commando (2013)

2013