Channel Myanmar

Pitchaikaran Moorthy

Seeran (2025) 5.0
Seeran (2025) Seeran 2025 ("တောက်ပမည့်လူ")၂၀၂၅ မှာ လူမျိုးဘာသာမတူလို့ ခွဲခြားခံထားရတဲ့မိသားစုအကြောင်းရိုက်ကူးထားတဲ့ တမီးလ်စကားပြော ကားလေးတစ်ကားနဲ့ မိတ်ဆက်ပါရစေ။ ဒီကားထဲက သရုပ်ဆောင်ကာရိုက်တာဂျိမ်းစ်ကာသစ်က ဇာတ်ညွှန်းဆရာရော ပရိုဂျူဆာအနေနဲ့ ကြိုးပမ်းထားတဲ့ ကားလေးဖြစ်ပါတယ်။ရွာလေးတစ်ရွာမှာ လူတိုင်း ရွံ့မုန်းကြတဲ့ မိသားစုရဲ့သားက ရွာကနေ ထွက်သွားပြီးတော့ ချမ်းချမ်းသာသာ ပြန်လာပေမယ့် ရွာကလူတွေရဲ့ အကျင့်စရိုက်က ပြောင်းလဲသွားမလားဆိုတာကြည့်ရမှာဖြစ်ပြီး အတိတ်က သူတို့မိသားစုဘဝက ဘယ်လိုစိတ်ဆင်းရဲခဲ့ရပြီး နိမ်ချခံခဲ့ရလဲဆိုတာဂရုဏာသက်ဖွယ်မြင်တွေ့ရမှာပါ။ အဓိကက မျိုးရိုးနိမ့်လို့ ခွဲခြားခံရပေမယ့် တကယ်အောင်မြင်လာတဲ့လူတစ်ယောက်ဖြစ်လာတဲ့အခါ အယူအဆတွေ ဝေဖန်သံတွေက စင်ပေါ်ကနေ ပုရွက်ဆိတ်တွေအော်နေသလို ထိုင်ကြည့်နေရသလိုပါပဲ။သင်ခန်းစာယူဖွယ်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်လို့ စီအမ်မဆလာကနေ တင်ဆက်ဘာသာပြန်‌ထားပါသည်။ File size… 2.8 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM B Team
movie

Seeran (2025)

Harkara (2023) 9.3
Harkara (2023) Harkara (2023)IMDb-9.7/10ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ်အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့....လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ် File size…2.24GB / 1.03GB  Quality…1080p WEB DL /720p Format…mp4 Duration…2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alex ~ KKKZ ~ YH
movie

Harkara (2023)

2023
Pichaikkaran (2016) 7.6
Pichaikkaran (2016) Pichaikkaran (2016) IMDb-7.6/10မကြာသေးခင်က CMမှာ တက်ဆက်ပေးထားတဲ့ Pichaikkaran-2(2023)ရဲ့ရှေ့ကကားပါ။ Pichaikkaran1,2ဆိုပြီး ထွက်ရှိထားပေမယ့် တစ်ကားနဲ့တစ်ကား ချိတ်ဆက်ထားခြင်းမရှိပါဘူး။1ရော2ရောမှာ ဗီဂျေးပဲ သရုပ်ဆောင်ထားပါတယ်။ရုံတင်တုန်းက ၄၂ကုဋေကျော်ပြန်ရခဲ့ပြီး တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးတင်ဆက်ပေးထားတဲ့ဇာတ်ကားလေးပါ ဒုတိယကားကြည့်ပြီးလို့ နှစ်သက်တဲ့သူတွေ ဒီကားကို ပိုပြီးနှစ်သက်ကြမှာပါ။ဇာတ်ကားနာမည်ကိုက"သူတောင်းစား"တဲ့။အမေတစ်ယောက်ရဲ့ကျေးဇူးနဲ့ သားဖြစ်သူရဲ့သိတတ်မှုတို့ကို ဖော်ညွှန်းထားတဲ့အပြင် သူတောင်းစားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ပညာ ဆောင်ရန်ရှောင်ရန်လေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့အတွက် ခေတ်ပျက်ကြီးထဲမှာ ယူတတ်ရင်ပညာဆိုတာလို ပညာယူလို့ရတာပေါ့။အရွယ်ရောက်တဲ့ထိ အနှစ်နှစ်အလလပြုစု စောင့်ရှောက်လာခဲ့တဲ့ အမေဖြစ်သူ အက်ဆီးဒန့်တစ်ခုနဲ့ အိပ်ရာထဲလဲပါရော။အမျိုးမျိုးအဖုံဖုံကုသခဲ့ပေမယ့်လည်း နလန်မထူလာခဲ့ပါဘူး။ ဘုန်းတော်ကြီးတစ်ပါးရောက်လာပြီး ဗီဂျေးကို မိခင်ဖြစ်သူ နေပြန်ကောင်းစေချင်ရင် သူတောင်းစားစစ်စစ်ဘ၀နဲ့ ၄၈ရက်နေခိုင်းပါတယ်။ အဲဒီလိုနေနိုင်ခဲ့ရင် သူ့အမေ နေပြန်ကောင်းမယ်လို့ဆိုပါတယ်။ ဗီဂျေးတစ်ယောက် စီးပွားရေးကိစ္စတွေ အကုန်ပစ်ပြီး သူတောင်းစားတစ်ယောက်အနေနဲ့ ၄၈ရက်နေနိုင်မှာလား။ နေနိုင်ရင်ရော သူ့အမေက တကယ်ပဲနေပြန်ကောင်းလာမှာလားဆိုတာတော့ ဆက်လက်ရှုစားတော်မူပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Saii~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.64GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Saii~BpL~Yunni
movie

Pichaikkaran (2016)

2016