Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pietro Gian
7
Colonia (2015)
Colonia (2015)~ IMDb rating - 7/10 ~ကျွန်တော်တို့ အရွယ်ပတ်ချာလည် လူတိုင်းရဲ့ Crush စုန်းမလေး Emma Watson သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။ ချီလီနိုင်ငံမှာ တကယ်ရှိခဲ့တဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအခြေတည်ထားရာကတော့ ချီလီမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် အစိုးရနဲ့ ပြဿနာရှိတဲ့သူတွေကို ဖမ်းထည့်ပြီး နှိပ်စက် အစဖျောက်ပစ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Colonia Dignidad ဆိုတဲ့ လျှို့ဝှက် အကျဉ်းစခန်းတစ်ခုအကြောင်းပေါ့။ဇာတ်ကားမှာတော့ မမ Emma က လေယာဉ်မယ်။ သူ့ရဲ့ ရည်းစားက ချီလီမှာ ဆန္ဒပြတာကို ကူပေးနေတဲ့ ဓာတ်ပုံဆရာ။ သူတို့နှစ်ယောက် အာဏာသိမ်းတဲ့အချိန်နဲ့ကြုံပြီး နှစ်ယောက်လုံး ဖမ်းခံရတဲ့ထဲပါသွားတယ်။ဓာတ်ပုံဆရာက လှုပ်ရှားသူထဲမှာပါလို့ အဖမ်းခံလိုက်ရပြီး လေယာဉ်မယ်က လွတ်လာတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ စုံစမ်းကြည့်ရင်း ဘာသာရေးအဖွဲ့ဟန်ဆောင်ထားတဲ့ Colonia Dignidad ...
movie
Colonia (2015)
2015
7.7
Argentina, 1985 (2022)
Argentina, 1985 (2022)~ IMDb - 7.7/10, Rotten Tomatoes - 98% ~တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ...
movie
Argentina, 1985 (2022)
2022