Channel Myanmar

Philippe Peythieu

A Monster in Paris (2011) 6.7
A Monster in Paris (2011) ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီးIMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်‌‌ယောက်ကအိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက်စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီးအိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crushပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီးအဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူအဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့ကကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကိုသီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File ...
movie

A Monster in Paris (2011)

2011