Channel Myanmar

Pete Postlethwaite

The Lost World: Jurassic Park (1997) 6.5
The Lost World: Jurassic Park (1997) The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size ...
movie


1997
Romeo + Juliet (1996) 6.7
Romeo + Juliet (1996) Romeo + Juliet (1996)IMDb Rating (6.7) / Rotten Tomatoes (72 %)အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့ မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာ Star-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက်.. ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး " Romeo must die "လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ...
movie

Romeo + Juliet (1996)

1996
4K HEVC
Alien³ (1992) 6.4
Alien³ (1992)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien³ (1992)

1992
The Omen (2006) 5.5
The Omen (2006) The Omen (2006)_____IMDb - 5.5/10   ဒီကားလေး အကြောင်းကတော့ ညွှန်းစရာသိပ်မရှိသလိုပဲ။ကြည့်ကြည့်လိုက် ကောင်းမှန်းသိသွားလိမ့်မယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။IMDB Rating ကတော့ 5.5 ပဲရရှိထားတယ်ဆိုပေမယ့် Horror ကားအေးအေး ကောင်းကောင်းလေးတွေ ကြိုက်သူတွေအတွက် နှစ်သက်စရာဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ သံအမတ်တစ်ယောက်ဖြစ်တဲ့ Robert Thorn တစ်ယောက် သူ့မိန်းမကလေး ဆုံးသွားတာကို စိတ်ထိခိုက်မှာစိုးလို့ တခြားအချိန်တူတူမှာမွေးတဲ့ ကလေးတစ်ယောက်ကိုမွေးစားလိုက်ပါတယ်။အဲဒီကလေး ငါးနှစ်ပြည့်မွေးနေ့မှာ ကလေးထိန်း ကိုယ့်ကိုကိုယ်သတ်သေသွားရာကစပြီး ကလေးနဲ့ပတ်သက်လို့ ထူးခြားတာတွေတစ်ခုခြင်းကိုလိုက်စုံစမ်းရင်း ကလေးအကြောင်းကိုသိသွားတဲ့အခါမှာတော့....  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)     File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.5.1.x264 . NVEE Translated by d3mon Encoded by Thanhtike ...
movie

The Omen (2006)

2006
Solomon Kane 6.1
Solomon Kane Solomon Kane (2009) IMDb - 6.1/10_____Rotten - 67%    မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။    မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie

Solomon Kane

2009