Channel Myanmar

Parvathy Thiruvothu

Her (2024)
Her (2024) Her 2024 သူပြောတဲ့သူမတို့ဘဝဇာတ်ကြောင်းWomen centricဖြစ်တဲ့ရုပ်ရှင်တွေ သဘောကျသူတွေအတွက် 2024 ထွက် မလေယာလမ်ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။အခုဒီကားလေးထဲမှာတော့ မတူညီတဲ့လူတန်းစားအလွှာက အမျိုးသမီး ၅ ယောက်ရဲ့နေထိုင်မှုဘဝ ပတ်ဝန်းကျင်က သူတို့အပေါ်အမြင်နဲ့ သူတို့ရဲ့နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။အခုခေတ်ဟာ ကျားမတန်းတူ ရင်ဘောင်တန်း လှုပ်ရှားနေတဲ့ခေတ်ဆိုပေမဲ့ လူအများစုရဲ့ မသိစိတ်တစ်နေရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် တစ်ဆင့်နိမ့်နေတယ်ဆိုတဲ့ ဖိုဝါဒီအကြွင်းကျန်အယူအဆတွေ ကိန်းအောင်းနေဆဲပါပဲ။ဒီအတွက်နဲ့ အမျိုးသမီးတွေမှာ အနည်းနဲ့အများဆိုသလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု ဖိနှိပ်မှုတွေ၊ မိန်းမဆိုတာ ကိုယ့်ဘာသာမရပ်တည်နိုင်ပါဘူး၊ လင်ယောက်ျားကိုအားကိုးမှပဲတင့်တယ်မှာ အစရှိသဖြင့် ဒီလိုဝေဖန်မှုတွေကို အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ဒါတွေရဲ့အကျိုးဆက်အနေနဲ့ သူတို့ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာ၊ စိတ်မလုံခြုံတာတွေကို ဒီကားလေးမှာ အတော်လေးပေါ်လွင်အောင် ရိုက်ကူးထားတာ မြင်ရမှာပါ။ဒီရုပ်ရှင်လေးမှာ အမျိုးသမီးတွေလည်း လေးစားခံရမှု ဂရုစိုက်မှု အမြတ်တနိုးတန်ဖိုးထားမှုတွေနဲ့ ထိုက်တန်ပါတယ်ဆိုတာကို castတွေရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ တစေ့တစောင်း တင်ပြထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.2 GB / 625 MB Quality…WEB DL 1080p ...
movie

Her (2024)

Nayanthara: Beyond the Fairy Tale (2024)
Nayanthara: Beyond the Fairy Tale (2024) Nayanthara: Beyond the Fairy Tale (2024)အိန္ဒိယတောင်ပိုင်းရုပ်ရှင်နယ်ပယ်က လေဒီစူပါစတားလို့နာမည်ကြီးတဲ့ မင်းသမီးနာယန်သာရာအကြောင်းကို Netflixကနေ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတာပါ။အင်တာဗျူးသိပ်မဖြေတဲ့ မင်းသမီးတစ်ယောက်က ဘာလို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ လက်ခံခဲ့တာလဲဆိုတော့ လူတိုင်းကို နည်းနည်းလောက်ဖြစ်ဖြစ် ပျော်စေချင်လို့ပါတဲ့။တခြားသူတွေပျော်နေတာကိုမြင်ရတဲ့ ပျော်ရွှင်မှုလေးရစေချင်လို့တဲ့။ အဓိကကတော့ မင်းသမီးနာယန်သရာ တမီးလ်ရုပ်ရှင်ဒါရိုက်တာဗစ်ဂ်နက်ရှီဗန်နဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ကြပုံတွေနဲ့၊ နာယန်သရာရယ် ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.4 GB / 646 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nayanthara: Beyond the Fairy Tale (2024)

Thangalaan (2024) 7.1
Thangalaan (2024) Thangalaan 2024 ကျိန်စာသင့်ရွှေတွင်းIMDb 7.1/10ကာနာတာကာရဲ့ကိုလာရွှေတွင်းမှာ ‌ရွှေတူးသမားတွေ တွေ့ကြုံခဲ့ရတာကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ Box Office အနေနဲ့လည်း ₹100 crore ထိရရှိထားတဲ့ ၂၀၂၄ထွက် ဖြစ်ရပ်မှန်ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ချစ်မိသွားရင်ဘာမှမမြင်တတ်ကြတဲ့သဘာဝအတိုင်း မိန်းမသည်သာအရာရာဖြစ်နေတဲ့ သန်ဂန်လန် ကလေးတွေဆိုလည်း မိခင်ထက် ဖခင်ကိုပိုချစ်ကြပြီးအဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေက သူတို့ရဲ့အိပ်ဆေးပဲပေါ့ မိသားစုတွေဘဝကို အလုပ်လုပ်လိုက် ကြည်နူးလိုက်ဖြစ်နေချိန်မှာ ရွေတွင်းတူးဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လိုက်ပါတယ် ဒီရွှေတွင်းရဲ့သမိုင်းကိုပြောရရင်တော့။။။ပွန်နာမြစ်ဝန်းရံနေတဲ့အာနာမာလိုင်တောင်တစ်လုံး ဆင်နဲ့တူလို့ဒီလိုနာမည်ပေးထားတာဖြစ်ပြီး ဆင် ကျား ဝက်ဝံရိုင်းတွေရဲ့အသံတွေ ပဲ့တင်သံကြားရတဲ့ထိပေါများပါတယ် တိုင်းတစ်ပါးကရန်သူတွေကိုချေမှုန်းပြီး မြစ်ကိုဖြတ်သန်းလာတဲ့ဘုရင်က ဒီမြစ်မှာရွှေတူးသမားတွေနဲ့ဆုံခဲ့တယ် မြစ်ထဲမှာရှာနေတဲ့ရွှေတွေက လိုအပ်သူသာရဖို့ကျိန်စာသင့်နေပေမဲ့ ဘုရင်ကဒီရွှေကို အပိုင်သိမ်းချင်ခဲ့ပါတယ် ကျိန်စာသင့်တဲ့အတိုင်း ဘုရင့်လူတွေဆင်းရှာတော့ ဘယ်ရွှေမှမတွေ့ခဲ့ဘူးပေါ့ဒါပေမဲ့ပွန်နာမြစ်နဲ့မဝေးတဲ့တစ်နေရာမှာ ရွှေအတိဖြစ်နေတဲ့ကျောက်တုံးနဲ့ ရွေမြေတွေကို ကံကောင်းထောက်မစွာနဲ့တွေ့ခဲ့တယ် ဒီရွှေမြေကိုတော့ အာရသီဆိုတဲ့မှော်ဆရာမကစောင့်ရှောက်နေတာပါ တောအုပ်ရဲ့ခေါင်းဆောင် စိတ်ကိုအလိုရှိသလိုညှို့နိုင်စွမ်းရှိတဲ့သူမ..သူ့ကြောင့်ပဲဒီရွှေတွေကဘေးမသီရန်မခရှိနေခဲ့တာပါဒါပေမဲ့ လောဘသားတွေလက်အောက်မှာကျရှုံးခဲ့ရပြီး သူ့သွေးနဲ့ထိတဲ့ နယ်မြေတိုင်းကိုရွှေအတိဖြစ်စေခဲ့ပြီး ကျိန်စာတွေကလည်းဒီတိုင်းကျန်ရှိနေပြီး သမိုင်းကြောင်းကတစ်ခန်းရပ်ခဲ့တယ်မျက်မှောက်ကာလမှာတော့ ဒီရွေတွင်းကိုပြန်တူးဖော်ဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လေတော့ သန်ဂန်လန်တို့ရွာသားတွေက မဖြစ်မနေသွားဖို့အကြောင်းဖန်လာရာကနေ ဘယ်လိုအခက်အခဲတွေတွေ့ကြုံသွားရမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ KKKZ ~ Bluri တို့ပဲဖြစ်ပါတယ် ) File size… 3.5 GB / 1.69 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Thangalaan (2024)

Ullozhukku (2024) 7.9
Ullozhukku (2024) Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ)IMDb - 7.9/10ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 660MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ullozhukku (2024)

2024
Charlie (2015) 8
Charlie (2015) Charlie (2015)"ချာလီ" ===================တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.5GB / 1.18GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Charlie (2015)

2015
Kadak Singh (2023) 7.4
Kadak Singh (2023) Kadak Singh (2023) "မှတ်ဉာဏ်ဝင်္ကပါ" IMDb-7.4/10OMG 2(2023) Ludo(2020) Mimi(2021) စတဲ့ ရုပ်ရှင်တွေထဲက မင်းသားကြီး Pankaj Tripathi ရဲ့ family drama ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာ မင်းသားကြီး Pankaj Tripathi ကို လုံးဝကွဲထွက်နေတဲ့characterနှစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်သလို family dramaဆိုတဲ့အတိုင်း အတွေး အဆွေးရသစုံ ခံစားရမှာဖြစ်လို့ dramaချစ်သူတွေ လက်လွတ်မခံသင့်ပါကြောင်း...အေကေရှရီဗာစတာဟာ ငွေကြေးလိမ်လည်မှုတွေကိုဖော်ထုတ်တဲ့ဌာနက ရိုးသားတဲ့ရဲအရာရှိတစ်ယောက်၊ အလုပ်ကိုချစ်လွန်း အလုပ်ကိုတန်ဖိုးထားလွန်းတော့ မိသားစုအရေးကိုလည်းအရေးမစိုက် လူမှုရေးဆိုလည်းပျက်ကွက်တဲ့ စည်းကမ်းတင်းကြပ်တဲ့ စာအုပ်လိုအဖေတစ်ယောက် အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ထစ်ခနဲဆို ဆူပူမြည်တွန်တောက်တီးနေတတ်လို့ ကလေးနှစ်ယောက်က ကဒက်ဆင်းဂ်(ခက်ထန်လွန်းသူကြီး)လို့ နာမည်ပေးတဲ့အထိပါပဲ။မိုးလင်းမိုးချုပ်အလုပ်ပဲသိတာကြောင့် မိသားစုနဲ့ကကြားမှာလည်း အဆက်ပြတ်နေတာဆိုတော့ မိသားစုအတွက် အရာရာလုပ်ပေးနေတဲ့ ဇနီးဖြစ်သူဆုံးသွားချိန်မှာ‌တော့ အေကေအတွက်ရော ကလေးတွေအတွက်ပါ အဆင်မပြေဖြစ်လာပါတော့တယ်။ ကုဋေ ၉၀၀ ငွေကြေးလိမ်လည်မှုဖြစ်ထားတဲ့ Chit Fundကိစ္စကိုစုံစမ်းရင်းနဲ့ မိသားစုဘက်ကိုမလှည့်နိုင်၊ တစ်ခုခုဆို ဆူပူရိုက်နှက်ဖို့လောက်ပဲသိတဲ့ ရှရီဗာစတာတစ်ယောက် အမှုစုံစမ်းလို့ရခါနီးမှာ ရုတ်တရင်ဆေးရုံပေါ်နိုးလာပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့နေတဲ့ ရှရီဗာစတာကတော့ ...
movie

Kadak Singh (2023)

2023
Puzhu (2022) 6.5
Puzhu (2022) Puzhu (2022) ပုံမှန်အိန္ဒိယရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ တကယ်ကောင်းတဲ့ ဒရမ်မာကားတစ်ကားပါ။ ‌ခါတိုင်းလို မင်းသား၊ မင်းသမီး ချစ်ကြိုက်ကွဲညားတို့၊ လန်ထွက်နေတဲ့ အက်ရှင်ခန်းတွေတို့၊ ပညာပေးတို့ မပါဘဲ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ စီးမျောခံစားလို့ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။စီးပွားရေးလုပ်နေတဲ့ ရဲအရာရှိဟောင်း၊ မုဆိုးဖို၊ single father ဖြစ်တဲ့ ကူတန်ဟာ ဇာတ်နိမ့်ပြဇာတ်သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်သွားတဲ့ ညီမဖြစ်သူကို သေခန်းဖြတ်ခဲ့ပေမဲ့ သူ့ညီမက သူတို့သားအဖ‌နေတဲ့ အိမ်ရာကို ယာယီပြောင်းလာတဲ့အခါမှာတော့ အနယ်မထိုင်သေးတဲ့ မုန်းတီးရွံရှာမှုတွေ၊ အရှက်ရမှုတွေဟာ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ဒါ့အပြင် သားအပေါ်မှာ တင်းကြပ်လှပြီး လက်မခံနိုင်ဖွယ် ချုပ်ချယ်မှုတွေနဲ့ အုပ်ထိန်းနေတဲ့သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားနေတ‌ယ်လို့ ယုံကြည်လာတဲ့အခါမှာ အနီးဝန်းကျင်က လူတိုင်းကိုလည်း သံသယဝင်လာရပါတော့တယ်။အထီးကျန်ဆန်တဲ့ အဖော်ကင်းမဲ့မှုဟာ ဝန်မခံချင်ရင်တောင်မှ ရင်ထဲမှာ လစ်ဟာနေသလို ခံစားစေရပြီး၊ တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပြီး လူ့ဂွစာတစ်ယောက်ဖြစ်‌စေတတ်တာလည်း သိကြမှာပါပဲ။ဒီကားမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ကူတန်ရဲ့ အဖော်ကင်းမဲ့မှု၊ တယူသန်ရှေးရိုးစွဲမှုတွေနဲ့ ဟိန္ဒူဇာတ်နိမ့်၊ ...
movie

Puzhu (2022)

2022
Take Off (2017)
Take Off (2017) Take Off (2017) ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ...
movie

Take Off (2017)

2017
HEVC 1080p 5.1