Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Ji-hwan
6.7
The Battle: Roar to Victory(2019)အညွှန်း************************************(zawgyi)ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ဂျပန် တွေ သိမ်းပိုက်စဉ်ကာလကို အခြေပြုရိုက်ကူးထားတာပါ..... ဂျပန်တွေရဲ့ရက်စက်မှုတွေဟာ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးက ရှုံချရလောက်အောင် ဆိုးသွမ်းလွန်းပါတယ်.... သိမ်းပိုက်စဉ်ကာလမှာ ကိုးရီးယားစစ်တပ်တင်မဟုတ်ဘဲ ပြည်သူတွေကပါ တတ်စွမ်းသရွေ့ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ကြပါတယ်... ဒီကားကတော့ အဖွဲ့ သား၁၆ယောက်နဲ့ ဂျပန် အယောက် ၅၀၀ကို ပြောက်ကျားစစ်ဟန်သုံးပြီး တိုက်ထုတ်ခဲ့တာကို ရိုက်ပြထားတာပါ.... ဒီ ၁၆ ယောက်ဟာ နာကျဉ်းချက်ကိုယ်စီနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့အရည်အချင်းတွေ ကိုအသုံးချပြီး ကျားနာတွေလို ဂျပန်ကို ဆော်ကြတာ တကယ့်ကို အားရစရာကြီးတွေပါ... ဇာတ်လမ်းအစကနေ အဆုံးထိကို စစ်ပွဲတစ်ပွဲပြီး တစ်ပွဲ.... ပြောက်ကျားစစ်ဟန်တွေရယ်...အရေးကြီးခေါင်းဆောင်တွေကို စနိုက်ပါတွေနဲ့ချောင်းမြောင်းပစ်ခတ်တာတွေ ...ဂျပန်စစ်ခေါင်းဆောင်တွေနဲ့ စစ်ဗျူဟာ ပြိုင်ဆိုင်ခန်းတွေနဲ့.... တော်တော်ကြီးကို မိုက်ပါတယ်... နောက်တစ်ခုက ရိုက်ချက်တွေက တော်တော်ကိုမိုက်သလို ကိုရီးယားစစ်သားတွေရဲ့ နာကျဉ်းချက်အောက်က ဓားချက် သေနတ်ချက်အောက် မှာ အသက်ပျောက်သွားတဲ့ ဂျပန်တွေရဲ့ပုံကိုလည်း ထင်သာမြင်သာအောင် ပြထားတာက အားရစရာကြီးတွေပါပဲ....... ခံစားကြည့်လိုက်ပါဦး... သရုပ်ဆောင်တွေက နာမည်ကြီးသရုပ်ဆောင်တွေကြီးပါတဲ့အပြင် ပြသချိန် ၂ နာရီကျော်မှာလည်း အီသွားတာကိုမရှိသလောက်ပါပဲ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thinzar Htet ပဲဖြစ်ပါတယ်.....(unicode)ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ...
movie
The Battle: Roar to Victory(2019)
2019
7.4
Way Back Home (2013)
ဒီဇာတ်ကားအကြောင်းကိုမပြောခင် ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ၁ ဆုရထားတယ်လို့ပြောပြထားပါရစေ ဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ် ကြိုပြီးသတိပေးချင်တာကတော့ ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင် ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့ ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့ တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကို ပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့ ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှ ငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ အမှန်တရားကို ချပြပေးရပါတယ် ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ ထားပါတော့ ဇာတ်လမ်းကိုသွားရအောင် သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့ ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့ အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့ ၀မ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့ မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့ သတ်သေဖို့ထိတောင်တွေးမိပေမယ့် သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက် နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့ ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ XCode မှ တင်ဆက်ပေးထားပါတယ်
movie
Way Back Home (2013)
2013
N/A
Unstoppable (2018)
ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီး အေးအတူ ပူအမျှ နေတက်ကြသူတွေပါ ဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ် ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက် သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်... ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့ အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင် မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါ မိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီး အေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ... တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကို ကံကြမ္မာဆိုး တစ်ခု ၀င်ရောက်လာပါတယ်... ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သား စကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီး ပြန်သွားခဲ့ပါတယ်.... စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲ ရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီ အိမ်ထဲထိ ၀င်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်.... ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့ အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ... ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ်
movie
Unstoppable (2018)
2018