Channel Myanmar

Pakho Chau

Turn Heaven and Earth Upside Down ( 2024 ) 5.9
Turn Heaven and Earth Upside Down ( 2024 ) ဒီဇာတ်ကားလေးကတော့ စွန်းဝူခုန်းနဲ့တန်းတူစွမ်းအားကြီးတဲ့ မျောက်တစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။ သူကတော့နားရွက်(၆)ဖက်ရှိတဲ့မျောက်နီမျိုးနွယ်ဘုရင်တစ်ပါးဖြစ်ပြီးတော့ စစ်မက်လိုလားတဲ့သူတစ်ယောက်ဖြစ်တယ်။သူ့ရဲ့လောဘစိတ်ကြောင့် ကျန်တဲ့အင်အားကြီးမျောက်မျိုးနွယ်တွေကို အနိုင်ယူခဲ့ပြီး နောက်ဆုံးမှာအောင်နိုင်ခြင်းဘုရားကိုပါအနိုင်ယူခဲ့တယ်။ (စွန်းဝူခုန်းကအနောက်အရပ်ကပြန်လာပြီးနောက်ပိုင်း တရုတ်ကျမ်းစာအရဘုရား၃၅ဆူထဲက နောက်ဆုံးဘုရားဖြစ်တဲ့ အောင်နိုင်ခြင်းဘုရားဖြစ်သွားတယ်လို့ဆိုတယ်) သူကသူရဲကောင်းကြီးကိုအနိုင်ယူလိုက်ပေမယ့် သူထင်သလိုမပျော်နိုင်ပဲ ဗလာဆန်ပြီးအထီးကျန်ဘဝနဲ့နေနေရတယ်။တစ်နေ့မှာတော့ သူ့ကိုယ်သူအောင်နိုင်ခြင်းဘုရားပါဆိုပြီး ကြွေးကျော်ပြီးရောက်တာတဲ့ကောင်လေးတစ်ယောက်ကြောင့် သူ့ဘဝဟာပြောင်းလဲလာပါတော့တယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Turn Heaven and Earth Upside Down ( 2024 )

The Four Monkeys: The Return of Sun Wukong (2021) 6.5
The Four Monkeys: The Return of Sun Wukong (2021) စွန်းဝူခုန်းရဲ့ စွန့်စားခန်းတွေပဲကြည့်ပြီးတော့ ငြီးငွေ့နေပြီလား ?? ဒီတစ်ခါ စွန်းဝူခုန်းရဲ့ အချစ်အကြောင်းလေး ကြည့်ကြမလားနော် ? အရင်ဇာတ်လမ်းနဲ့မတူ တကယ်မိုက်တဲ့ကားလေးတစ်ကားပါ ။ စွန်းဝူခုန်းကို ဒီကားထဲမှာ လင်းမင်မျောက်မင်း လို့ခေါ်ပါတယ်... ကျောက်ကနေပြောင်းလဲလာတဲ့မျောက်ပေါ့....ဇာတ်လိုက်ကျော်မျောက်မင်းက လူတွေကိုအရမ်းကူညီတတ်ပါတယ်။ ဆုတောင်းတွေလည်း ဖြည့်ပေးတယ်။ တစ်ရက်ကို သုံးသောင်းရှစ်ထောင် သောဆုတောင်းတွေကို ပတ်ဖြည့်ပေးနေတာတဲ့ ။ ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိတာပေါ့ ။ အပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း အဲ့ဒါကိုမနာလိုတဲ့ နတ်ဒေဝါတွေလည်းရှိသတဲ့။တစ်နေ့မှာတော့ ရွာကိုမိုးရွာပေးဖို့ ဆုတောင်းလာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထိပ်တိုက်တိုးပါလေရော... မျောက်မင်းကလည်း ဆုတောင်းတွေအကုန်ပြည့်စေရမယ်လို့ပြောသွားပါတယ်။ဒါပေမဲ့လည်း.. ဒါပေမဲ့လည်းပေါ့...တစ်ရက်မှာ သုံးသောင်းရှစ်ထောင်သော ဆုတောင်းတွေကြားထဲမှာ ကောင်မလေးတစ်ယောက်ရဲ့ ဆုတောင်းကဘယ်လိုဖြစ်သွားမလဲ.... မျောက်မင်းကိုမနာလိုနေတဲ့ နတ်ဒေဝါ တွေကရော ဘယ်လိုအကောက်ကြံမလဲဆိုတာ အချစ်ဒရာမာလေးကတစ်ဖက် တိုက်ခိုက်မှုတွေကတစ်ဖက်နဲ့ မရိုးနိုင်အောင်ကြည့်ရမယ့်ကားလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်နော်.... Translated by : JoJo VaEncoded by; YKFile Size : 1.2GB ...
movie

The Four Monkeys: The Return of Sun Wukong (2021)

2021
Imprisonment ( 2019 ) 5.8
Imprisonment ( 2019 ) ဒီတစ်ခေါက်ကတော့ အိမ်တွင်းစုံထောက်လုပ်ချင်ကြသူတွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးက နာမည်ကြီး ရုပ်သံတင်ဆက်သူ ရန်ကျီဟောက်နဲ့စရမှာပေါ့။သူက အွန်လိုင်းစာမျက်နှာတိုင်းမှာ နာမည်ကြီးလောက်အောင်အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ဆိုပေမယ့် မတော်တဆမှုတစ်ခုကြောင့်နာမည်ထိုးကျသွားပါတယ်။ ဘာမတော်တဆဆိုတာတော့ သေချာမပြောပြထားပါဘူး။ဒါက အရေးကြီးတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ကောင်းခန်းက ဒီမှာစပြီ။ နေ့ခင်းကြောင်တောင် လမ်းလယ်ကောင်မှာလှလှပပ လျှောက်လှမ်းလာတဲ့ အမျိုးသမီးတစ်ဦး ရုတ်တရက်ကြီးမျက်နှာအုပ်က ဖမ်းခေါ်ခံလိုက်ရပါတယ်။ ဒီအမျိုးသမီးက စိတ်ကျန်းမာရေးဆေးရုံလို့ပြောရမလားစိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားရေးစင်တာခေါ်ရမလား အဲ့လို အိမ်ပျက်ကြီးမှာ အချုပ်ခံလိုက်ရပါတယ်။ဇာတ်လမ်းက ဒီလိုနဲ့စတာပေါ့နော်။ အဲ့အမျိုးသမီးကို ပတ်တီးတွေအပြည့်နဲ့နာမည်ကျနေတဲ့ တင်ဆက်သူဟောင်း ရန်ကျီဟောက်လည်းတွေ့ရော... ဇာတ်လမ်းကြည့်သူတွေအတွက် စုံထောက်ခန်းစတာပေါ့နော်။ကဲ စုံထောက်ကြီးတို့ အမှုဖော်ဖို့ ဇာတ်ကားလေး ဒေါင်းကြည့်လိုက်တော့နော်...Translated & Review By Chu ChuEncoded By LK
movie

Imprisonment ( 2019 )